ထားဝယ်-ထီးခီးလမ်းပိုင်းကို တစ်လပိတ်၊ မသင်္ကာဖွယ်ရာများကို ပစ်ခတ်မည်ဟုသတိပေး
diz_admin
September 6, 2022ထားဝယ်-ထီးခီး အရှေ့တောနယ်လမ်းပိုင်းကို တစ်လပိတ်လိုက်ပြီး မသင်္ကာဖွယ်ရာများအားလုံးကို ပစ်ခတ်ရှင်းလင်း မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက ယနေ့ (စက်တင်ဘာ ၆) သတိပေးစာ ထုတ်ပြန်လိုက်သည်။ အဆိုပါ လမ်းကြောင်းကို စက်တင်ဘာ ၆ ရက်မှစတင်ကာ အောက်တိုဘာ ၅ ရက်နေ့အထိ တစ်လပိတ်မည်ဖြစ်ပြီး နံနက် ၆နာရီမှ ညနေ ၆နာရီအတွင်း (လုံးဝ) ဖြတ်သန်းသွားလာခြင်းမပြုကြောင်း ထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်ကို လိုက်နာပေးကြပါရန်လည်း မေတ္တာရပ်ခံထားသည်။ အသိပေးထုတ်ပြန်ချက်ကို လိုက်နာမှုမရှိဘဲ ဖြတ်သန်းသွားလာသူများကို စစ်ကောင်စီနှင့် ပတ်သက်မှုတစ်စုံတစ်ရာ ရှိသူဟုယူဆပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ဆေးခြင်းခံရမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မလိုက်နာဘဲ ဖြတ်သန်းသွားလာမှုကြောင့် တစ်စုံတစ်ရာထိခိုက်လျှင် (လုံးဝ) တာဝန်ယူမည်မဟုတ်ဘဲ မသင်္ကာဖွယ်ရာ အားလုံးကို ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးနှင့် Kaw Thoo Lei Army […]


