ထားဝယ်မြို့လယ်ရှိ တံတားနှစ်စင်းကို စစ်ကောင်စီထပ်ပိတ်ပြန်
Dawei Watch
March 15, 2024ထားဝယ်မြို့လယ်ရှိ ဘုမ္မော်ချောင်းကူးတံတားနှစ်စင်းကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၁၅ ရက်တွင် ထပ်ပိတ်လိုက်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ အဆိုပါ ဘုမ္မော်ချောင်းမှာ မြို့ မြောက်ဘက်အပိုင်းနှင့် တောင်ဘက်ကို ဖြတ်သန်းစီးဆင်းနေသည့်ချောင်းဖြစ်ပြီး ယင်းချောင်းပေါ်တွင် တံတား ၆ စင်းရှိသည်။ မတ်လ ၈ ရက်နေ့ကလည်း ဘုမ္မော်ရပ်ကွက်အရှေ့ပိုင်း စမ္မစကြဘုန်းကြီးကျောင်း အရှေ့ရှိ တံတားကို သံဆူးကြိုးများဖြင့် အခိုင်အမာကာရံကာ ဖြတ်သန်းခွင့်ပိတ်ခဲ့သည်။ ယနေ့နံနက်တွင်မူ ဘုမ္မော်ရပ်ကွက်အလယ်ပိုင်းရှိ ဗိုလ်သန်းကြည်တံတား၊ ပတ္တလားတံတားကို ထပ်မံပိတ်ပင်လိုက်ကြောင်း မြို့ခံအချို့က ဆိုသည်။ တော်လှန်ရေးတပ်များ ဝင်လာခဲ့ဖူးသည့်အတွက် ယင်းကဲ့သို့ ပိတ်လိုက်ခြင်းဖြစ်နိုင်ကြောင်း ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။ “အဓိက ကတော့ လုံခြုံရေးအခြေအနေကြောင့် ပိတ်ချလိုက်တာလို့ ထင်တယ်။ လုံခြုံရေးဆိုတာက သူတို့ (စကစ) လုံခြုံရေးကို ပြောတာပါ”ဟု အထက်ပါ […]


