သရက်ချောင်း၊ ဘုတ်တောင်ရွာအနီး စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
diz_admin
December 30, 2022သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်ရွာအနီး ၄၇ မိုင်နှင့် ၄၈ မိုင်အကြားတွင် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း ဒီဇင်ဘာလ ၂၉ ရက် ညနေ ၄နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အင်အား ၇၀ ခန့်ရှိသည့် အဆိုပါစစ်ကြောင်းသည် သေနတ်များပစ်ဖောက်ကာ ပုလောဘက်ကို သွားနေခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံအချို့က ဆိုသည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကမူ ညနေ ၅ နာရီအထိ ပစ်ခတ်နေခဲ့ကြောင်း ဒေသခံအချို့ထံ၏ ပြောပြချက်အရ သိရသည်။ “ပစ်သံတွေကတော့ ညနေအထိ ကြားရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု ကြားသိရသော်လည်း မည်မျှထိခိုက်သွားသည်ကိုမူ တိတိကျကျ မသိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ […]


