ထားဝယ်လူငယ်သပိတ်ကော်မတီဝင်နှစ်ဦး အဖမ်းခံရ
diz_admin
September 10, 2022ထားဝယ်လူငယ်များ၏ တော်လှန်ရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် နှစ်ဦး အဖမ်းခံရကြောင်း ယင်းကော်မတီက ယနေ့ (စက်တင်ဘာ ၁၀) တွင် သတင်းထုတ်ပြန်သည်။ ထားဝယ်လူငယ်သပိတ်ကော်မတီက အသက် ၁၈ နှစ်အရွယ် ကိုအောင်ကိုကိုလွင်မှာ စက်တင်ဘာလ ၉ ရက်က လမ်းတစ်နေရာတွင် အဖမ်းခံပြီး အသက် ၂၀ ဝန်းကျင်အရွယ် ကိုဟိန်းဇေအောင်မှာ ထားဝယ်မြို့၊ ပုံကျွန်းလမ်းရှိ ၎င်း၏ နေအိမ်တွင် ဖမ်းဆီးခံရကြောင်း အထက်ပါ ကော်မတီမှ တာဝန်ရှိတစ်ဦးက ပြောသည်။ ကိုအောင်ကိုကိုလွင်မှာ မည်သည့်နေရာတွင် မည်သည့်အချိန်၌ အဖမ်းခံရသည်ဆိုသည်ကို မနေ့က ညပိုင်းအထိ အတိအကျ မသိသေးကြောင်း ၎င်းက ဆိုသည်။ သို့သော် ကိုအောင်ကိုကိုလွင်မှာ ယနေ့ နံနက် ၆နာရီခန့်တွင် လက်နောက်ပြန် လက်ထိပ်ခတ်ခံထားရပြီး ကိုဟိန်းဇေအောင်၏ နေအိမ်ရှေ့သို့ လာခေါ်ချိန်မှ ဖမ်းဆီးခံထားရသည်ကို […]


