ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ ဖခင်ကို စစ်ကောင်စီကအမှုဖွင့်
Dawei Watch
August 14, 2023ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီတာဝန်ခံ ကိုမင်းလွင်ဦး၏ ဖခင်ဖြစ်သူ ဦးအောင်ဖေကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုလိုက်သည်။ ဖမ်းဆီးထားခံရပြီး မိသားစုနှင့် ၅၅ ရက်ကြာ တွေ့ခွင့်မပေးခဲ့သည့် ဦးအောင်ဖေကို ဩဂုတ်လ ၁၃ ရက်တွင် မိသားစုနှင့် တွေ့ခွင့်ပေးမည်ဖြစ်ကြောင်း နှင့် ၅၀၅(က) ဖြင့်တရားစွဲထားပြီဖြစ်ကြောင်း စစ်ကောင်စီက ဩဂုတ်လ ၁၂ ရက်တွင် မိသားစုအား အကြောင်းကြားခဲ့သည်။ ဇွန်လ ၁၉ ရက်တွင် လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာရှိ ကိုမင်းလွင်ဦး၏ မိဘများနေအိမ်ကို စစ်ကောင်စီတပ်က ကား ၄ စီးဖြင့် လာရောက်ရှာဖွေခဲ့ပြီး ဦးအောင်ဖေကို အနီနားရှိ နေအိမ်တစ်အိမ်မှ လူငယ်တစ်ဦးနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ “ဇွန် ၁၉ ရက် အိမ်ကိုဝင်ရှာတုန်းက […]


