ထားဝယ်မြို့ရှိ မေတ္တာရိပ်ဆေးခန်း အပြီးပိတ်
Dawei Watch
November 3, 2025နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)၏ လုပ်ငန်းများရပ်နားလိုက်ပြီဖြစ်သည့်အတွက် ထားဝယ်မြို့တွင် ဖွင့်လှစ်ထားသည့် မေတ္တာရိပ်ဆေးခန်းကို အပြီးသတ်ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း MSF အဖွဲ့နှင့် နီးစပ်သူအချို့ထံမှသိရသည်။ အောက်တိုဘာလမှစကာ မေတ္တာရိပ်ဆေးခန်းဝန်ထမ်းများ အပါအဝင် MSF၏ ဝန်ထမ်းအားလုံးနီးပါးကို လုပ်သက်အလိုက်ခံစားခွင့်ပေးကာ အပြီးသတ်ပိတ်လိုက်ပြီဖြစ်ကြောင်း အထက်ပါနီးစပ်သူအချို့က ဆိုသည်။ ယခုနှစ် ဇွန်လ ဒုတိယအပတ်အတွင်း MSF (ထားဝယ်)ရုံးက တာ၀န်ရှိသူအချို့ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးပြီးနောက် မေတ္တာရိပ်ဆေးခန်းကို ယာယီရပ်နားထားရာက အောက်တိုဘာလမှစကာ အပြီးသတ်ပိတ်လိုက် ခြင်းဖြစ်ကြောင်း MSF(ထားဝယ်) နှင့် နီးစပ်သည့် ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။ ထားဝယ်မြို့ရှိ မေတ္တာရိပ်ဆေးခန်းတွင် ရေရှည်ကုသရမည့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်စသည့် လူနာအရေအတွက် ခြောက်ထောင်ဝန်းကျင် ပုံမှန်လာပြနေကြောင်း ၎င်းက ဆိုသည်။ ခက်ခဲကျပ်တည်းနေချိန်တွင် ဆေးခန်းကိုအပြီးပိတ်လိုက်ရသည့်အတွက် လူနာများ အခက်အခဲကြုံတွေ့နေကြကြောင်း အထက်ပါ နီးစပ်သူက ပြောသည်။ […]


