သရက်ချောင်းက ကျေးရွာသုံးရွာတွင် နေအိမ်ငါးဆယ်ခန့်ကို စစ်အာဏာရှင်တပ် ထပ်မံမီးရှို့ဖျက်ဆီး
Dawei Watch
October 13, 2025သရက်ချောင်းမြို့နယ်၊ စော်ဖျား၊ မိုးရွှေကုန်း၊ ကျောက်လှေကားကျေးရွာများက အရပ်သားနေအိမ် ၅၀ ခန့်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးကြောင်း ဒေသခံအချို့က ပြောသည်။ အောက်တိုဘာလ ၉ရက်တွင် မိုးရွှေကုန်းရွာက နေအိမ် ၁၇လုံး၊ စော်ဖျားရွာနှင့် ကျောက်လှေကားရွာတွင်လည်း အရပ်သား နေအိမ် ၃၀ ခန့် မီးရှို့ခံရကြောင်း ရွာထဲသို့ သွားရောက်ကြည့်ရှုခဲ့သည့် စစ်ဘေးရှောင်ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “အားလုံးပေါင်းဆို ငါးဆယ်လောက်တော့ရှိမယ်။ ကင်းရှေ့ရွာမှာလည်း အိမ်တွေ ဖောက်ထွင်းခံရတယ်။ ပစ္စည်းတွေ သယ်သွားကြတာ မနည်းဘူး” ဟု ၎င်းက ပြောဆိုသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းသည် စော်ဖျား၊ မိုးရွှေကုန်း၊ ကျောက်လှေကား၊ ကင်းရှေ့စသည့်ကျေးရွာများက ဒေသခံများ၏ ဆိုင်ကယ်အစီးရေ ၂၀ ခန့်၊ ထော်လာဂျီကား တစ်စီး၊ စက်ဘီးနှင့် ဘေးတွဲဆိုင်ကယ်အပါအဝင် အိမ်ထောင် ပရိဘောဂပစ္စည်များကို သိမ်းယူသွားကြောင်း […]


