ရငဲရွာတွင် နေအိမ်၃လုံးမီးရှို့ခံရ
Dawei Watch
October 17, 2023သရက်ချောင်းမြို့နယ် ၊ ရငဲရွာတွင် ယနေ့ (အောက်တိုဘာ ၁၇) မနက် ၇ နာရီခွဲဝန်းကျင် က နေအိမ် ၃ လုံး မီးရှို့ခံရကြောင်း ဒေသခံများထံကသိရသည်။ “အိမ် ၃ လုံးမီးရှို့ခံနေရပြီး မီးခိုးတွေတက်နေတာမြင်နေရတယ်။ မီးလောင်နေတာက ရွာအလယ်ပိုင်းကအိမ်တွေပါ “ ဟု ရငဲရွာသားတစ်ဦးကပြောသည်။ ယနေ့မနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကြားရပြီးနောက် မီးခိုးများတက်လာသည်ကိုမြင်ရကြောင်း ၎င်းကဆက်ပြောသည်။ ယင်းအသေးစိတ် အခြေအနေကိုမူ Dawei watch က စုံစမ်းနေဆဲဖြစ်သည်။ အောက်တိုဘာလ ၉ ရက်ကလည်း ရငဲကျေးရွာအုပ်စုတွင် နေအိမ်တစ်လုံး မီးရှို့ခံခဲ့ရသေးသည်။ ယခုနှစ် ဇွန်လကတည်းက စစ်ကောင်စီတပ်သည် ရငဲရွာ နှင့် ကနက်သီရီရွာတို့ကို စစ်ကြောင်းထိုးပြီးနောက် ရငဲရွာမြွေတောင်တွင် အခြေချတပ်စွဲနေထိုင်နေကြောင်း ဒေသခံများကပြောသည်။


