လောင်းလုံး သဗျာရွာသားနှစ်ဦး ၁၀ရက်ကျော်ကြာ ဖမ်းဆီးစစ်ဆေးခံရပြီး ပြန်လွတ်
Dawei Watch
November 11, 2025လောင်းလုံးမြို့နယ်၊ အနောက်သဗျာရွာသို့ စစ်အာဏာရှင်တပ်စစ်ကြောင်းဝင်ရောက်ချိန် ဖမ်းဆီးသွားသည့် ရွာသားနှစ်ဦး ၁၁ ရက်ကြာ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုနှင့်နီးစပ်သည့် ဒေသခံများထံမှ သိရသည်။ ပြန်လွတ်လာသူနှစ်ဦးမှာ အသက် ၅၀ကျော်အရွယ် ဦးလှအေးနှင့် အသက် ၃၀ကျော်အရွယ် ကိုညီလေးဆိုသူတို့ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာလ ၃၁ရက်တွင် ၎င်းတို့နှစ်ဦးကို အနောက်သဗျာရွာသို့ ရောက်ရှိလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းက အခြားရွားသားတစ်ဦးနှင့်အတူ ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူ သုံးဦးအနက် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ဦးလှအေးနှင့် ကိုညီလေးတို့ကိုမူ စစ်ကြောင်းနှင့်အတူ ထားဝယ်မြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။ ထားဝယ်မြို့ရှိ သပြေချောင်းတပ်နယ်၌ အောက်တိုဘာလ ၃၁ရက်မှ နိုဝင်ဘာလ ၁၀ ရက်အထိ စစ်ဆေးပြီး နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း […]


