လောင်းလုံး သဘော့ဆိပ်ရွာတွင် နေအိမ်သုံးဆောင် မီးလောင်ပျက်စီး
Dawei Watch
November 27, 2025လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ သဘော့ဆိပ်ကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ပြီး နေအိမ်သုံးဆောင်ပျက်စီးကြောင်း ဒေသခံများနှင့် မီးငြှိမ်းသတ်ရာတွင် ပါဝင်သူအချို့က ပြောသည်။ သဘော့ဆိပ်ကျေးရွာ၊ အောင်ချမ်းသာရပ်ကွက်၌ ယနေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် နေအိမ်တစ်ဆောင်က မီးစတင် လောင်ကျွမ်းကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “မီးလောင်နေတဲ့ကြားထဲ လေကလည်း တဟူးဟူး တိုက်လာတော့ ကျန်တဲ့အိမ်တွေပါ ကူးကုန်တာ” ဟု ၎င်းက ပြောဆိုသည်။ မီးစတင်လောင်ကျွမ်းသည့် အကြောင်းအရင်းကိုမူ သေသေချာချာ မသိရသေးပေ။ မီးလောင်မှုကြောင့် နေအိမ်သုံးဆောင် မီးလောင်ပျက်စီးပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မီးငြှိမ်းသတ်ရာတွင် ပါဝင်ကူညီဆောင်ရွက်သူ အမျိုးသားတစ်ဦးက ဆိုသည်။ “ပင်လယ်ကမ်းခြေနားမှာဆိုတော့ လေကလည်း တိုက်နေတယ်။ တောတိုင်လေး (သစ်လုံးငယ်) နဲ့ ဆောက်ထားတဲ့ အိမ်သုံးဆောင် […]


