သရက်ချောင်း ညောင်ဇင်ရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ
diz_admin
November 16, 2022သရက်ချောင်းမြို့နယ် ညောင်ဇင်စံပြကျေးရွာတွင် နိုဝင်ဘာလ ၁၅ ရက် နံနက် ၆ နာရီကျော်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၅၀ အရွယ် ဦးနိုင်ဆိုသူကို ညောင်ဇင်ရွာရှိ ၎င်း၏နေအိမ်တွင် အမည်မသိအဖွဲ့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ အဆိုပါအမျိုးသားမှာ သေနတ်ဒဏ်ရာများဖြင့် ထားဝယ်တွင် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ်ခဲ့သည်ကိုလည်း မသိရသေးပေ။ ဦးနိုင်ဆိုသူမှာ ရွာတွင် ဆိုင်ကယ်တက္ကစီ ဆွဲနေသူဖြစ်ပြီး စစ်တပ်၊ ရဲများနှင့် ပြောဆိုသွားလာ ပူးပေါင်းကာ သတင်းပေးဒလန်ဟု ကျေးရွာတွင်နာမည်ထွက်နေသူဖြစ်ကြောင်း ညောင်ဇင်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “သူက အစကတည်းက အဲဒီလိုင်းနဲ့ ပတ်သက်တယ်။ စီးပွားရေးအရလည်း ဖြစ်ချင်ဖြစ်မယ်။ သူက […]


