ရေဖြူ ဖောင်းတောရွာတွင် အမျိုးသမီးလေးဦးအဖမ်းခံရ
Dawei Watch
June 22, 2023ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဖောင်းတောရွာ၌ ဇွန်လ ၂ဝရက် ညပိုင်းတွင် အသက် ၄၀နှင့် ၅၀ ကြားအရွယ်ရှိ အမျိုးသမီးလေးဦးကို မောရဝတီရေတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားကြောင်း ရွာသားများထံက သိရသည်။ ဇွန်လ ၂ဝရက် ည ၇ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်သားများ ဖောင်းတောကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး အမျိုးသမီးလေးဦးကို ဖမ်းဆီးပြီးနောက် ည ၁၀ နာရီဝန်းကျင်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ရွာသားများက ပြောသည်။ အဖမ်းခံရသူများမှာ ဒေါ်စုဝေ၊ ဒေါ်နှင်းမြင့်နှင့် ညီအစ်မများဖြစ်ကြသည့် ဒေါ်မီးချို၊ ဒေါ်မီးလေးတို့ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဇွန်လ ၁၉ ရက်နေ့က ပန်းသပိတ်လုပ်တုန်းက အွန်လိုင်းပေါ်မှာတင်ထားတဲ့ ပုံတွေနဲ့ လိုက်လာပြီးဖမ်းသွားတယ်” ဖောင်းတောကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသမီးလေးဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးကာ မည်သည့်နေရာတွင်စစ်ဆေးနေသည်တို့ကို သီးခြားအတည်ပြုနိုင်ခြင်း […]


