လောင်းလုံးမြောက်ပိုင်းတွင် စစ်အာဏာရှင်တပ်စစ်ကြောင်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ
Dawei Watch
October 9, 2025လောင်းလုံးမြောက်ပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းမှာ အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှသိရသည်။ အင်အား ၁၀၀ နီးပါးရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့နယ် တောရှည်ကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ ရောက်ရှိလာခဲ့ကြောင်း ဒေသခံများကပြောသည်။ ထိုစစ်ကြောင်းသည် စိုက်ပျိုးရေးသိပ္ပံကျောင်းမှတစ်ဆင့် လောင်းလုံးမြို့နယ်၊ပန်းဇိကျေးရွာသို့ ဆက်လက်စစ်ကြောင်းထိုးချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “ရွာထဲကိုဖြတ်ပြီး ဘုန်းကြီးကျောင်းဘက် ထွက်လာချိန်မှာ ဒရုန်းဗုံးချတိုက်ခိုက်ခံရတယ်။ သူတို့ဘက်က(စစ်အာဏာရှင်တပ်သား) နှစ်ယောက် ထိသွားတယ်”ဟု ယင်းအမျိုးသားကပြောသည်။ အဆိုပါစစ်အာဏာရှင်တပ်ကို မည်သည့်တော်လှန်းရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်ဆိုခြင်းကိုမူ အသေးစိတ်မသိရသေးပေ။ ဒရုန်းဗုံးချတိုက်ခိုက်ခံရပြီးနောက် အဆိုပါစစ်အာဏာရှင်တပ် စစ်ကြောင်းသည် ပန်းဇိကျေးရွာဘုန်းကြီးကျောင်းအတွင်း ကထိန်အလှူအတွက် လုပ်အားပေးနေသည့် ကျေးရွာသားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့ကပြောသည်။ စစ်အာဏာရှင်တပ်မှ ဖမ်းဆီးသွားသည့် […]


