ယခုပညာသင်နှစ်တွင် ထားဝယ်တက္ကသိုလ် ပထမနှစ်တက်မည့်သူ တစ်ရာမပြည့်
Dawei Watch
November 18, 2023ယခု (၂၀၂၃- ၂၀၂၄) ပညာသင်နှစ်တွင် ထားဝယ်တက္ကသိုလ်သို့ နေ့သင်တန်း ပထမနှစ် တက်ရောက်မည့်သူ ၉၈ ဦးသာရှိကြောင်း စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်သည့်စာရင်းအရ သိရသည်။ ယင်း ၉၈ ဦးမှာဘာသာရပ် ၁၇ ခု အတွက် ဝင်ခွင့်ရသူများဖြစ်ပြီး ယခင်နှစ်ထက် လျော့နည်းသည်။ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် ထားဝယ်တက္ကသိုလ် နေ့သင်တန်းဝင်ခွင့်ရသူ ၃၂၄ ဦးရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဝင်ခွင့်ရသူ ၁၆၂ ဦးသာရှိခဲ့သည်။ ထားဝယ်တက္ကသိုလ်တွင် တက္ကသိုလ်ဝင်ခွင့်ရသူ ၃ နှစ်ဆက်တိုက်လျော့နည်းနေပြီး ကိုဗစ်ကာလ နှင့် အာဏာသိမ်းမှုကာလအတွင်း ကျောင်းပြန်လည်ဖွင့်လှစ်သည့် ပညာသင်နှစ်များတွင် ယခုပညာသင်နှစ်သည် ဝင်ခွင့်ရသူအနည်းဆုံးနှစ်ဖြစ်သည်။ ထိုကဲ့သို့ တက္ကသိုလ်ဝင်ခွင့်ရသူဦးရေ လျော့နည်းခြင်းနှင့်ပတ်သက်၍ ထားဝယ်တက္ကသိုလ် ၊ သင်တန်းရေးရာဌာန […]


