ရှင်မုတ္ထီးကျေးရွာက အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ပစ်သတ်
Dawei Watch
November 29, 2023ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာမှ နေအိမ်များကို ဝင်ရှောက်ရှာဖွေစစ်ဆေးနေသည့် စစ်ကောင်စီတပ်က အမျိုးသမီးတစ်ဦးကို ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ဒေသခံအချို့က ပြောသည်။ “စစ်သားတွေက အိမ်တံခါးဖွင့်ပေးဖို့အပြင်ကနေ ပြောတာကို သူတို့သားမိနှစ်ယောက်က ကြောက်လန့်တကြားနဲ့ အိမ်နောက်ကနေ ထွက်ပြေးတယ်ဆိုပြောတယ်။ အဲ့မှာ စစ်သားတွေက သေနတ်နဲ့ပစ်လို့ သေသွားတယ်ဆိုပြောတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဖြစ်စဉ်ကို ရှင်းပြသည်။ သေဆုံးသူ အမျိုးသမီးမှာ အသက် ၅၀ ကျော်အရွယ် ဒေါ်မြင့်ဖြစ်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့ညက ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ ရှင်မုတ္ထီးကျေးရွာတွင် သေနတ်ပစ်ဖောက်ကာ အိမ်များကိုမွှေနှောက်ရှာဖွေသလို လူများကိုလည်း စစ်ဆေးမေးမြန်းခဲ့သည်ဟု ဒေသခံများကပြောသည်။ ယင်းအပြင် စစ်ကောင်စီတပ်သည် ကင်းရှေ့ရွာထဲမှ နေအိမ်များကိုလည်း တစ်အိမ်တက် တစ်အိမ်ဆင်း မွှေနှောက်ရှာဖွေခဲ့သည်ဟု ယင်းရွာက အမျိုးသမီးတစ်ဦးက ပြောသည်။ “လူရှိတဲ့အိမ်က လူတွေကို […]


