ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ် ပေါက်တိုင်းရွာက ရပ်မိရပ်ဖသုံးဦး အဖမ်းခံရ

diz_admin

March 3, 2023

ထားဝယ်မြို့အထွက်ဝရှိ ပေါက်တိုင်းရွာက အမျိုးသား သုံးဦးကို စစ်ကောင်စီတပ်က မတ်လ ၂ ရက်တွင် ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။ အဖမ်းခံရသူများမှာ ဦးတင်စိုး၊ ဦးသက်ရှိန်နှင့် ဦးခင်မောင်ကျော်တို့ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “အရပ်ဝတ်နဲ့ Vigo သုံးစီးရောက်လာပြီး ရွာထဲက အိမ်သုံးအိမ်ကို ဝင်စီးပြီးရှာတယ်။ ပြီးတော့ အဲဒီအိမ်တွေက လူကြီး သုံးယောက်ကို ခေါ်သွားပြီး ဖုန်းနဲ့ ပိုက်ဆံတွေလည်းယူသွားတယ်” ဟု ပေါက်တိုင်းရွာသားတဦးက ပြောသည်။ ဖမ်းဆီးခံရသူတို့မှာ အေးအေးဆေးဆေးနေတတ်သည့် ရပ်မိ၊ ရပ်ဖများဖြစ်ကြပြီး မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသည်ကိုမူ မသိသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ၎င်းအမျိုးသား သုံးဦး အဖမ်းမခံရမီ မတ်လ ၁ ရက် ည ၉ နာရီခန့်ကမူ ပေါက်တိုင်းရွာတွင် ပေါက်ကွဲသံ တစ်ချက်ထွက်ပေါ်ပြီးနောက် […]

လောင်းလုံးတွင် သစ်ပင်ခုတ်လှဲသည့် အမျိုးသား သစ်ကိုင်းရိုက်မိပြီးသေဆုံး

diz_admin

March 2, 2023

လောင်းလုံးမြို့နယ် သဲပုံရွာတွင် မတ်လ ၁ ရက် နေ့လည်ပိုင်းက သစ်ပင်ခုတ်လှဲသည့် အမျိုးသားတစ်ဦး သစ်ကိုင်းဖြင့် မတော်တဆ ရိုက်မိပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင်အရွယ်ရှိပြီး မင်းရပ်ရွာသားဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ နေအိမ်ဆောက်လုပ်ရာတွင် သစ်အဖြစ်အသုံးပြုရန် ဒေသခံတစ်ဦးက အခကြေးငွေပေး၍ အဆိုပါအမျိုးသားအား သစ်ပင်ခုတ်လှဲခိုင်းခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ သစ်ပင်ခုတ်လှဲရာတွင် ဦးခေါင်းနောက်စေ့ကို သစ်ကိုင်းရိုက်မိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “သစ်ပင်က အောက်ခြေပြတ်နေပြီ။ နွယ်ပင်ပေါ်တင်နေလို့ အောက်ကိုကျအောင်လုပ်ရာကနေ မတော်တဆ ဖြစ်သွားတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ ဒဏ်ရာဖြင့် မေ့မြောနေသည့် အဆိုပါအမျိုးသားအား ထားဝယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း လမ်းခရီး၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထို့နောက်အဆိုပါအမျိုးသား၏ ရုပ်အလောင်းအား နေအိမ်သို့ပြန်လည်သယ်ဆောင်လာပြီး […]

ရငဲရွာသားတစ်ဦးကိုပစ်သတ်ပြီး ငွေကြေးယူဆောင်သူများမှာ သရက်ချောင်း ပကဖ အဖွဲ့မဟုတ်ဟုထုတ်ပြန်

diz_admin

March 1, 2023

သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် လက်နက်ကိုင်လူတစ်စုက အမျိုးသားတစ်ဦးကို ပစ်သတ်ပြီး အခြားဒေသခံ နှစ်ဦးထံမှ ငွေကြေးတောင်းခံသည့်ဖြစ်စဉ်သည် သရက်ချောင်းမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်များလုပ်ဆောင်ခြင်း မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၂၁ ရက်က ရငဲကျေးရွာသို့ လက်နက်ကိုင်လူတစ်စုရောက်လာပြီး မူယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု ထုတ်ပြန်တွင် ဖော်ပြသည်။ ထိုသို့စစ်ဆေးစဉ် အမျိုးသားတစ်ဦးမှာ ထွက်ပြေးသဖြင့် ပစ်ခတ်လိုက်ရာ သေဆုံးသွားပြီး အခြားဒေသခံနှစ်ဦးထံမှ လည်း အဆိုပါလက်နက်ကိုင်အဖွဲ့က ငွေကျပ် သိန်း ၃ဝစီ တောင်းယူသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းဖြစ်စဉ်ပါဝင်သူများမှာ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ မဟုတ်ကြောင်း သရက်ချောင်း မြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၇ ဖွဲ့ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၂၇ ရက်က ထုတ်ပြန် ထားခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ဟု သုံးနှုန်းထားပြီး […]

လောင်းလုံးတွင် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး မထိုပေး၊ ထားဝယ်တွင် လာရောက်ထိုးနှံနိုင်ဟုဆို

diz_admin

February 28, 2023

လောင်းလုံးမြို့နယ်ဆေးရုံတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း မရှိတော့ကြောင်း ကျန်းမာရေးဌာနနှင့် ကိုယ်တိုင်ကာကွယ်ဆေးသွားထိုးသူအချို့က ပြောသည်။ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းလုံးမြို့နယ်ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းအခက်အခဲကြောင့် ပုံမှန်ကုသရေး လုပ်ငန်းအချို့ ကုသပေးခြင်းရပ်နားထားသော်လည်း ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကိုမူ လတိုင်း ထိုးနှံပေးလျှက်ရှိသည်။ ယခုနှစ် ယခုဖေဖော်ဝါရီလတွင်မူ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကိုပင် ရပ်နားလိုက်ခြင်းဖြစ်သည်။ “ကာကွယ်ဆေးထိုးအဖွဲ့က ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့လို့ နားလိုက်ရတယ်ဆိုပြီး ပြောလိုက်တယ်။ ကိုယ့်ဘာသာ အဆင်ပြေတဲ့နေရာ ရှာပြီးပဲထိုးလိုက်ပါဆိုပြီး (ဆေးရုံ ကျန်းမာရေးဝန်ထမ်းက) ပြောလိုက်တယ်။ အဲဒါကြောင့် ဆေးမထိုးဘဲပြန်လာရတာ” ဟု ဖေဖော်ဝါရီလထဲ ကာကွယ်ဆေးသွားထိုး‌သည့် မိခင်တစ်ဦးက ဆိုသည်။ ယခင်က ကာကွယ်ဆေးထိုး‌နှံပေးနေသည့် ကျန်းမာရေးဝန်ထမ်း ၇ ‌ဦးခန့် ရှိသော်လည်း ဖေဖော်ဝါရီလအတွင်း အဆိုပါကျန်းမာရေးဝန်ထမ်းများ မတွေ့ရတော့ကြောင်း အခြားမိခင်တစ်ဦးက ပြောဆိုသည်။ “ဆရာမတွေ (ဖေဖော်ဝါရီလထဲ) CDM ဝင်သွားတယ်လို့တော့ ပြောတယ်။ […]

ထားဝယ်တက္ကသိုလ်တွင် ၂နှစ်စာပေါင်းဘွဲ့ပေး၊ ဘွဲ့ယူသူ ရာဂဏန်းသာရှိ

diz_admin

February 28, 2023

ထားဝယ်တက္ကသိုလ်တွင် ဘွဲ့နှင်းသဘင် ၂နှစ်အတွက် လေးကြိမ်ကို တစ်ကြိမ်တည်းဖြင့် ပေါင်းပေးသော်လည်း ဘွဲ့ယူသူ ကျောင်းသားဦးရေမှာ ရာဂဏန်းသာရှိကြောင်း စုံစမ်းသိရှိရသည်။ ၂၀၁၉၊ ၂၀၂၂ ခုနှစ်တို့က ဖြေ‌ဆိုအောင်မြင်ထားသူ နေ့သင်တန်းနှင့် အဝေးသင် သင်တန်းတို့ကို ပေါင်းပြီး ထားဝယ် တက္ကသိုလ်တွင် ဖေဖော်ဝါရီလ ၂၆ ရက် ဘွဲ့အပ်နှင်းခဲ့ခြင်းဖြစ်သည်။ ကိုဗစ်နှင့် အာဏာသိမ်းမှုမတိုင်မီ ပုံမှန်နှစ်ဆိုပါက ပညာသင်နှစ် တစ်နှစ်ကို တစ်ကြိမ်စီဘွဲ့အပ်နှင်းခြင်းဖြစ်ရာ နေ့သင်တန်းအတွက် ၂ နှစ်စာ နှစ်ကြိမ်၊ အဝေးသင်အတွက်နှစ်ကြိမ် စုစုပေါင်းလေးကြိမ် ဘွဲ့အပ်နှင်းရမည် ဖြစ်သည်။ ပုံမှန်နှစ်ဆိုလျှင် နေ့သင်တန်းအတွက် ဘွဲ့ယူကျောင်းသားဦးရေမှာ တစ်နှစ်လျှင် ၁၀၀၀ ဦး မှ ၁၅၀၀ ဦးအထိ၊ အဝေးသင်ဆိုပါက ၂၀၀၀ ဦး မှ ၃၀၀၀ ဦးအထိ ယူရှိလေ့ရှိကြောင်း တက္ကသိုလ်က […]

သရက်ချောင်းမြို့နယ် သိမ်ကုန်းရေတံခွန်အနီးတိုက်ပွဲဖြစ်

diz_admin

February 27, 2023

သရက်ချောင်းမြို့နယ် သိမ်ကုန်းကျေးရွာ သိမ်ကုန်းရေတံခွန်အနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ဖေဖော်ဝါရီလ ၂၆ရက် ညနေ ၄နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ သိမ်ကုန်းရေတံခွန်အနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ဒေသခံအချို့က ဆိုသည်။ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှု တစ်နာရီခန့်ကြာမြင့်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ “နှစ်ဖက်ထိခိုက်မှု အခြေအနေတော့ မသိဘူး။ မကြားရသေးဘူး” ဟု အထက်ပါအမျိုးသားက ပြောသည်။ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက မြေပြင်သတင်းပေးပို့ချက် မရောက်သေးသဖြင့် တိုက်ပွဲတွင် နှစ်ဖက်ထိ‌ခိုက်မှု ရှိမရှိအခြေအနေကို မသိရသေးကြောင်း ယနေ့ နံနက် ၁၁ နာရီဝန်းကျင် ပြောဆိုသည်။ သိမ်ကုန်းကျေးရွာ ရေတံခွန်အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာလေ့ရှိသည်ဟုဆိုကာ ဝင်းဝနယ်မြေရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့များ မကြာခဏ ကင်းပုန်းဝပ်လေ့ရှိကြောင်း ဒေသခံအချို့က […]

လောင်းလုံးတွင် အစ်ကိုဖြစ်သူ ပုဆိန်ဖြင့်ခုတ်၍ ညီဖြစ်သူသေဆုံး

diz_admin

February 25, 2023

လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာအုပ်စု၊ ကျောက်ပုံရွာတွင် ဖေဖော်ဝါရီလ ၂၃ ရက်က ညီအစ်ကိုနှစ်ဦး ရန်ဖြစ်ပြီး အစ်ကိုဖြစ်သူက ပုဆိန်ဖြင့်ခုတ်ရာ ညီဖြစ်သူသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူမှာ သာယာကုန်ရွာသား အသက် ၄၀ ဝန်းကျင်အရွယ် ဦးသက်နိုင်ဆိုသူဖြစ်ပြီး ကျောက်ပုံရွာတွင် နေထိုင် သည့် အစ်ကိုဖြစ်သူ ဦးဝင်းစိုးထံသို့ ဖေဖော်ဝါရီလ ၂၂ ရက် ညနေက ရောက်ရှိနေခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထို့နောက် တစ်ညလုံး သောက်စားပြီး ဖေဖော်ဝါရီလ ၂၃ ရက် နံနက်စောစောတွင် ညီအစ်ကိုနှစ်ဦး စကားများရန် ဖြစ်ကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ရန်ဖြစ်ရသည့် အကြောင်းအရင်းကိုမူ မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။ ဦးသက်နိုင်သည် အစ်ကိုဖြစ်သူ ထောင်ကလွတ်လာသည့်အတွက် အလည်လာခြင်းဖြစ်သည်ဟု ၎င်းရောက်လာသည့် ညနေပိုင်းက ပြောဆိုခဲ့ကြောင်း […]

ကလိန်အောင်တွင် တောပစ်ထွက်သည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

diz_admin

February 25, 2023

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် ဖေဖော်ဝါရီလ ၂၁ ရက်က တောပစ်ထွက်သည့် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူအမျိုသားမှာ ကလိန်အောင်မြို့၊ အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သူ ကိုဌေးလွင်ဦးဆိုသူဖြစ်သည်။ ကလိန်အောင်မြို့အနီးက KNU ထိန်းချုပ်နယ်မြေအတွင်းရှိ သစ်တောထဲသို့ ကိုဌေးလွင်ဦးသည် အခြားအမျိုးသားနှစ်ဦးနှင့်အတူ တောပစ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။   ယင်းနောက် အဆိုပါအမျိုးသားနှစ်ဦးနှင့် အချင်းများရာမှ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး ကိုဌေးလွင်ဦး ကျည်ထိမှန်သေဆုံးသွားခဲ့ကြောင်း ၎င်းတို့က ပြောသည်။ “မိသားစုကတော့ သေဆုံးကြောင်း အတည်ပြုတယ်။ အလောင်းကတော့ ပြန်မရသေးဘူး။ သူနဲ့အတူ တောပစ်လိုက်တဲ့ လူနှစ်ယောက်ကိုတော့ KNU က စစ်နေတယ်လို့သိရတယ်” ဟု ကလိန်အောင်မြို့ အမှတ် ၃ ရပ်ကွက် ဒေသခံတစ်ဦးက ပြောဆိုသည်။ […]