စစ်မှုထမ်းရန် အရွေးခံရသူ၏ မိသားစုကို ထောက်ပံ့ရန်ဆိုကာ ကျန်အိမ်ထောင်စုများထံမှ ငွေတောင်း
Dawei Watch
March 26, 2024တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာအချို့တွင် စစ်မှုထမ်းရန် ရွေးချယ်ခံရသူ၏ မိသားစုကို ငွေကြေးထောက်ပံ့နိုင်ရန်အတွက် အခြားအိမ်ထောင်စုများက ငွေကြေးထည့်ဝင်ရမည်ဆိုကာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက အဓမ္မငွေတောင်းခံနေကြောင်းသိရသည်။ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင်လည်း စစ်မှုထမ်းရန် သင်တန်းသွားရောက်မည့်သူ၏ မိသားစုအတွက် ထောက်ပံ့စရိတ် ထည့်ဝင်ရကြောင်း မြို့ခံများကပြောသည်။ “(တစ်အိမ်)တစ်သောင်းစီထည့်ရတယ်။ အသက်ပြည့်တဲ့သားသမီးရှိတဲ့အိမ်ဆိုရင် သုံးသောင်းနဲ့အထက် ထည့်ရတယ် ၊ တစ်လတစ်ခါထည့်ရမှာလား ၊တစ်ခါတည်းအပြီးလားတော့ မသိဘူး” ဟု မြို့ခံတစ်ဦးက ပြောပြသည်။ ကလိန်အောင်မြို့ ၊ အမှတ် ၃ ရပ်ကွက်တွင် စစ်မှုထမ်းကိစ္စနှင့် ပတ်သက်၍ ရပ်ကွက်လုံးကျွတ် အစည်းအဝေး ကို မတ်လ ၁၆ ရက်က ကလိန်အောင်အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သော်လည်း အစည်းအဝေး တက်ရောက်သူမရှိသဖြင့် အစည်းအဝေးပျက်ခဲ့ကြောင်း မြို့ခံများထံကသိရသည်။ မတ်လ ၁၈ ရက် တွင် စစ်မှုထမ်းရန် အသက်ပြည့်မီသူရှိသည့် […]


