ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

စစ်မှုထမ်းစုဆောင်းခံရသည့် တပ်သားကိုးဦး ထားဝယ်ရှိ တော်လှန်ရေးအင်အားစုများထံ ဘက်ပြောင်း

Dawei Watch

December 5, 2025

ထားဝယ်ခရိုင်ရှိ တော်လှန်ရေးအင်အားစုများထံ ပြီးခဲ့သည့် နိုဝင်ဘာလက စစ်အာဏာရှင်တပ်သားကိုးဦး ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ နိုဝင်ဘာလ ၅ ရက်က ရေဖြူမြို့နယ်အခြေစိုက် အမှတ် ၄၀၆ နှင့် ၄၀၉ စစ်အာဏာရှင် ခြေမြန်တပ်ရင်းတို့​တွင် တာဝန်ကျနေသည့် တပ်သားလေးဦးသည် လောင်းလုံးမြို့နယ်ရှိ သံမဏိလိပ်ပြာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်းလာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ အထက်ပါ တပ်သားလေးဦးသည် အဓမ္မစစ်မှုထမ်းစုဆောင်းခံရပြီး စစ်မှုထမ်းအပတ်စဥ် ၁၁ သင်တန်းတွင် တက်ရောက်ခဲ့ရသူများဖြစ်ကြောင်း သံမဏိလိပ်ပြာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ လက်ရှိတွင် ၎င်းတို့လေးဦး၏ ဆန္ဒအရ ဘေးကင်းသည့်နေရာများသို့ ပို့ဆောင်ထားကြောင်း ဆိုသည်။ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ ရန်ကင်းရွာတံတားဂိတ်၌ ကင်းတာဝန်ကျနေသည့် စစ်မှုထမ်း သင်တန်းဆင်းငါးဦးသည်လည်း နိုဝင်ဘာလ ၂၇ရက်က သေနတ်သုံးလက်၊ ကျည်ဘောက် ၁၇ ခု၊ […]

ရေဖြူ ဇာဒီရွာတွင် ပစ်ခတ်မှုဖြစ်ပြီး နေအိမ်တစ်လုံးမီးလောင်

Dawei Watch

December 5, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီရွာသို့ ရောက်ရှိနေသော စစ်အာဏာရှင်တပ်သားများကို ယမန့်နေ့ ဒီဇင်ဘာလ ၄ ရက် မွန်းလွဲ ၂နာရီခွဲခန့်တွင် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီးနောက် ဇာဒီချောင်းဝရှိ စစ်အာဏာရှင်တပ်၏ ရေတပ်စစ်သင်္ဘောက လက်နက်ကြီးဖြင့် ဇာဒီရွာအတွင်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့ ပစ်ခတ်ပြီးနောက် ဇာဒီရွာ ရွာမဘက်ခြမ်းမှ မီးခိုးလုံးများ တက်လာသည်ကို မြင်တွေ့ရကြောင်း တိမ်းရှောင် နေရသည့် ဒေသခံများက ဆိုသည်။ “ပစ်ကြခတ်ကြပြီးတာနဲ့ မီးခိုလုံးတက်လာတာပဲ။ ဒီမနက် (ဒီဇင်ဘာလ ၅ ရက်) အတည်ပြုရတာကတော့ ရွာမရပ်ကွက်က အိမ်တစ်လုံးမီးလောင်တယ်။ ရှို့ခံရတာလား၊ ဒရုန်းကြောင့်လား၊ လက်နက်ကြီးကြောင့်လား ပြောမရဘူး။ ရွာထဲကို အရမ်းဝင်ကြည့်လို့ မရသေးဘူး။ စစ်သားတွေရှိသေးတယ်” […]

ထားဝယ်ခရိုင်တွင် စပါးရာသီပေါ်စျေး တစ်တင်း ကျပ်ရှစ်ထောင်ကျော်သာ ရရှိ

Dawei Watch

December 5, 2025

ထားဝယ်ခရိုင်တွင် ရာသီပေါ်စ ဆန်ကြမ်း စပါးဈေးမှာ တစ်တင်းလျှင် ကျပ်ရှစ်ထောင်ကျော်သာ ရရှိသဖြင့် ယခင်နှစ်ကထက် ၅၀ ရာခိုင်နှုန်းခန့် စျေးကျဆင်းနေကြောင်း‌ လယ်သမားအချို့က ပြောသည်။ စပါးရိတ်သိမ်းပြီးစ နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလသည် စပါးပေါ်စ ရာသီဖြစ်ပြီး ဇီယာဆန်ကြမ်းစပါးနှင့် ဧည့်မထဆန်ကြမ်းစပါးဈေးသည် ပြီးခဲ့သည့်နှစ်ကထက် ထက်ဝက်နီးပါး လျော့ကျနေသည်။ ပြီးခဲ့သည့်နှစ်က ဆန်ကြမ်းစပါးတစ်တင်းသည် ရာသီပေါ်စတွင် ၁၅၀၀၀ ကျပ်ရရှိခဲ့ပြီး နောက်ပိုင်းတွင် တစ်တင်းကို ၁၈၀၀၀ ကျပ်အထိဖြစ်ခဲ့သည်ဟု လယ်သမားအချို့က ပြောသည်။ ယခုနှစ်ရာသီပေါ်စတွင် ဆန်ကြမ်းစပါးဈေးမှာ တစ်တင်းကို ၈၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်သာရှိသည်ဟု ထားဝယ်နှင့် သရက်ချောင်းမြို့နယ်က လယ်သမားအချို့က ပြောသည်။ “ရန်ကုန်ဆန်တွေ တိုင်းထဲကို ဝင်ရပြီး ထားဝယ်က ဆန်က ရန်ကုန်ပို့မရဘူးဖြစ်နေတယ်။ ဆန်စပါးကုန်သည်များအသင်းက ပြောတာတော့ သူတို့လည်း တိုင်းအစိုးရ(စစ်ကော်မရှင်)ကို […]

ကံပေါက်တွင် စစ်ကော်မရှင်က နေအိမ်များကိုဝင်ရောက်ပြီး လူစာရင်းစစ်

Dawei Watch

December 4, 2025

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုရှိ ရပ်ကွက်အချို့အတွင် နိုဝင်ဘာလ နောက်ဆုံးအပတ်ကစ၍ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က နေအိမ်များကို ဝင်ရောက်ပြီး လူဦးရေစာရင်းလိုက်စစ်နေကြောင်း ဒေသခံများက ပြောသည်။ မြသီတာရပ်ကွက်၊ ဗိုလ်ချုပ်ရပ်ကွက်နှင့် လှည်းကုန်းရပ်ကွက်တို့တွင် ယင်းသို့ စစ်ဆေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “အိမ်တိုင်း ဝင်တာမျိုးတော့ မဟုတ်ဘူး။ ဝင်ချင်တဲ့အိမ်ဝင်ပြီး အိမ်ထောင်စုဇယားနဲ့ တိုက်စစ်တာ” ဟု ကံပေါက်ရွာ၊ မြသီတာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ယင်းသို့ စစ်ဆေးချိန် မောရဝတီရေတပ်မှ စစ်အာဏာရှင်တပ်သားများက လုံခြုံရေးယူပေးပြီး လူဦးရေစာရင်း စစ်ဆေးနေချိန် အင်တာနက်ပြတ်တောက်ခြင်းမျိုးကြုံရကြောင်း အထက်ပါရပ်ကွက်နေ ဒေသခံများက ဆိုသည်။ “အိမ်တွေကို လိုက်ဝင်နေတဲ့အချိန်ဆို ရပ်ကွက်ထိပ်ရော အဝင်လမ်းတွေရောမှာ စစ်သားတွေ အပြည့်ပဲ။ အဲဒီအချိန်ဆို အင်တာနက်က ပြတ်ပြတ်သွားတယ်” ဟု ဗိုလ်ချုပ်လမ်းတွင်နေထိုင်သူတစ်ဦးက ပြောသည်။ ကံပေါက်ကျေးရွာအုပ်စု […]

ထားဝယ်တွင် ဘုရားကြီးဝင်းထဲ နေ့ခင်းဘက် ဆိုင်ကယ် အခိုးခံရ

Dawei Watch

December 3, 2025

ထားဝယ်မြို့တွင် နေ့ခင်းဘက် ဆိုင်ကယ် ခိုးယူခံရကြောင်း မြို့ခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီကျော်တွင် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း၌ ဘုရားဖူးလာသည့် မြို့ခံတစ်ဦး၏ မော်တော်ဆိုင်ကယ်ကို အမျိုးသားတစ်ဦးက သော့ဖျက်ပြီး မောင်းယူထွက်ပြေးသွားကြောင်း မြို့ခံများက ပြောသည်။ ဆိုင်ကယ်ခိုးယူသူသည် ဆိုင်ကယ်ကယ်ရီဖြင့် ဘုရားကြီးဝင်ထဲသို့ လာရောက်ခြင်းဖြစ်ပြီး အပြာရောင်ဂျင်းအင်္ကျီ ဝတ်ဆင် ထားကြောင်း မျက်မြင်တွေ့ခဲ့သည့် ဘုရားဖူးမြိုခံ့အချို့၏ ပြောကြားချက်ကို ကိုးကားကာ မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “စီးပြီးထွက်သွားတာမြင်လိုက်လို့ ဝိုင်းအော်နေကြသေးတယ်။ မမီလိုက်ကြဘူး” ဟု ၎င်းက ပြောဆိုသည်။ အလစ်သုတ်ခံရသည့် ဆိုင်ကယ်မှာ NCX Wave 100 အမျိုးအစားဖြစ်ပြီး မော်တော်ယာဉ်နှင့် သက်ဆိုင်သည့် သက်သေခံ စာရွက်စာတန်းများပါ ဆိုင်ကယ်နှင့်အတူ ပါသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ပြီးခဲ့သည့် […]

ထားဝယ်နှင့် သရက်ချောင်းမှ ကျေးရွာချင်းဆက်တံတား ၃ စင်းကို စစ်အာဏာရှင်တပ်ဖျက်ဆီး

Dawei Watch

December 2, 2025

ထားဝယ်နှင့် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက် တံတား ၃ စင်းကို ဒီဇင်ဘာ ၂ ရက်နေ့က စစ်အာဏာရှင်တပ်က ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာနှင့် ရောင်းမော်ရွာချင်းဆက် တံတား ၁ စင်း၊ ရောင်းမော်ရွာနှင့် ဆေးဖြတ်ကုန်းရွာချင်းဆက် တံတား ၁ စင်း၊ ရောင်းမော်နှင့် သဲတော၊ ကင်းရှေ့၊ စော်ဖျားရွာများကို ဆက်သွယ်ထားသည့် တံတား ၁ စင်းကို ဘတ်ဟိုးဖြင့် တူးဖြိုဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ရောင်းမော်လမ်းဆုံမှာ ဆေးဖြတ်ကုန်းဘက်သွားတဲ့ တံတားလည်းရှိတယ်။ သဲတော၊ ကင်းရှေ့ စော်ဖျားရွာတွေဘက်ကိုသွားတဲ့ တံတားလည်းရှိတယ်။ ဘတ်ဟိုးတစ်စီးနဲ့ လာဖြိုသွားတယ်။ ပြီးတော့ပြန်ထွက်သွားတယ်လို့ပြောတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ အဆိုပါ တံတား ၃ စင်းကိုဖျက်ဆီးလိုက်သဖြင့် ရှင်မုတ္တထီးနှင့် […]

ထားဝယ်ဒေသခံများ ကျပ်သိန်းပေါင်းများစွာ ထုတ်မရသည့်ကိစ္စတွင်တာဝန်ရှိသူ ဦးစိုးမင်းထိုက် ရွေးကောက်ပွဲဝင်ပြိုင်

Dawei Watch

December 2, 2025

ထားဝယ်ဒေသခံများ၏ ရင်းနှီးထည့်ဝင်ငွေ ငွေကျပ်သိန်းပေါင်းများစွာ ပြန်ထုတ်ယူ၍ မရဘဲဖြစ်နေသည့် ငွေကြေး ပြဿနာအား ဖြေရှင်းမပေးနိုင်သေးသည့် ဦးစိုးမင်းထိုက်သည် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP) ကိုယ်စားပြုပြီး ရန်ကုန်တိုင်းလွှတ်တော်အတွက် ကမာရွတ်မြို့နယ် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင် မည်ဖြစ်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဦးစိုးမင်းထိုက် ကိုယ်တိုင်သည်လည်း Tiktok ကဲ့သို့ ဆိုရှယ်မီဒီယာကတစ်ဆင့် မဲဆွယ်စည်းရုံးမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေသည်။ ထို့အပြင် ကမာရွတ်မြို့နယ်တွင်လည်း မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်များ စိုက်ထူထားသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူအချို့က ပြောသည်။ ဦးစိုးမင်းထိုက်သည် Forex Trading ဟု ခေါ်သည့် နိုင်ငံတကာငွေကြေး ရောင်းဝယ်ရေးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူ […]

ရေဖြူ၊ ဘဝါချောင်းရှိ ငါးခိုအိုင်တွင် မိုင်းခွဲဖမ်းဆီးမှုများကြောင့် ငါးရှားပါးလာဟု ဒေသခံများဆို

Dawei Watch

December 2, 2025

ရေဖြူမြို့နယ်၊ ဘဝါချောင်းတစ်လျှောက် ငါးများခိုလေ့ရှိသော ဝန်အိုင်တွင် မိုင်းခွဲငါးဖမ်းမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် ငါးပေါက်ပွားမှု ကျဆင်းလာပြီး ငါးဖမ်းဆီးရရှိမှု လျော့နည်းလာကြောင်း ဒေသခံများကပြောသည်။ ဘဝါကျေးရွာသည် ပင်လယ်ကမ်းခြေပေါက် ကျေးရွာဖြစ်ပြီး ပင်လယ်ဒီရေတက်ချိန်တွင် ငါးများမှာ ပင်လယ်ဒီရေနှင့်အတူ ဘဝါချောင်းတစ်လျှောက်လိုက်ပါလာပြီး ရေကျချိန်တွင် ဝန်အိုင်ဟုခေါ်သည့် ရေအိုင်တွင် ငါးများခိုကာ ကျက်စား၍ကျန်ရစ်ခဲ့ကြကြောင်း ဒေသခံများကပြောသည်။ အဆိုပါရေအိုင်တွင် အနည်းဆုံးငါးအမျိုးအစား ခြောက်မျိုးခန့်ရှိပြီး မြီးညှောင်ငါး၊ပုလွေငါး၊ ငါးတပေါင်း၊ငါးပါးနီ၊ ငါးနီခွီး စသည့် ငါးများမှာ အများဆုံးကျက်စားလေ့ရှိသလို အခြားငါးအမျိုးအစားလည်း ကျက်စားလျက်ရှိကြောင်း သိရသည်။ အာဏာသိမ်းပြီးသည့်နောက် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် ၂ နှစ်အတွင်း အဆိုပါချောင်းအတွင်းရှိ ဝန်အိုင်တွင် ဒေသအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့များက မိုင်းခွဲ၍ ငါးဖမ်းဆီးနေမှုများ ဆက်တိုက်လုပ်ဆောင်လာခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ ထို့ကြောင့်ဘဝါချောင်းရှိ ယင်းအိုင်အတွင်း ငါးရှားပါးလာခဲ့ပြီး ဒေသခံများစားဝတ်နေရေးအတွက် […]