သရက်ချောင်းမြို့နယ် မင်းဒပ်ရွာက နေအိမ် ၆၀ကျော်ကို စစ်အာဏာရှင်တပ် မီးရှို့ဖျက်ဆီး
Dawei Watch
November 24, 2025သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းဘေးက မင်းဒပ်ရွာကို စစ်အာဏာရှင်တပ်စစ်ကြောင်းက နိုဝင်ဘာလ ၂၃ ရက်တွင် မီးရှို့ဖျက်ဆီးရာ အရပ်သားနေအိမ် ၆၁ လုံး ပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်း ပြန်ထွက်သွားပြီးနောက် ယနေ့ နိုဝင်ဘာလ ၂၄ ရက်တွင် ကျေးရွာအတွင်း ဒေသခံများ သွားရောက်ကြည့်ရှု နေအိမ် ၆၁ လုံး မီးရှို့ခံထားရသည်ကို တွေ့ရှိ့ကြောင်း မင်းဒပ်ရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ “(မီးရှို့ခံရတာမှာ) ကျွန်မတို့အိမ်လည်း ပါတယ်။ အိမ်တစ်လုံးရဖို့ မနည်းကြိုးစားထားရတာ။ အခုမီးရှို့ခံရတဲ့ အိမ်တွေ အတော်များများက ထိုင်းနိုင်ငံမှာ သွားလုပ်စားကြပြီး ဆောက်ထားတဲ့ အိမ်တွေချည်းပဲ။ ကျွန်မလည်းငို ကျွန်မအမေတို့လည်း ငိုပဲ” ဟု ၎င်းက ပြောဆိုသည်။ နိုဝင်ဘာလ ၂၂ ရက် နံနက် နံနက်တွင် […]


