ရောင်းမော်ရွာက ရော်ဘာသွားခြစ်သည့် အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရ
Dawei Watch
November 9, 2023ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာက အမျိုးသမီးတစ်ဦး ရော်ဘာခြစ်ရန်သွားစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ နိုဝင်ဘာလ ၈ ရက် နံနက် ၄ နာရီတွင် ရော်ဘာခြံသို့သွားစဉ် ရောင်းမော်ရွာ စာသင်ကျောင်းအနီးတွင် ပျူစောထီးတို့က သေနတ်ဖြင့် ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။ ပစ်ခတ်ခံရသူမှာ အသက် ၃၈ ခန့်ရှိ ဒေါ်ရီရီချိုဖြစ်ပြီး အလှူသွားရန်ရှိသဖြင့် ရော်ဘာခြစ်သွားရန် စောစော သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “အခု ပစ်ခံရတဲ့ စာသင်ကျောင်းက သူတို့အိမ်နဲ့ နီးနီးလေးပဲ။ ထိတာက ရင်ဘတ်မှာပဲ နှစ်ချက်လို့ပြောတယ်။ ထားဝယ်ဆေးရုံကြီးမှာ (ဆေးကုသမှုခံယူနေရတယ်) လို့ ပြောတယ်” ဟု ဒေါ်ရီရီချို၏ သူငယ်ချင်းဖြစ်သူ အမျိုးသမီး တစ်ဦးက ပြောသည်။ ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးရုံးခန်းမှာ ရောင်းမော်ရွာစာသင်ကျောင်းနှင့် ကပ်လျက်ဖွင့်ထားတာဖြစ်ပြီး […]


