ထားဝယ် ကျောက်ထုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ရှစ်ဦးဖမ်းမိ
Dawei Watch
January 26, 2024ထားဝယ်မြို့နယ် ဘန်းချောင်းဒေသက ကျောက်ထုစစ်ဆင်ရေးအခြေကုတ်စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းများနှင့် အတူ စစ်ကောင်စီတပ်သား ရှစ်ဦးကို အရှင်ဖမ်းမိကြောင်း KNLA တပ်ရင်း (၂၇)နှင့် တပ်ရင်း (၁၂) က တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ ကျောက်ထုစခန်းကို ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် စတင်တိုက်ခိုက်ခဲ့ပြီး တစ်ရက်အကြာ ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ကျောက်ထုစခန်းမှာ တနင်္သာရီတိုင်းတွင် တော်လှန်ရေးတပ်များက ပထမဆုံးအကြိမ် သိမ်းယူနိုင်ခဲ့သည့် စခန်းဖြစ်သည်။ “စကစဘက်က ၁၅ ယောက်သေဆုံးတယ်။ ကျွန်တော်တို့ ဖမ်းမိတာကတော့ ၈ ယောက်ပေါ့။ သူ့ရဲ့ မိန်းမတယောက်ပါဆို ၉ ယောက်ပေါ့။ လက်နက်ခဲယမ်းကတော့ ကျွန်တော်တို့ […]


