လူမှောင်ခိုပို့ဆောင်နေသည့် ပွဲစားကားများ ထားဝယ်-ထီးခီးလမ်းပိုင်း အသုံးပြုခွင့် ယာယီပိတ်ကြောင်းကြေညာ
diz_admin
January 10, 2023ထိုင်းနှင့် မလေးရှားနိုင်ငံကို လူမှောင်ခိုပို့ဆောင်နေသည့်ကား၊ ဆိုင်ကယ်၊ မီနီအိုးဝေနှင့် သံတိုသံစဝယ်ယူနေသည့် သုံးဘီးယာဉ်များအားလုံး ထားဝယ်အရှေ့တောဒေသရှိ ထားဝယ်-ထီးခီးလမ်းပိုင်း အသုံးပြုခွင့် ယာယီပိတ်လိုက်ကြောင်း ဥဩစစ်ကြောင်း(ထားဝယ်) က ယနေ့(ဇန်နဝါရီ ၁၀) ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။ အရှေ့တောဒေသတွင် လတ်တလောဖြစ်ပွားနေသည့် စစ်ရေးအခြေအနေအရ အဆိုပါလမ်းကြောင်း အသုံးပြုခြင်းကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ လုံးဝဖြတ်သန်းခွင့်မပြုကြောင်း မေတ္တာရပ်ခံ သတိပေးကြေညာခြင်းဖြစ်သည်။ ယင်းအပြင် အခြားယာဉ်များ ဖြတ်သန်းသွားလာခြင်းကိုလည်း မနက် ၅ နာရီမှ ညနေ ၆ နာရီအတွင်းသာ ဖြတ်သန်းကြရန်နှင့် အမိုးအကာများ ဖုံးအုပ်သွားလာခြင်း၊ အိမ်စီးကားများ မှန်တင်သွားလာခြင်း မပြုကြရန်လည်း အသိပေးကြေညာထားသည်။ ပကာရီကျေးရွာမှ ဝကုန်းကျေးရွာကြားတွင် အချိန်အခါမရွေး တိုက်ပွဲဖြစ်ပွားနိုင်သဖြင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန်လည်း အသိပေးကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။ […]


