ထားဝယ်မြစ်အတွင်း ပုပ်ပွနေသည့်အမျိုးသားအလောင်း နှစ်လောင်းတွေ့
Dawei Watch
August 22, 2023ထားဝယ်မြစ်အတွင်း မင်းရပ်ကူးတို့ဆိပ်အနီး ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ပုပ်ပွနေပြီး မျောပါနေသည့် အမျိုးသားရုပ်အလောင်း နှစ်လောင်းတွေ့ရှိကြောင်း ဒေသခံထံမှ သိရသည်။ မွန်းလွဲ ၁ နာရီခွဲခန့်တွင် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိပြီး နောက်တစ်နာရီဝန်းကျင်ခန့်အကြာတွင် နောက်ထပ် အလောင်းတစ်လောင်း ထပ်မံတွေ့ရှိကြေင်း သွားရောက်ကြည့်ရှုသည့် ဒေသခံတစ်ဦးက ပြောသည်။ “တစ်လောင်းက ဘာဒဏ်ရာမှမတွေ့ရဘူး။ နောက်တစ်လောင်းကတော့ ခြေပြတ်နေတဲ့သူ ဖြစ်နိုင်တယ်။ သူ့မှာ ဦးခေါင်းဒဏ်ရာလည်း ရထားတာမျိုးတော့ တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါ ရုပ်အလောင်းနှစ်လောင်းကို ယင်းနေ့ ညနေပိုင်းတွင် အရေးပေါ်ကားဖြင့် သီးခြားစီ လာရောက်သယ်ယူသွားသည်ကို တွေ့ရှိရကြောင်း ဒေသခံအချို့က ဆိုသည်။ အဆိုပါအမျိုးသားနှစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်အကြောင်းအရင်းကြောင့် သေဆုံးခဲ့သည်ကို အသေးစိတ် မသိရသေးပေ။ ဩဂုတ်လ ၂၁ ရက်နေ့က ထားဝယ်နာရေးကူညီမှုအသင်း၏ […]


