ထားဝယ်တွင် သီတင်းကျွတ်ကာလ ရောင်စုံမီးပုံးပျံငယ် ဝယ်သူနည်း၊ မီးအိမ်လှည်းထုတ်လုပ်သူအချို့ရပ်နား
Dawei Watch
October 3, 2025ထားဝယ်ဈေးကွက်တွင် ယခုနှစ်သီတင်းကျွတ်ရာသီ ရောင်စုံမီးပုံးပျံငယ်များ ဝယ်သူနည်းနေပြီး လက်တွန်းမီးအိမ်လှည်း ထုတ်လုပ်သူအချို့ လုပ်ငန်းရပ်နားလိုက်ကြောင်း ထားဝယ်မြို့ရှိ ရောင်စုံမီးပုံးပျံငယ် လက်လီ၊ လက်ကား ရောင်းချသူများနှင့် လက်တွန်းမီးအိမ်လှည်းထုတ်လုပ်သူများထံမှ သိရသည်။ ယမန်နှစ် သီတင်းကျွတ်အကြိုကာလတွင် ရောင်စုံမီးပုံးပျံငယ်တစ်လုံး၏ လက်ကားဈေးမှာ ကျပ် တစ်ထောင် ဝန်းကျင်သာ ရှိရာမှ ယခုနှစ်တွင် ကျပ် ၃၅၀၀ အထိရှိလာကြောင်း စျေးကွက်အတွင်းမှ သိရသည်။ စျေးတက်သဖြင့် ဝယ်ယူသူနည်းကာ ယမန်နှစ်သီတင်းကျွတ်အကြိုကာလများထက် အရောင်းပါးလျက်ရှိကြောင်း ထားဝယ် ဈေးကွက်ရှိ သီတင်းကျွတ်မီးပုံးနှင့် အလှဆင်ပစ္စည်းများ လက်လီ၊ လက်ကား ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “သီတင်းကျွတ် မီးပုံးငယ်တွေက မန္တလေးနဲ့ ရန်ကုန်ဘက်က တင်သွင်းတယ်။ အခုနှစ်က ဈေးပြောလိုက်တာနဲ့ ဝယ်သူက လန်ထွက်သွားတယ်။ မရောင်းရဘူးတော့မဟုတ်ဘူး၊ ဒါပေမဲ့ ဈေးကြီးလို့ နှစ်တိုင်းလိုတော့ မရောင်းရဘူး။ […]


