ကံပေါက်ရွာဒေသခံများကို စစ်ကောင်စီဖမ်းဆီး
Dawei Watch
November 5, 2023ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာ တွင် နိုဝင်ဘာလ ၄ ရက် ညပိုင်းက ရွာအဝင်သစ်တောလမ်းဆုံ စစ်ဆေးရေးဂိတ်အနီးတွင် စစ်ကောင်စီက သေနတ်ပစ်ခတ်မှုများ လုပ်ခဲ့ပြီး ဒေသခံ ၃ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။ သစ်တောလမ်းဆုံအနီးရှိ မဂ္ဂင်ရပ်ကွက်၊ ရဲရင့်ချောင်း၊ ဆင်ရံတံတားအနီးတွင် အရက်ထိုင်သောက် နေသူတစ်စုကို ခြောက်လှန့်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ယင်းနောက် ဆင်ရံတံတားအနီးရှိ အရက်ဆိုင်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး အမျိုးသား ၃ ဦးကို ဖမ်းခေါ်သွားခဲ့ကြောင်း ဆင်ရံတံတားအနီး နေထိုင်သူများကဆိုသည်။ “ သေနတ်နဲ့လှန့်ပစ်တော့ အရက်သောက်နေတဲ့လူတွေက အရက်ဆိုင်ထဲဝင်ပြေးသွားတာကို စစ်တပ်က ကားတွေနဲ့ အရက်ဆိုင်ကိုလာဝိုင်းပြီး ဖမ်းသွားတယ်။ လာဝိုင်းတာ ကားတွေတော်တော်များများပါတယ် အိမ်စီးကားတွေရော၊ စစ်ကားတွေရောပါတယ်“ ဟု မဂ္ဂင်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။ အဖမ်းခံရသူများ၏ အချက်အလက်အသေးစိတ်ကိုမူ မသိရှိရသေးပေ။ ယင်းဖြစ်စဥ်အပြီးတွင် စစ်ကောင်စီတပ်ကားများ […]


