မင်းသားရွာက မီးလောင်ပျက်စီးသည့် သက်တမ်းရင့်ကျွန်းသစ်သားကျောင်းဆောင် အသစ်ပြန်ဆောက်မည်
diz_admin
January 8, 2023ရေဖြူမြို့နယ် မင်းသားကျေးရွာမှာ မီးလောင်ပျက်စီးသွားသော နှစ်သုံးဆယ်ကျော်သက်တမ်းရှိ ကျွန်းသစ်သား ကျောင်းဆောင်နေရာတွင် ကွန်ကရစ်ဖြင့် ကျောင်းဆောင်အသစ်ပြန်လည်ဆောက်လုပ်ရန်စီစဉ်လျှက်ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဘယဝိသုဒ္ဓိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းက ကျွန်းသစ်သားကျောင်းဆောင်ကြီးမှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်က မီးလောင်ပြီးပျက်စီးသွားခဲ့သည်။ ကျောင်းဆောင်အတွင်းရှိ ဆိုလာပြားနှင့် အားသွင်းထားသည့် ဘတ္တရီပေါက်ကွဲမှုဖြစ်ပြီး မီးစတင်လောင်ခြင်း ဖြစ်ကြောင်း ဒေသခံရွာသားတဦးက ပြောသည်။ မီးစတင်လောင်ချိန် ကျောင်းတွင် ဆရာတော်နှင့် အခြားဘုန်းတော်ကြီးများ ကွမ်းသီးကောက်သွားနေသဖြင့် ကျောင်းစောင့်ကိုရင် နှစ်ပါးသာ ကျန်ခဲ့သည်ဟု သိရပါသည်။ “မီးလောင်ပြီး ကျောင်းကတော့ ပြာကျသွားတယ်။ ဆရာတော်မှာရှိတဲ့ ငွေနည်းနည်းပါးပါးတော့ မီးထဲပါသွားတယ်” ဟု ၎င်းက ဆိုသည်။ မီးလောင်သွားသည့် ကျောင်းဆောင် ပြန်လည်တည်ဆောက်ရန်အတွက် ကံပေါက်တိုက်နယ်က သံဃာတော်များ စုပေါင်းပြီး ငွေသား ကျပ်သိန်းရှစ်ဆယ်ကျော်ကို ဇန်နဝါရီလ ၇ ရက်တွင် […]


