ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ကွမ်းသီးဈေးမရသဖြင့် ထားဝယ်ဒေသက ကွမ်းသီးစိုက်တောင်သူများအခက်ကြုံ 

Dawei Watch

September 15, 2023

ကွမ်းသီးဈေးမရသောကြောင့် ကွမ်းသီးစိုက်တောင်သူများ အခက်အခဲကြုံနေရကြောင်း ဒေသခံတောင်သူများက ပြောသည်။ ကွမ်းသီးစမှည့်နေပြီဖြစ်သည့် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ကွမ်းသီးအဝယ်တော်များ နယ်ဖက်သို့ လာရောက်ခြင်း မရှိသေးကြောင်း ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့မှ တောင်သူများ၏ ပြောဆိုချက်အရသိရသည်။ ကွမ်းသီးဈေးမရသဖြင့် ကွမ်းသီးတောများကို ပစ်ထားရသလို စစ်ကောင်စီတပ် ရုတ်တရက် စစ်ကြောင်းဝင်ရောက်မှု များကြောင့်လည်း ကွမ်းသီးတောများသို့ မသွားရဲကြကြောင်း ဒေသခံတောင်သူတို့က ဆိုသည်။  စစ်ကောင်စီတပ် ရုတ်တရက်စစ်ကြောင်းထိုးဝင်ရောက်ပြီး တိုက်ပွဲများဖြစ်ပွားသည့်အပြင် ဒေသခံများကိုလည်း ပစ်ခတ်ဖမ်းဆီးသောကြောင့် ရေဖြူမြို့နယ်တွင် ခမောင်းချောင်း၊ ဧကနိ၊ ရငဲကျေးရွာများနှင့် သရက်ချောင်း မြို့နယ်တွင် တောင်ပျောက်တိုက်နယ်တို့တွင် ဒေသခံများ ထွက်ပြေးနေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထွက်ပြေးတိမ်းရှောင်နေရသူများမှာ ကွမ်းသီးလုပ်ငန်းလည်း မလုပ်ကိုင်နိုင်ကြကြောင်း ၎င်းတို့က ဆိုသည်။ “(ကွမ်းသီးတွေ) မှည့်ပြီး (ကြွေ) ကျနေပြီ ဒီအချိန်ဆို။ ဒီအတိုင်းပဲ ပစ်ထားရတယ်။ […]

ကော်သူးလေတပ်က ထားဝယ်အရှေ့တောဒေသရှိ အရက်ဆိုင်များမှ အရက်၊ ဘီယာများဖျက်ဆီးပြီး အဓမ္မငွေတောင်းခံ

Dawei Watch

September 14, 2023

ကော်သူးလေတပ်မတော် ဗိုလ်ကော်လဖိုးဦးစီးအဖွဲ့က ထားဝယ်အရှေ့တောဒေသ ရမ္မဇူ၊ လိပ်ကြယ်ပြောင် ကျေးရွာများရှိ အရက်ဆိုင်များမှ ဘီယာနှင့်အရက်များကို ဖျက်ဆီးခဲ့သလို အဓမ္မငွေတောင်းခံခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့(စက်တင်ဘာ ၁၄)မနက်က ဗိုလ်ကော်လဖိုးဦးဆောင်သည့် အဖွဲ့သည် ဝကုန်းရွာမှ ရမ္မဇူ၊ လိပ်ကြယ်ပြောင်ကျေးရွာများဘက်သို့ ဝင်လာပြီး ဆိုင်အချို့ကို ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ ရမ္မဇူကျေးရွာရှိ အရက်ဆိုင် သုံးဆိုင်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး ဆိုင်ရှေ့တွင် အရက်၊ ဘီယာများကိုပုံထားကြောင်း၊ ယင်းနောက် အရက်၊ ဘီယာရောင်းသည့် ဆိုင်များကို ငွေကျပ် သိန်း ၁၀၀ မှ သိန်း ၂၀၀ အထိ ပေးဆောင်ရန်ပြောဆိုကြောင်း ရမ္မဇူဒေသခံတစ်ဦးက ပြောသည်။ “တောင်းတဲ့ငွေကြေးက အရမ်းများတော့ ရွာသားတွေက ငိုပဲငိုနေကြတယ်” ဟု၎င်းက ပြောသည်။ ကော်လဖိုးအဖွဲ့နှင့် ဒေသခံများ ညှိနှိုင်းပြောဆိုအပြီး အရက် […]

ရေဖြူမြို့နယ်တွင် အမျိုးသားနှစ်ဦးပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

Dawei Watch

September 14, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဇာဒီကျေးရွာအုပ်စုတွင် ယနေ့ စက်တင်ဘာလ ၁၄ရက် နံနက် ၇ နာရီခွဲခန့်က အမျိုးသားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်ခံရသူနှစ်ဦးမှာ ဇာဒီရွာမှ ဦးသက်မောင်နှင့် ခေါင်ပြန်ရွာမှ ဦးကြည်စိုးတို့ဖြစ်ကြပြီး ကျည်ထိမှန်ဒဏ်ရာဖြင့် ဦးကြည်စိုး သေဆုံးခဲ့ကာ ဦးသက်မောင်တွင် လက်မောင်း ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။ အမည်မသိ အမျိုးသားသုံးဦး ဆိုင်ကယ်တစ်စီးဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဇာဒီရွာသားတစ်ဦးက ပြောဆိုသည်။ “ဦးကြည်စိုးက သူ့အိမ်ရှေ့မှာ ပစ်ခံရတာ။ (ဦး) သက်မောင်က ရွာလယ်က လက်ဘက်ရည်ဆိုင်မှာ ခေါ်ထုတ်ပြီး ပစ်မလို့ လုပ်တာ ထွက်ပြေးသွားတယ်။ လှမ်းပစ်တော့ လက်မောင်းမှာထိတယ်” ဟု ၎င်းက ပြောသည်။ ဦးသက်မောင်သည် အာဏာမသိမ်းမီကပင် လက်ရှိအချိန်အထိ ဇာဒီကျေးရွာတွင် စာရေးအဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း […]

ထားဝယ်တွင် စိတ်ဝေဒနာရှင်လူငယ်က ရေတွင်းထဲပစ်ချသဖြင့် KG ကျောင်းသူသေဆုံး

Dawei Watch

September 13, 2023

ထားဝယ်မြို့နယ် သဗြေချောင်းရွာတွင် စိတ်ဝေဒနာခံစားနေရသည့်လူငယ်တစ်ဦးက ရေတွင်းထဲပစ်ချခဲ့သဖြင့် အသက် ၆နှစ်အရွယ် KG ကျောင်းသူကလေးငယ်တစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ကျောင်းသူကလေးငယ်မှာ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ညနေပိုင်းရောက်ချိန်အထိ အိမ်သို့ပြန်မလာသဖြင့် လိုက်လံရှာဖွေကြရာ အသက် ၂၀ကျော်အရွယ် ကိုလှိုင်ဇင်စိုးဆိုသူ ခေါ်ဆောင်သွားသည်ဟု သိရကြောင်း ဒေသခံတို့က ဆိုသည်။ အဆိုပါလူငယ်ကို စစ်ဆေးမေးမြန်းရာ ၎င်းပစ်ချထားခဲ့သည်ဆိုသည့် သဗြေချောင်းရွာရှိ ခြေမြန်တပ်ရင်း ခမရ ၄၀၁ အနီးက ရေတွင်းထဲ၌ ရုပ်အလောင်းကို တွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ရေတွင်းမှာ တွေ့တယ်။ အလောင်းကတော့ မနက်မှ (ထားဝယ်) ဆေးရုံ ပို့လိုက်တာလို့သိရတယ်” ဟု ၎င်းက ဆိုသည်။ သေဆုံးသည့် ကျောင်းသူကလေးငယ်၏ မိဘနှစ်ပါးမှာ ကွဲကွာထားကြသဖြင့် ကလေးငယ်မှာ အဘိုးအဘွားဖြစ်သူတို့နှင့် ၄၀၁ […]

ကလိန်အောင်တွင် အရန်မီးသတ်တပ်ခွဲမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခံရ

Dawei Watch

September 12, 2023

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့နယ်ခွဲ ၊ ကျောက်ရှပ်ကျေးရွာတွင် စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းက အရန်မီးသတ်တပ်ခွဲမှူး အသက် ၅ဝ ဝန်းကျင်အရွယ်ရှိ ဦးတင်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများကပြောသည်။ဥယျာဥ်ခြံမှ လမ်းလျှောက်ပြီး ပြန်လာစဥ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ညာဘက်လက်တွင်ဒဏ်ရာ ၂ ချက်ရခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ “မနေ့ညကတော့ ကလိန်အောင်ဆေးရုံတင်သွားတယ်။ ဒီမနက်တော့ ထားဝယ်က စစ်တပ်ဆေးရုံကိုပို့လိုက်ပြီ။ မစိုးရိမ်ရပါဘူး။ လက်ဖျံမှာ ဒဏ်ရာရသွားတာလောက်ပဲ “ ဟု ကျောက်ရှပ်ရွာသားတစ်ဦးကပြောသည်။ ဦးတင်ဦး ကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ စက်တင်ဘာလ ၁၂ ရက်ညနေပိုင်းအထိ ထုတ်ပြန်ခြင်းမရှိသေးပေ။ ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်ရှပ်ရွာသား ဦးသိန်းစိုးကို Spring Dhamma PDF အဖွဲ့က စစ်ကောင်စီနှင့်ဆက်သွယ်သည့် အထောက်အထားများ တွေ့ရှိရသဖြင့် ပစ်သတ်ခဲ့ကြောင်း ဩဂုတ်လ […]

အခြေခံပညာကျောင်းများတွင် ထားဝယ်စာပေ စတင်သင်ကြားတော့မည်ဟုဆို

Dawei Watch

September 12, 2023

ယခုပညာသင်နှစ်ထဲတွင် အခြေခံပညာစာသင်ကျောင်းများ၌ ထားဝယ်စာပေ စတင်သင်ကြားတော့မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ အခြေခံပညာကျောင်းတို့တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် မူလတန်း ဆရာ၊ ဆရာမ ၅၁ ဦးကို စက်တင်ဘာလ ၇ ရက်မှ ၉ ရက်အထိ ထားဝယ် အ.ထ.က (၁) တွင် ဆရာဖြစ်သင်တန်းပေးထားပြီးဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။ သင်တန်းဆင်း ဆရာ၊ ဆရာမများကို ပညာရေးဝန်ကြီးဌာနက ဘတ်ဂျတ်ချကာ ထားဝယ်စာပေသင်ကြားမှုအတွက် ထောက်ပံ့ကြေးပေးမည်ဖြစ်ကြောင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ယခုနှစ်ထဲတွင် စတင်သင်ကြားနိုင်ပြီဟု လမ်းညွှန်ထားကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။ “နိုင်ငံတော်က သူတို့ကို ထောက်ပံ့ကြေးပေးရမယ်။ ဒါပေမဲ့ ထောက်ပံ့ကြေးကို မစောင့်နဲ့။ ဘတ်ဂျတ်ဆိုတာကတော့ ကြာတာပေါ့နော်။ တို့က ဒီစာပေပြန့်ပွားဖို့နဲ့ ကလေးတွေသင်ရဖို့က အရေးကြီးတယ်ဆိုပြီး ဟိုနေ့ (စက်တင်ဘာ ၉ရက်) […]

ကံပေါက်ရွာသားမိသားစုဝင်သုံးဦး မောရဝတီရေတပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရ

Dawei Watch

September 11, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ မြသီတာရပ်ကွက်၌ နေထိုင်သူအမျိုးသားသုံးဦးကို စက်တင်ဘာလ ၇ ရက်ညတွင် မောရဝတီရေတပ်က လာရောက်ဖမ်းဆီးသွားပြီး ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။ အဖမ်းခံရသူတို့မှာ ဦးလှထွန်း၊ သားဖြစ်သူ ကိုဇူးနှင့် သားမက်ဖြစ်သူ ကိုမိုးထက်တို့ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် မြေယာကိစ္စအမှုရုံးချိန်းအပြီး ရေဖြူမြို့ကပြန်လာပြီးနောက် ယင်းနေ့ ညပိုင်းတွင် သုံးဦးစလုံး အဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ရုံးချိန်းက လိုင်းကားနဲ့ ပြန်လာတာ ပုံမှန်ပဲ။ ညနေပိုင်းအထိ သူတို့သားအဖတွေ သွားလာနေတာ တွေ့နေရသေး တယ်။ ညမှ လာခေါ်သွားတယ်။ အခုထိတော့ သုံးယောက်စလုံး ရေတပ်မှာရှိနေသေးတယ်” ဟု မြသီတာရပ်ကွက် နေသူတစ်ဦးက စက်တင်ဘာလ ၁၀ ရက်ညပိုင်းတွင် ပြောသည်။ ဦးလှထွန်းတို့နှင့် ရုံးချိန်းအတူလာသည့် […]

လောင်းလုံးတွင် ပျောက်ဆုံးနေသည့်ကလေးငယ်ကို တောထဲတွင် အသက်ရှင်လျက်ပြန်တွေ့

Dawei Watch

September 9, 2023

လောင်းလုံးမြို့၊ (က) ရပ်ကွက်တွင် စက်တင်ဘာလ ၈ ရက်နေ့က နေအိမ်မှ ပျောက်ဆုံးသွားသည့် ကလေးငယ်ကို အသက်ရှင်လျက်ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ကလေးပျောက်ဆုံးချိန်ကစပြီး ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့် မြို့ခံပရဟိတလူငယ်များ ပူးပေါင်းရှာဖွေခဲ့ရာ တစ်ရက်အကြာ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ပြန်လည်ရှာဖွေတွေ့ရှိကြောင်း ရှာဖွေကူညီသူများက ပြောသည်။ နေအိမ်မှ ၇ မိုင်ခန့်အကွာ ဒေသအခေါ် ရှစ်ငါးပင်တောင်ခြေရှိ ကျောက်ဖျာပေါ် ထိုင်လျက်တွေ့ရှိရခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ တာဝန်ယူသူတစ်ဦးက ဆိုသည်။ “တောနက်ကြီးထဲမှာ ပြန်တွေ့တယ်။ ပြင်ပဒဏ်ရာ ဘာမှမရှိပါဘူး။ တော်တော် ထူးဆန်းတယ်” ဟု ၎င်းက ပြောဆိုသည်။ ကလေးငယ်မှာ လမ်းလျှောက်တစ်ခါစ အသက် တစ်နှစ်နှင့် ရှစ်လအရွယ်ဖြစ်ပြီး စက်တင်ဘာလ […]