လောင်းလုံး ညင်းမော်ရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်
Dawei Watch
November 11, 2025လောင်းလုံးမြို့ နယ်၊ ညင်းမော်ကျေးရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်ပစ်ခတ်မှု ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့မှ နိုဝင်ဘာလ ၁၀ရက် နံနက်ပိုင်းကစ၍ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တို့က တိုက်ခိုက်ရာမှ ယင်းနေ့ ညနေပိုင်းတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “တိုက်ပွဲက ညနေ ၄ နာရီကျော်လောက်မှာ စဖြစ်တယ်။ နာရီဝက်လောက် ပစ်ကြပြီး ငြိမ်သွားတယ်။ ညဘက် လက်နက်ကြီး ပစ်သံတွေလည်း ကြားရသေးတယ်” ဟု ၎င်းက ဆိုသည်။ နှစ်ဖက် ပစ်ခတ်မှုအတွင်း ထားဝယ်မြို့ရှိ စစ်အာဏာရှင်တပ်၏ အမြောက်တပ်နှင့် ညင်းမော်ကျေးရွာ၏ အနောက်ဘက် ပင်လယ်ပြင်ရှိ စစ်သင်္ဘောတို့က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ည ၁၀ နာရီလောက် ထားဝယ်မြို့ […]


