မေတ္တာမြို့တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သား အလောင်း ၁၄ လောင်းတွေ့
Dawei Watch
March 20, 2024မေတ္တာမြို့တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သား အလောင်း ၁၄ လောင်းတွေ့ရကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်းမှူးက ပြောသည်။ စစ်ကောင်စီတပ်သားများနှင့်အတူ အရပ်သားပြည်သူ ၄ ဦးလည်း သေဆုံးနေသည်ကို တွေ့ရဟု ၎င်းကဆိုသည်။ မတ်လ ၉ ရက်နေ့က ကျောက်မဲတောင်စခန်းမှ မေတ္တာဗျူဟာစခန်းကို ထိုးဖောက်ဝင်ရောက်သည့် အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၁၀ ဦးကျော်ကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။ အဆိုပါ စစ်ကြောင်းနှင့် KNLA၊ PDF ပူးပေါင်းတပ်တို့ မတ်လ ၁၀ ရက်မှ ၁၅ ရက်အထိ မေတ္တာမြို့တွင် ၆ ရက်ဆက် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု KNU၊ KNLA၊ PDF […]


