ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်အရှေ့တောတွင် သံသတ္တုမိုင်းမြေပြိုကျမှု လူလေးဦးသေဆုံး

Dawei Watch

October 20, 2023

ထားဝယ်အရှေ့တောဒေသ ဟိန္ဒားကျေးရွာအုပ်စု ဖွတ်လက်တိုရွာချောင်းဖျားရှိ သံသတ္တုမိုင်း မြေပြိုကျမှုကြောင့် ဒေသခံ လေးဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာလ ၁၆ ရက် ညသန်းခေါင်အချိန်ခန့်တွင် မိုင်းတွင်း မြေပြိုကျခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါသံသတ္တုမိုင်းကို တောင်ပိုင်းကမ္ဘာကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားတာဖြစ်ပြီး နယ်မြေလုံခြုံရေးအခြေအနေ ကြောင့် လုပ်ငန်းရပ်နားထားရာ ယင်းနေရာတွင် လွန်ခဲ့သည့်လေးလခန့်မှစတင်ကာ ဒေသခံများ ဝင်ရောက် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။ မြေပြိုကျမှုကြောင့် ဟိန္ဒားကျေးရွာက ဒေသခံအမျိုးသားတစ်ဦးမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ဖောင်းတော ကျေးရွာက အမျိုးသားတစ်ဦးမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးကြောင်း ဟိန္ဒားကျေးရွာက အမျိုးသားတစ်ဦးက ပြောသည်။ “ပြီးတော့ မြေစာပုံထဲမှာ ပိနေသူကျန်သေးတယ်ဆိုလည်းပြောတယ်။ ဟိန္ဒားက တစ်ယောက်ကတော့ ကျွန်တော်တို့ အရှေ့မှာပဲ အသုဘချသွားတာမြင်တယ်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ […]

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ မူးဒူးရွာတွင် နေအိမ်များ မီးရှို့ခံနေရ

Dawei Watch

October 20, 2023

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာထဲတွင်ရှိသော မူးဒူးရွာက နေအိမ်များ မီးရှို့ခံနေရကြောင်း ဒေသခံများကပြောသည်။ ယနေ့ အောက်တိုဘာလ ၂၀ ရက် နံနက်အစောပိုင်းကတည်းကစပြီး စစ်ကောင်စီတပ်က မီးရှို့နေခြင်းဖြစ်ကြောင်း မူးဒူးရွာ ဒေသခံတစ်ဦးက ဆိုသည်။ “အရေအတွက် အတိအကျမသိရသေးဘူး။ လောလောဆယ် ငါးဆောင်လောက်ပဲ သိထားတယ်” ဟု ၎င်းက ပြောဆိုသည်။ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းသည် အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းကစပြီး စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ ထို့ကြောင့် မူးဒူးရွာက ဒေသခံအများစုမှာ နေအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင့် ဒေသခံများထံမှ သိရသည်။ “ဒီမနက် မူးဒူးဖက်က မီးခိုးတွေတက်နေတာ ကျွန်မတို့မြင်ရတယ်” ဟု နဘုလယ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကြောင်းဝင်လာသောကြောင့် ဧကနိ၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ရငဲ၊ ဝါးဇွမ်းတော၊ ရလိုင်၊ […]

ရန်ကုန်-ထားဝယ်လမ်းပိုင်းတွင် အငှားယာဉ်မောင်းတစ်ဦး ဖမ်းဆီးခံရပြီး ၁၇ရက်ကြာအထိ သတင်းမရ

Dawei Watch

October 19, 2023

ရန်ကုန်-ထားဝယ် အဝေးပြေးကားလမ်း ရေးမြို့နယ်အပိုင်းတွင် အငှားယာဉ်မောင်းတစ်ဦး ကားနှင့်အတူ ဖမ်းဆီးခံရပြီး ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာသည်အထိ အဆက်အသွယ်မရကြောင်း ၎င်းယာဉ်မောင်း၏ မိသားစုနှင့် နီးစပ်သူများထံက သိရသည်။ ပျောက်ဆုံးနေသူမှာ လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာဇာတိ ဦးကြူဝင်းသိန်းဆိုသူဖြစ်ပြီး အောက်တိုဘာလ ၂ ရက် တွင် ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ သွားရောက်စဉ် ရေးမြို့နယ်အထွက် ခမရ ၅၆၈ တပ်ရင်းအလွန်တွင် လက်နက်ကိုင် အဖွဲ့တစ်ခုက ဖမ်းဆီးခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးပြောသည်။ အဆိုပါအဖမ်းခံရသည့် ယာဉ်မောင်း၏ Probox ကားတွင် လိုက်ပါလာသည့်ခရီးသည် သုံးဦး၏ ပြန်လည် ပြောပြချက်အရ အဖမ်းခံရသည်ကို သိရှိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ အောက်တိုဘာလ ၂ ရက် နံနက် ၉နာရီတွင် Probox ကားအား လမ်းပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက တား၍ […]

ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်ကောင်စီစစ်ကြောင်း ထပ်ရောက်လာ၍ ဒေသခံများစစ်ဘေးရှောင်

Dawei Watch

October 19, 2023

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်ကောင်စီစစ်ကြောင်း ယနေ့(အောက်တိုဘာ ၁၉) မနက်ပိုင်းက ထပ်မံရောက်ရှိလာသဖြင့် ဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးနေကြရသည်။ စစ်ကောင်စီစစ်ကြောင်းမှာ ရေဖြူမြို့၏အနောက်ဖက် ကင်းတံတားနှင့် လောင်းလုံးမြို့ ပန်းတင်အင်းရွာများဘက် ဝင်ရောက်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။ “မနက်ကလက်နက်ကြီး နှစ်ချက်လောက်ကြားရတယ်။ ကင်းတံဝာားဘက်၊ လောင်းလုံးကလာတဲ့ စစ်ကြောင်းကလည်း မူးဒူးဘက်ရောက်နေတယ်လို့သိရတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကြောင်းဝင်လာသည့်သတင်းကြောင့် ဧကနိ၊ဝက်ချောင်း၊ခမောင်းချောင်း၊ ရငဲ၊ဝါးဇွမ်းတော၊ရလိုင်၊ ပု‌ ဂေါဇွန်း စသည့် ကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။ “ရွာပြန်လာတာ လေးရက်ပဲရှိသေးတယ်။ အခု ပြန် ပြေးနေရပြန်ပြီ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ရေဖြူမြို့နယ်၊ ခမောင်းချောင်းရွာသူတစ်ဦး အောက်တိုဘာ ၁၄ ရက်နေ့က ဝက်ချောင်းရွာတံတားအနီး ပစ်သတ်ခံရပြီးနောက် ငါးရက်အကြာ ယနေ့မနက်ပိုင်းမှစပြီး စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်း ရောက်ရှိလာခြင်းဖြစ်သည်။ ယင်းအမျိုးသားမီးမှာ စက်တင်ဘာ […]

ထားဝယ်ဒေသက မိဘဘိုးဘွားများကို စပရိုက်လက်ဆောင်ပေးခိုင်းသည့်ငွေကျပ် ၁ဝသိန်းလိမ်လည်ခံရ

Dawei Watch

October 19, 2023

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မြို့ဟောင်းရွာက မိဘဘိုးဘွားများထံ စပရိုက်လက်ဆောင် ပေးခိုင်းသည့် ငွေကျပ် ၁၀ သိန်း အလိမ်ခံရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ မလေးရှားတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် သားသမီးမြေးများစုပေါင်းကာ မိဘဘိုးဘွားများကို စပရိုက် လက်ဆောင်ပေးရန် KK Gifts Shop& Group Service- Dawei-(KK) အမည်ဖြင့် Facebook စာမျက်နှာကို အလုပ်အပ်ခဲ့ပြီး ငွေကျပ် ၁၀ သိန်း အောက်တိုဘာလ ၁၁ရက်က လွှဲပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ အောက်တိုဘာလ ၁၈ ရက်တွင် မိဘဘိုးဘွားများကို စပရိုက်လက်ဆောင်ပေးရမည့်နေ့ဖြစ်ပြီး အောက်တိုဘာလ ၁၇ရက်က အထက်ပါ Page မက်ဆင်ဂျာမှ ဆက်သွယ်ရာ အဆက်အသွယ်ရသေးကြောင်း အဆိုပါမိသားစုဝင်က ပြောဆိုသည်။ အောက်တိုဘာလ ၁၈ရက် နံနက်တွင်မူ အဆိုပါ Page […]

ထားဝယ်တက္ကသိုလ် ကျောင်းသားတစ်ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ်

Dawei Watch

October 18, 2023

ထားဝယ်တက္ကသိုလ် ကျောင်းသားတစ်ဦးကို စစ်ကောင်စီ၏ ထားဝယ်အကျဥ်းထောင်တွင်း တရားရုံးမှ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်ဟု မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ ထားဝယ်တက္ကသိုလ် ၊ ဒဿနိကဗေဒဘာသာရပ်အထူးပြု ၊ ဒုတိယနှစ်ကျောင်းသား ကိုလင်းထက်ဖြိုးကို အောက်တိုဘာ ၁၆ တွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။ ကိုလင်းထက်ဖြိုးကို ဇူလိုင်လ ၂၆ ရက် က ထားဝယ်မြို့ရှိ နေအိမ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ပုဒ်မများဖြစ်သည့် ပုဒ်မ ၅ဝ(ည) ၊ ပုဒ်မ ၅၂ (က) တို့ဖြင့် တရားစွဲဆိုပြီးနောက် ၂ လ ကျော်အကြာတွင် ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။ “ အမိန့်က အပြီးသတ်အမိန့်ပါပဲ။ နောက်ထပ်အမှုထပ်မရှိတော့ဘူး“ ဟု ကိုလင်းထက်ဖြိုး၏ မိတ်ဆွေတစ်ဦးကပြောသည်။ ကိုလင်းထက်ဖြိုး သည် ထားဝယ်ဒေသခံ […]

သပိတ်မျှောပွဲ နီးကပ်လာသော်လည်း သပိတ်အိုးဝယ်သူနည်း

Dawei Watch

October 18, 2023

သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိသော ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော် နီးကပ်လာသော်လည်း သပိတ်အိုးဝယ်သူမရှိသလောက် ဖြစ်လာသည်ဟု သပိတ်အိုးရောင်းသူအချို့က ပြောသည်။ ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့တွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသော်လည်း ကိုဗစ်ကာလနှင့် စစ်အာဏာသိမ်း ကာလများတွင် ပွဲလမ်းသဘင်များမရှိသဖြင့် သပိတ်ရောင်းအားမှာ လေးနှစ်ဆက်တိုက် ကျနေသည်ဟု အိုးလုပ်ငန်းလုပ်သူအချို့က ပြောသည်။ ကိုဗစ်မတိုင်ခင်က တစ်နှစ်လျှင် သပိတ်အိုးအလုံးရေ နှစ်သောင်းနီးပါးခန့် ထုတ်လုပ်ရောင်းချခဲ့ရသော်လည်း ကိုဗစ်ကာလတွင် သုံးပုံနှစ်ပုံခန့် လျော့ကျခဲ့သည်ဟု ၎င်းတို့ထံမှသိရသည်။ အာဏာစသိမ်းသည့်နှစ်က အလုံးရေ ခြောက်ထောင်ခန့် ရောင်းခဲ့ရသော်လည်း ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ်တွင် သီတင်းကျွတ်ကာလနီးသည်အထိ အလုံးရေ ၁၀၀၀ ကျော်သာ ရောင်းရသေးသည်ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။ “အခုက အခြေနေဆိုးလာတယ်မဟုတ်လား၊ ရွာတွေမှာ လူရှိလား၊ နခံတောလိုနေရာမှာတောင် ပြေးနေကြရသေးတာ၊ ကနက်သီရိရွာတွေဘက်ဆိုလည်း လူမရှိကြဘူး၊ ပြေးနေကြရတာ၊ တစ်နှစ်ထက်တစ်နှစ် […]

ထားဝယ်တွင် နိုင်ငံရေးအကျဉ်းသူတစ်ဦး ထောင်ဒဏ် ၃၂နှစ်ထပ်ချခံရ၊ ထောင်ဒဏ် ၄၄ နှစ်အထိဖြစ်လာ

Dawei Watch

October 17, 2023

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲခံထားရသော နိုင်ငံရေးအကျဉ်းသူတစ်ဦးကို ထားဝယ်ခရိုင် တရားရုံးက ထောင်ဒဏ် ၃၂နှစ် ထပ်မံချမှတ်လိုက်ပြီး စုစုပေါင်းထောင်ဒဏ် ၄၄နှစ်အထိ ရှိလာကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) ထံမှ သိရသည်။ ပြစ်ဒဏ်ချမှတ်ခံရသည့် နိုင်ငံရေးအကျဉ်းသူမှာ မယဉ်ယဉ်ချိုဖြစ်ပြီး ထားဝယ်ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသူ များထဲတွင် အမြင့်ဆုံးထောင်ဒဏ်ချခံထားရသူဖြစ်ကြောင်း DPPN အဖွဲ့ဝင်တစ်ဦးက ပြောသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ ခုဖြင့် တရားစွဲခံထားရခြင်းဖြစ်ပြီး ယင်းအနက် တော်လှန်ရေးအဖွဲ့များကို ငွေကြေးထောက်ပံ့သည်ဆိုကာ ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၂ နှစ်ကို ယခုနှစ် မေလတွင် ချမှတ်ခံရကြောင်း DPPN ထံမှ သိရသည်။ ကျန်ရှိသော အမှု ၄ မှုအတွက် ယခု အောက်တိုဘာလ ဒုတိယအပတ်တွင် ထောင်ဒဏ် ၃၂ နှစ် […]