လောင်းလုံးကျေးရွာအချို့တွင် ဝက်များသေဆုံးမှုများနေပြီး ဝက်သေများ စျေးပေါပေါဖြင့်ရောင်း
Dawei Watch
December 2, 2025လောင်းလုံးမြို့နယ်၊ ကျေးရွာအချို့ရှိ ဝက်များတွင် ကူးစက်ရောဂါ ကျရောက်နေသဖြင့် ဝက်သေဆုံးမှုများပြားနေကြောင်း ဝက်မွေးမြူရေး လုပ်ငန်းလုပ်နေသူများထံမှ သိရသည်။ ဝက်များတွင် နှာရည်ယိုခြင်း၊ ငေးမှိုင်ခြင်း၊ အစာမစားတော့ခြင်း၊ နားရွက်အဖျားနီခြင်း၊ အမည်းရောင် အညိုရောင်အကွက်များထွက်ခြင်း စသည့်လက္ခဏာများဖြင့် သေဆုံးကြခြင်းဖြစ်ကြောင်း မွေးမြူရေးလုပ်ကိုင်နေသူများက ပြောသည်။ “တစ်ခါသေရင် လေးငါးကောင်၊ လေးငါးကောင် နေ့တိုင်းသေတာ” ဟု လေးသွန်းခံကျေးရွာက ဝက်မွေးမြူရေးသမားတစ်ဦးက ပြောသည်။ ဝက်များအား ဆေးလိုက်ထိုးပေးနေသူတစ်ဦးကမူ လောင်းလုံးမြို့နယ်တွင် ယခုဖြစ်ပွားနေသော ဝက်ကူးစက်ရောဂါမှာ အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ကြောင်း ပြောဆိုသည်။ နိုဝင်ဘာလ အစပိုင်းကတည်းက ယင်းကူးစက်ရောဂါမှာ လောင်းလုံးမြို့နယ် အောက်ဘက်ကျေးရွာများတွင် စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး နိုဝင်ဘာလယ်ပိုင်းတွင် ဝက်သေဆုံးမှု အလွန်များပြားခဲ့ကြောင်း ၎င်းကပြောသည်။ လောင်းလုံးမြို့အနီး ကညုံကျွန်း၊ လေးသွန်းခံကျေးရွာတို့မှ သကျက်တောကျေးရွာများအထိ ဝက်များကို လိုက်လံဆေးထိုးနှံပေးနေရသည်ဟုလည်း ၎င်းကဆိုသည်။ “လောင်းလုံးအောက်ဖက်ရွာတွေက ကာကွယ်ဆေးသုံးတာလည်း အားနည်းတော့ […]


