သရက်ချောင်း ရွှေဂူတံတားစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ
Dawei Watch
June 27, 2023သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်ကားလမ်းမရှိ စစ်ကောင်စီတပ်၏ ရွှေဂူတံတားစစ်ဆေးရေးဂိတ် ဇွန်လ ၂၆ရက်က တိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ဇွန်လ ၂၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်က ရွှေဂူစစ်ဆေးရေးဂိတ်ကို သွားရောက် တိုက်ခိုက်ပြီး နှစ်ဖက်ပစ်ခတ်မှု မိနစ် ၃၀ ကြာဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ရွှေဂူတံတား စစ်ဆေးရေးဂိတ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ကြားရကြောင်း စစ်ဆေးရေးဂိတ်အနီးရှိ ညောင်ဇင်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “လက်နက်ကြီး ပစ်သံကနည်းနည်းပဲ။ လက်နက်ငယ်ပစ်သံတွေ အများဆုံးကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုတွင် နှစ်ဖက်ထိခိုက်မှု အသေးစိတ်အခြေအနေကို မသိရသေးပေ။ ထားဝယ်မှ သရက်ချောင်းမြို့နယ်ဘက်သို့လာလျှင် ရှင်မုတ္ထီး၊ ရောင်းမော်၊ စော်ဝရွာနှင့် ရွှေဂူစစ်ဆေးရေးဂိတ်ရှိပြီး ထိုမှတစ်ဆင့်သွားလျှင် ညောင်ဇင်ရွာ၊ ရန်တောင်၊ […]


