ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

စစ်ကောင်စီတပ်က ဖမ်းထားသည့် လောင်းလုံးမြို့ခံ နှစ်ဦး ပြန်လွတ်လာ

Dawei Watch

September 26, 2023

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ‌လောင်းလုံးမြို့ (ဂ)ရပ်ကွက်တွင်နေထိုင်သော ကို‌‌အောင်ကိုဝင်း နှင့်ကိုကျော်စိုးနိုင်တို့ နှစ်ဦးပြန်လွတ်လာကြောင်း ဒေသခံများထံမှသိရသည်။ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က နေအိမ်များတွင် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ လောင်းလုံးမြို့မ ရဲစခန်းနှင့် စအဖရုံး တို့တွင် သီးခြားစီစစ်ဆေးခံရပြီးနောက် ယနေ့(စက်တင်ဘာ ၂၆) ညနေပိုင်းတွင် ပြန်လွတ်လာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ စက်တင်ဘာလ ၂၁ ရက်‌နေ့က လောင်းလုံးအထက်တန်းကျောင်းရှေ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်က ပစ်ခတ်ခံရပြီးနောက် တစ်ရက်အကြာတွင် အထက်ပါအမျိုးသား နှစ်ဦး ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ငါးရက်ကြာ ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာခြင်းလည်းဖြစ်သည်။

ရေဖြူ ဧကနိရွာသား စစ်ဘေးရှောင်တစ်ဦး ပစ်ခတ်ခံရ

Dawei Watch

September 26, 2023

ရေဖြူမြို့နယ် ဧကနိရွာသား အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ဘေးရှောင်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဒဏ်ရာရကြောင်း ဧကနိရွာသားအချို့က ပြောသည်။ ပစ်ခံရသူမှာ ဦးသောင်းနိုင်ဆိုသူဖြစ်ပြီး ဧကနိရွာအနီးတွင် စစ်ဘေးရှောင်နေစဉ် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တွေ့ပြီး ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “လက်မှာ ရှပ်ထိသွားတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရဘူး” ဟု ၎င်းက ပြောဆိုသည်။ သေနတ်ဒဏ်ရာရရှိသည့် ဦးသောင်းနိုင်မှာ လက်ရှိတွင် ဆေးကုသခံယူနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဧကနိနှင့် ဝါးဇွမ်းတောရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်၍ စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး ယနေ့ မွန်းလွဲပိုင်းအထိ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်က စက်တင်ဘာလ၂၁ ရက်နေ့ကစပြီး ခမောင်းချောင်းရွာကို စစ်ကြောင်းထိုးစတင်ဝင်ရောက်ပြီး […]

လောင်းလုံး ဂေါ့အင်းရွာတွင် စားသောက်ကုန်ပို့သည့်ကား တိမ်းမှောက်

Dawei Watch

September 26, 2023

လောင်းလုံးမြို့နယ် ဂေါ့အင်းရွာ ကြယ်တောင်အနီးတွင် ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၁၀ နာရီကျော်က စားသောက်ကုန်ပို့သည့်ကားတစ်စီး တိမ်းမှောက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အလုံပိတ် ကွန်တိန်နာဒိုင်နာ ကားအမျိုးစားဖြစ်ပြီး လမ်းမကြီးပေါ် တုံးလုံးလဲနေသည်ကိုတွေ့ရကြောင်း ၎င်းက ဆိုသည်။ ကားတွင် ကားမောင်းသူနှင့် အကူတစ်ဦးတို့ လိုက်ပါလာပြီး နှစ်ဦးစလုံး ဒဏ်ရာအနည်းငယ်ရကြောင်း အဆိုပါဒေသခံက ပြောဆိုသည်။ ကားမှာ မထိန်းနိုင်ဘဲ ပွတ်ဆွဲလာသည့်အရာသည့် အရာများ လမ်းတွင် ပေနှစ်ရာနီးပါးလောက်ရှိသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။ 

ဇမ္ဗူသီရိအဖွဲ့တည်ထောင်သူ ဦးနိုင်မျိုးသွင် ပြန်လွတ်

Dawei Watch

September 26, 2023

ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးထားသည့် ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ တည်ထောင်သူ ဦးနိုင်မျိုးသွင်အား ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက်တွင် ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။ စက်တင်ဘာလ ၁၆ ရက်နေ့က မြေပြိုမှုဖြစ်ပွားသည့် လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ကိုင်ပြီး အရေးပေါ်ကားများဖြင့် ပြန်လာချိန် ညင်းမော်ရွာဆီအုန်းတောအနီး (ကြယ်တောင်) ရောက်ချိန်တွင် ဦးနိုင်မျိုးသွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ စစ်ကောင်စီထံ သတင်းပေးခြင်းနှင့် ကိုယ်ကျိုးစီးပွားအတွက် စစ်ကောင်စီနှင့် နောက်တစ်ကြိမ် ထဲထဲဝင်ဝင် ပတ်သက်ပါက ပြင်းပြင်းထန်ထန်အရေးယူမည့်အကြောင်း ခံဝန်ထိုးခိုင်းပြီး လွှတ်လိုက်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ ကိုပီတာက ဆိုသည်။ ၎င်းကို လာကြိုပေးနိုင်သည့် နေရာအထိ လိုက်ပို့ပေးလိုက်ကြောင်း ၎င်းက ပြောဆိုသည်။ “အရင်ကလုပ်လာတဲ့ ပရဟိတလုပ်ငန်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို […]

ကံပေါက်ရွာအဝင်လမ်း စစ်ကောင်စီတပ် ပိတ်ထား

Dawei Watch

September 26, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ အဝင်လမ်းကို စစ်ကောင်စီတပ်က ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် အစောပိုင်းကတည်းက ပိတ်ထားကြောင်း လမ်းပိုင်းအသုံးပြုနေသည့် ကားသမားများနှင့် ဒေသခံများက ပြောသည်။ ကံပေါက်ရွာထိပ် စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီးတွင် စက်တက်ဘာလ ၂၅ ရက် ညနေ ၆ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် ပေါက်ကွဲသံများကြားရပြီးနောက် ပစ်ခတ်သံများ ၁ဝမိနစ်ခန့်ကြာ ဆက်တိုက်ထွက်ပေါ်ခဲ့သည်။ ယင်းသို့ဖြစ်ပွားပြီးနောက်တစ်ရက် နံနက်တွင် ကျောင်းကြို့ပို့ကားမှလွဲ၍ မည်သည့်ယာဉ်နှင့် လူတို့ကိုမျှ ဖြတ်သန်းသွားလာခွင့်မပေးဘဲ လမ်းပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “ကားတွေ အကုန်ပြန်လှည့်ခိုင်းတယ်။ အဝင်ရော အထွက်ရောမရဘူး။ အားလုံးပြန်လာကြရတယ်” ဟု ကံပေါက်ရွာမှ ဈေးကားမောင်းသူတစ်ဦးက ပြောဆိုသည်။ ကံပေါက်ဒေသမှ ထားဝယ်မြို့နှင့် မော်လမြိုင်မြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများလည်း မသွားရတော့ကြောင်း ဒေသခံတို့က […]

ရန်ကုန်-ထားဝယ်လမ်းပိုင်း ညပိုင်းအသုံးမပြုရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၃ ခု ထပ်သတိပေး

Dawei Watch

September 26, 2023

ရန်ကုန်-ထားဝယ် အဝေးပြေးကားလမ်းမကို ညပိုင်း (ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ) ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ ခုက သတိပေးချက် ထပ်မံထုတ်ပြန်လိုက်သည်။ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF)၊ ဝေဟင်တပ်ဖွဲ့ နှင့် ထားဝယ်ကာကွယ်ရေးတပ်ဖွဲ့ DDT တို့က စက်တင်ဘာလ ၂၂ ရက် နှင့် ၂၄ ရက်တွင် ထုတ်ပြန်ချက်များထုတ်ပြီး ထပ်မံ သတိပေးခဲ့ခြင်းဖြစ်သည်။ ရန်ကုန်-ထားဝယ်လမ်း ရေဖြူအပိုင်းတွင် စက်တင်ဘာလ ၂၃ ရက် ည ၈နာရီ အချိန်က ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက် မောင်းနှင်လာသည့် ကားတစ်စီး ကို အသံမိုင်းဖြင့် သတိပေးခဲ့ကြောင်း စက်တင်ဘာလ ၂၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ ၂၂ ရက်ကတည်းက စာနဲ့သတိပေးပြီးပါပြီ။ ၈နာရီကျော်ပြီးမှ […]

သရက်ချောင်း ပိတောက်ကြီးရွာသားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

Dawei Watch

September 25, 2023

သရက်ချောင်းမြို့နယ် ပိတောက်ကြီးရွာသားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ကြောင်း ဒေသခံများနှင့် ကစယ်ဒိုကျားတပ်ဖွဲ့တို့ထံမှ သိရသည်။ ထားဝယ်-မြိတ်ကားလမ်းဘေးရှိ ပိတောက်ကြီးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းနှင့် စက်တင်ဘာလ ၂၃ရက် နံနက်ပိုင်းတို့ တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။ စက်တင်ဘာလ ၂၃ ရက်က စစ်ကောင်စီတပ်နှင့်တွေ့ပြီး ဖမ်းဆီးခံရသည့် ပိတောက်ကြီးရွာက ကရင်တိုင်းရင်းသား သုံးဦးကို စစ်ကောင်စီတပ်က လမ်းပြအဖြစ်ခေါ်ဆောင်ခဲ့ပြီးနောက် လမ်းတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ကစယ်ဒိုကျားတပ်ဖွဲ့၏ တပ်ခွဲမှူး ကိုဘဦးသစ်က ပြောသည်။ “သူတို့က တိုက်ပွဲမဖြစ်ခင်တည်းက ဖမ်းပြီးလမ်းပြခေါ်ဆောင်တယ်။ တိုက်ပွဲဖြစ်ပြီးတာနဲ့ (စစ်တပ်က) တစ်ခါတည်းပြီး ပစ်သတ်လိုက်တယ်” ဟု ကိုဘဦးသစ်က ပြောဆိုသည်။ အဆိုပါရွာသားသုံးဦးမှာ အရပ်သားပြည်သူများသာဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းတို့ကို ပိတောက်ကြီးရွာနှင့် တစ်မိုင်ကျော်အကွာတွင် ယနေ့ […]

ကံပေါက်ရွာထိပ် စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီး ပစ်ခတ်သံများထွက်ပေါ်

Dawei Watch

September 25, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအဝင်ဝရှိ သစ်တောရုံးနှင့် ဆင်ကိုးရပ်ရေတံခွန် စစ်ဆေးရေးဂိတ်များအနီး၌ ယနေ့ ညပိုင်းတွင် ပေါက်ကွဲသံ၊ ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ စက်တက်ဘာလ ၂၅ ရက် ညနေ ၆ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် ပေါက်ကွဲသံများကြားရပြီးနောက် ပစ်ခတ်သံများ ၁ဝမိနစ်ခန့်ကြာ ဆက်တိုက်ထွက်ပေါ်လာကြောင်း ၎င်းတို့က ဆိုသည်။ “ပေါက်ကွဲသံ သုံးချက် အရင်ကြားတယ်။ ပြီးမှ သေနတ်သံတွေကြားရတယ်” ဟု ကံပေါက်ဒေသခံတစ်ဦးက ပြောဆိုသည်။ ပစ်ခတ်သံများ ထွက်ပေါ်ပြီးနောက် လျှပ်စစ်မီး နှင့် မိုင်တဲအော်ပရေတာဆက်သွယ်ရေးလိုင်း ပြတ်တောက်သွားကြောင်း ဒေသခံတို့က ဆိုသည်။ ည ၇နာရီဝန်းကျင်တွင် လျှပ်စစ်မီး ပြန်လည်ရရှိနေပြီဖြစ်ပြီး မိုင်တဲဆက်သွယ်ရေးအော်ပရေတာလိုင်း ပြတ်တောက်နေဆဲဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ပစ်ခတ်မှုဖြစ်စဉ်အသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ကံပေါက်သစ်တောရုံးလမ်းဆုံတွင် […]