လောင်းလုံးလမ်းပိုင်းတွင် အမျိုးသမီးတစ်ဦး ဓားထောက်လုယက်ခံရ
Dawei Watch
September 16, 2023လောင်းလုံးမြို့နယ် မင်းရပ်ရွာနှင့် သာယာကုန်းရွာကြား လမ်းပိုင်းတစ်နေရာတွင် အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး ဓားထောက်လုယက်ခံရကြောင်း လုယက်ခံရသည့်အမျိုးသမီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ လောင်းလုံးမြို့နယ်ရှိ ဇာတိရွာမှ ထားဝယ်သို့ ဆိုင်ကယ်ဖြင့်လာစဉ် မင်းရပ်ရွာနှင့် သာယာကုန်းရွာကြားရှိ လူပြတ်သည့် နေရာတွင် စက်တင်ဘာလ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်က လုယက်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဆိုင်ကယ်သုံးစီးဖြင့် အမျိုးသားသုံးဦး နောက်ကလိုက်လာပြီး ဆိုင်ကယ်ရပ်ရန်ပြောဆိုသဖြင့် ဆိုင်ကယ်ရပ်လိုက်စဉ် ဘေးလွယ်အိပ်ထဲမှ ငွေသားနှစ်သိန်းကျော်ကို ဦးစွာယူ၍ ဓားဖြင့် ခန္ဓာကိုယ်ကိုထောက်ကာ ဆွဲကြိုးတစ်ကုံးကိုပါ လုယူသွားကြောင်း ကာယကံရှင်အမျိုးသမီးနှင့် နီးစပ်သူက ပြောဆိုသည်။ “ဓားက ခလုတ်နှိပ်ရင်ထွက်လာတဲ့ ဓားပါ။ လက်စွပ်ကို ဖြုတ်ဖို့လုပ်နေတုန်းမှာ ဆိုင်ကယ်တစ်စီးရောက်လာတာမြင်လို့ ထွက်ပြေးသွားတယ်။ လွယ်အိတ်ထဲက သကြားလုံးပါ မကျန် ယူသွားတယ်လို့ ပြောတယ်” […]


