ထားဝယ်အရှေ့တောဒေသ ဝကုန်းကျေးရွာအနီး တိုက်ပွဲဖြစ်
Dawei Watch
June 17, 2023ထားဝယ်အရှေ့တောဒေသ ဝကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယနေ့ နေ့လယ် ၂ နာရီခွဲမှ ၄ နာရီကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “အခု ဝကုန်းနဲ့ ဗဲ့မဲ့တတ်ကြားမှာကို ကျွန်တော်တို့ပိတ်ဆို့ထားတယ်။ မနေ့ကတည်းက ဖြစ်နေတာပါ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ ညနေ ၄ နာရီခန့်တွင်ပြောဆိုသည်။ ဇွန်လ ၁၅ ရက်ကတည်းက ထားဝယ်မှ အရှေ့တောဒေသကိုဆင်းလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းမှာ ပကာရီကျေးရွာမှနေ၍ ရမ္မဇူနှင့် လိပ်ကြယ်ပြောင်ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဇွန်လ ၁၆ ရက်မှစကာ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ နှစ်ရက်ဆက်တိုက် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကြောင့် ဝကုန်းရွာမှ ဒေသခံများ နေအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင်နေသည့် […]


