ဇဟာရွာတွင် အမျိုးသမီးတစ်ဦးမိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး
Dawei Watch
March 12, 2024ထားဝယ်မြို့နယ် ဇဟာရွာတွင် မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ မိုင်းနင်းမိသူမှာ အသက် ၆၀ ဝန်းကျင်ရှိ ဇဟာရွာသူ ဒေါ်နှင်းမူဖြစ်ပြီး ဇဟာရွာကားလမ်းမ၏ အရှေ့ဘက်ရှိ ၎င်း၏ဥယျာဉ်ခြံထဲတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူက ခြံထဲမှာ သီဟိုစေ့ သွားကောက်တယ်။ ခြံအလယ်မှာပဲ ဖြစ်သွားတာ” ဟု ၎င်းက ပြောဆိုသည်။ ဒေါ်နှင်းမူသည် လက်ရှိတွင် ထားဝယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇဟာရွာတွင် ဖေဖော်ဝါရီလမှ ယနေ့အထိ နှစ်လတာအတွင်း မိုင်းနင်းမိသူ သုံးဦးအထိရှိလာပြီ ဖြစ်သည်။ မိုင်းနင်းမိသည့်ဒဏ်ရာဖြင့် ဇဟာရွာသား အမျိုးသားတစ်ဦးသေဆုံးကာ နောက်အမျိုးသားတစ်ဦးနှင့် (ဒေါ်နှင်းမူ) အမျိုးသမီးတစ်ဦး ခြေထောက်ဖြတ်လိုက်ရသည်။ မိုင်းနင်းမိသူသုံးဦးစလုံးမှာ […]


