ထားဝယ်အရှေ့တောနယ်ကို ဆန်သယ်ယူခွင့်လုံးဝပိတ်လိုက်ပြီ
Dawei Watch
August 18, 2023ထားဝယ်မြို့နယ်၊ အရှေ့တောနယ်မြေကို စစ်ကောင်စီတပ်ဂိတ်များက ဆန်သယ်ယူခွင့်လုံးဝ ပိတ်ပင်ထားကြောင်း ဒေသခံများနှင့် ကားသမားအချို့က ပြောသည်။ ပြီးခဲ့သည့်နှစ်ကတည်းက စစ်ကောင်စီတပ်ဂိတ်က ဆန်အိတ် အများအပြားသယ်ယူခွင့်ကို ကန့်သတ်ပိတ်ပင် ထားသည်။ သို့သော် ဒေသတွင်း စားရေးသောက်ရေးအတွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသူတို့အား အကျိုးအကြောင်း ပြောပြ နားလည်မှုယူကာ ဂိတ်ကြေးပေး၍ ဆန်အိတ်အနည်းငယ် သယ်ယူခွင့်ရခဲ့ကြောင်း ဒေသခံများနှင့် ကားသမားအချို့ထံမှ သိရသည်။ ၎င်းတို့ခွင့်ပြုချက်မရဘဲ ဆန်အိတ်အများအပြားသယ်ယူလာပါက လူကိုဖမ်းပြီး ကားပေါ်တွင် ပါလာသည့် ဆန်အိတ်များကိုလည်း သိမ်းဆည်းလေ့ရှိကြောင်း ၎င်းတို့က ဆိုသည်။ သို့သော် ယခုဩဂုတ်လ ဒုတိယအပတ်ကစပြီး ဆန်သယ်ယူခွင့် လုံးဝ မရတော့ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ကားသမားအချို့က ပြောသည်။ “လုံးဝ မတင်ခိုင်းဘူး။ အခုတော့ ဆန်တစ်ပြည်တောင် ယူဆောင်လို့မရဘူး။ အခုဆိုဆန်တွေ ပြတ်နေကြပြီ” ဟု ထားဝယ်အရှေ့တောဒေသကို […]


