BREAKING
June 15, 2025

ထားဝယ်

ထားဝယ်တွင် အိမ်အမိုးဝရိန်ဆော်ရာမှ အမျိုးသားတစ်ဦးဓာတ်လိုက်

Dawei Watch

July 9, 2023

ထားဝယ်မြို့၊ကျောက်မော်ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် အိမ်အမိုးဝရိန်ဆော်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်မှုဖြစ်ပွားခဲ့ကြောင်း ဂရုဏာမေတ္တာရှင်သွေးလှူရှင်များအဖွဲ့ထံမှသိရသည်။ ယနေနံနက် ၈ နာရီခွဲခန့်တွင် ကျောက်မော်ရပ်ကွက်ရှိ အိမ်အမှတ် ၆/ခ နှစ်ထပ်တိုက်အိမ် အမိုးမိုးရန်အတွက် သံချောင်းများကို ဝရိန်ဆက်ရမှ ဓာတ်လိုက်မှုဖြစ်ပွားခဲ့သည်ဟုသိရကြောင်း ဂရုဏာမေတ္တာရှင် အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ “ပြုတ်ကျသလားတော့ မပြောတတ်ဘူး။ လူကတော့ အပေါ်ဆုံးထပ်ရဲ့ တမံသလင်းပေါ်မှာ အဲဒီနားမှာပဲ ထားဝယ်လျှပ်စစ်ဌာနက ကရိန်းတင်ယာဉ်လည်းရှိနေတော့ လူနာကို ကရိန်းနဲ့ အောက်ချပြီး ဆေးရုံပို့ပေးထားရတယ်”ဟု ၎င်းတာဝန်ရှိသူကပြောသည်။ အဆိုပါဓာတ်လိုက်မှုဖြစ်ပွားသည့်နေအိမ်၏ အပေါ်ဆုံးထပ် အမိုးမိုးသည့်နေရာအနီးတွင် ၁၁၀၀၀ ဗို့ (၁၁ကေဗွီ)အားရှိ လျှစ်စစ်ဓာတ်အား လိုင်းကြိုးရှိသည်ဟုဆိုသည်။ ဓာတ်လိုက်သည့်အတွက်ကြောင့် အသက် ၄၉ နှစ်အရွယ်ရှိ အမျိုးသားဖြစ်သူမှာ နောက်ကျော စုတ်ပြဲသွားပြီး ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားမရတော့ကြောင်း အထက်ပါအဖွဲ့ထံမှသိရသည်။ လူနာကို ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့နှင့် ဂရုဏာမေတ္တာရှင် သွေးလှူရှင်အဖွဲ့တို့ပူးပေါင်း၍ […]

ထားဝယ်တွင် ခုန်တက်သွားသည့် စားအုန်းဆီဈေး အနည်းငယ်ပြန်ကျ

Dawei Watch

July 7, 2023

ထားဝယ်တွင် စားအုန်းဆီ ၁ဝပိဿာဝင် ပုံးဝါတစ်ပုံးလျှင် တစ်ပတ်အတွင်း ကျပ်တစ်သောင်းကျော်အထိ ဈေးခုန်တက် သွားပြီးနောက် ကျပ်နှစ်ထောင်ခန့် ဈေးပြန်ကျလာကြောင်း ထားဝယ်ဈေးကွက်ထံမှသိရသည်။ ဇွန်လ ၂၃ ရက်က ထားဝယ်ဈေးကွက်တွင် စားအုန်းဆီ ပုံးဝါတစ်ပုံးကို ၆၅၅၀၀ ကျပ် ဈေးရှိရာမှ ဇွန်လ ၃၀ ရက်တွင် တစ်ပုံးကို ၇၇၀၀၀ ကျပ် ဖြစ်သွားပြီး တစ်ပတ်အတွင်း ဆီတစ်ပုံး ၁၁၅၀ဝကျပ်အထိဈေးတက်သွားကြောင်း အထက်ပါ ဈေးကွက်အတွင်းမှ သိရသည်။ အတက်ဈေးဖြင့် ဇူလိုင်လ ၅ ရက်အထိ ငြိမ်နေခဲ့ပြီး ဇူလိုင်လ ၆ ရက်တွင် ကျပ်နှစ်ထောင်ခန့် ဈေးပြန်ကျကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ နိုင်ငံခြားမှ တင်သွင်းသည့် စားသုံးကုန်ဖြစ်သောကြောင့် နိုင်ငံခြားငွေလဲနှုန်း‌အပေါ်မူတည်ပြီး ဈေးနှုန်းလည်း လိုက်ပါ ပြောင်းလဲလေ့ရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ စားသုံးကုန်စည်အရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက […]

သင်္ကန်းတုံးရွာဖြစ်စဉ်တွင် ပျောက်ဆုံးနေသည့် PDF ရဲဘော်တစ်ဦး၏ ရုပ်အလောင်းပြန်တွေ့

Dawei Watch

July 7, 2023

ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် ပျောက်ဆုံး နေသည့် ရဲဘော်နှစ်ဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို ဇူလိုင်လ ၆ ရက် နံနက်ပိုင်းက ပြန်လည်တွေ့ရှိကြောင်း ထားဝယ် နဂါးတပ်ခွဲ (၂) နှင့် ဥဩစစ်ကြောင်းတို့ထံမှ သိရသည်။ သင်္ကန်းတုံးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂ ရက်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဥဩစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အလစ်ဝင်တိုက်တာမှာ ဘာမှမယူလို့ မရခင်ဘဲ သူက ကျကျန်ခဲ့တာ။ သူ့မှာကျည်ထိထားတယ်” ဟု ၎င်းက ဆိုသည်။ ရဲဘော်အားလုံးစခန်းကို ပြန်ရောက်နေကြပြီဖြစ်သော်လည်း ပြေးရင်းလွှားရင်း လမ်းခုလတ်တွင် ကျန်နေခဲ့သည့် ရဲဘော်နောက်တစ်ဦးမှာ ၎င်းတို့အဖွဲ့နှင့် ယခုအချိန် အဆက်အသွယ် မရသေးကြောင်းလည်း ၎င်းက ပြောဆိုသည်။ ပျောက်ဆုံးနေသူ နှစ်ဦးအနက် အလောင်းပြန်တွေ့သည့် […]

ထားဝယ်မြို့တော်ခန်းမနှင့် ဗထူးပန်းခြံကိုဖျက်ပစ်တော့မည်လား

Dawei Watch

July 7, 2023

ထားဝယ်မြို့တွင် မြို့တော်ခန်းမအသစ်တစ်ခုကို ဆောက်လုပ်လျက်ရှိသည်။ ကျပ်သိန်းပေါင်း ၂၄၀၀၀ ကျော်အသုံးပြုပြီး လက်ရှိ မြို့တော်ခန်းမနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် ဗထူးပန်းခြံနေရာတွင် ခန်းမအသစ်ကို ဆောက်လုပ်နေခြင်းဖြစ်သည်။ ဇူလိုင်လ ၇ ရက်နေ့က ခန်းမအသစ်ဆောက်မည့်‌ ဗထူးပန်းခြံထဲတွင် စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်ဦးမြတ်ကို ဦးဆောင်သည့်အဖွဲ့က ပန္နက်ရိုက်ခဲ့ကြသည်။ ထားဝယ်မြို့တော်ခန်းမအသစ်အား ယခုနှစ်တွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီး အချိန်နှစ်နှစ်အတွင်း ပြီးစီးရန်လျာထားကြောင်း တိုင်းလမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးကဆိုသည်။ “ပထမနှစ်မှာကတော့ ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး အခြေခံဖောင်ဒေးရှင်းတွေနဲ့ တိုင်ထူတာတွေပဲ လုပ်နိုင်မယ်လို့မှန်းထားတယ်။ ကျန်တာတွေကတော့ နောက်နှစ်မှပေါ့” ဟု ၎င်းတာဝန်ရှိသူကဆိုသည်။ မြို့တော်ခန်းမအသစ် ဆောက်ရသည့်အကြောင်းပြချက်မှာ လက်ရှိမြို့တော်ခန်းမ ဆောက်လုပ်ထားသည်မှာ ကြာမြင့်နေပြီဖြစ်ခြင်း၊ ‌သေးငယ်နေခြင်းတို့ကြောင့်ဟု တိုင်းလမ်းဦးစီးဌာန တာဝန်ရှိသူပြောဆိုသည်။ မြို့တော်ခန်းမအသစ်ဆောက်မည်ဆိုလျှင် လက်ရှိမြို့တော်ခန်းမနှင့် ဗထူးပန်းခြံကို ဖျက်ပစ်လိုက်မည်လားဆိုသည့် မေးခွန်းပေါ်လာသည်။ လက်ရှိထားဝယ်မြို့တော်ခန်းမ ဆောက်ထားသည့်မြေနေရာသည် ဟိုတယ်ထားဝယ်သို့ ငှားရမ်းထားသည့် မြေနေရာထဲသို့ […]

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်နှစ်ဦး ‌ကျဆုံး

Dawei Watch

July 7, 2023

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ရဲဘော်နှစ်ဦး တာဝန်ထမ်းဆောင်ရင်းက ရောဂါအခံကြောင့် နေမကောင်းဖြစ်ပြီး ကျဆုံးခဲ့ကြောင်း ယင်းတပ်ဖွဲ့က ဇူလိုင်လ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။ ” ရောဂါအခံကလည်းရှိတယ်ဆိုတော့” ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ကျဆုံးခဲ့သည့် ရဲဘော်ကြွက်နီမှာ စစ်အာဏာရှင်စနစ်တိုက်ပွဲတွင် တာဝန်ထမ်းဆောင်ရင်း ဇွန်လဆန်းပိုင်းခန့်က ကျဆုံးခဲ့ကြတာဖြစ်ပြီး ရဲဘော်ကျေးငှက်မှာ အခုလ ၂ ရက်ခန့်က ကျဆုံးခဲ့တာဖြစ်သည်ဟု LLPDF တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ ဇွန်လ ၁၂ ရက်ကလည်း လောင်းလုံးမြို့နယ်၊ သဲပုံရွာ(အင်းဝတောင်)တွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ချိန် လက်နက်ကြီးမတော်တဆဖြစ်ပြီး ရဲဘော်ဆီဗူးကျဆုံးခဲ့သေးသည်။

သရက်ချောင်း ပိန်းတောကျေးရွာက အမျိုးသားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

July 6, 2023

‌သရက်ချောင်းမြို့နယ်၊ ပိန်းတောကျေးရွာက ဦးဇော်နိုင်ဆိုသူ ဇူလိုင်လ ၅ ရက် နံနက် ၈ နာရီခန့်က ထားဝယ်-မြိတ်ကားလမ်းဘေးရှိ ညောင်ဇင်ကျေးရွာ စာသင်ကျောင်းအနီးတွင် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၄၀ ခန့်ရှိ ဦးဇော်နိုင် ညောင်ဇင်ကျေးရွာ စာသင်ကျောင်းအနီး လမ်းဘေးတွင် ဆိုင်ကယ်လဲကျကာ သေဆုံး နေသည်ကို လမ်းသွားလမ်းလာများနှင့် ဒေသခံများက တွေ့ရှိခြင်းဖြစ်ကြောင်း ညောင်ဇင်ရွာက ၎င်းတို့က ဆိုသည်။ “ဆိုင်ကယ်နဲ့အတူ လဲပြီး သေနေတယ်” ဟု ညောင်ဇင်ရွာက လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ ဦးနိုင်ဇော်၏ ရုပ်အလောင်းကို ပိန်းတောအရေးပေါ်လူနာတင်ကားဖြင့် ဇူလိုင် ၅ရက် နံနက် ၁၁ နာရီခန့်တွင် လာရောက် သယ်ဆောင်သွားကြောင်း ညောင်ဇင်ကျေးရွာ ဒေသခံအချို့က ပြောဆိုသည်။ ဦးဇော်နိုင်မှာ ပိန်းတောရွာသူနှင့် အိမ်ထောင်ကျ ယင်းကျေးရွာမှာပင် အခြေချနေထိုင်နေသူဖြစ်ကြောင်း […]

စစ်ကောင်စီက ပိတ်ထားသည့် ကလိန်အောင် – ကံပေါက်လမ်း သွားလာခွင့်ပြန်ရ

Dawei Watch

July 6, 2023

စစ်ကောင်စီက ဝင်ထွက်ခွင့် ပိတ်ထားသည့် ကလိန်အောင်-ကံပေါက်လမ်း ပြန်လည်သွားလာခွင့်ရနေပြီဖြစ်ကြောင်း ထိုးလမ်းပိုင်းအားဖြတ်သန်းသွားလာခဲ့သည့် ခရီးသည်အချို့ကပြောသည်။ ဇူလိုင်လ ၅ ရက် မနက်ပိုင်း ကစပြီး ပြန်လည်သွားလာခွင့်ရနေခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ “ ကုန်တင်ကားနဲ့ ပိတ်မိနေတဲ့ကားတွေကို စပြီး ပေးဖြတ်တယ်။ မနက်ပိုင်းကတော့ အားလုံးသွားလာနေကြပြီ” ဟု ကံပေါက်ဒေသခံ ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။ ကံပေါက်-ထားဝယ် ခရီးသည်ယာဥ်လိုင်းများလည်း ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါ ကလိန်အောင်-ကံပေါက်လမ်းတွင် စစ်ကောင်စီတပ်က နေရာယူစစ်ဆေးနေခြင်း မရှိ‌သော်လည်း အရပ်ဝတ်ဖြင့် ကင်းလှည့်နေသူအချို့ရှိနေဆဲဖြစ်ကြောင်း ခရီးသည်တို့ကဆိုသည်။ ကံပေါက်-ကလိန်အောင်လမ်းပိုင်းကို မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသည့် သတင်းထွက်ပေါ်ပြီးနောက် ဇူလိုင်လ ၃ ရက်မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က အဝင်အထွက်လုံးဝ ကန့်သတ်ခဲ့ခြင်းဖြစ်သည်။ ယင်းလမ်းပိုင်းသည် ပြည်ထောင်စုကားလမ်းမမှ ကံပေါက်ဒေသသို့ ဆက်သွယ်ထားပြီး ၉ မိုင် ၆ […]

သင်္ကန်းတုံးရွာက နေအိမ်ငါးဆောင်ကို စစ်ကောင်စီတပ်က မီးရှို့

Dawei Watch

July 5, 2023

ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသည့် ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ သင်္ကန်းတုံးရွာက နေအိမ်ငါးဆောင်ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။ ဇူလိုင်လ ၂ ရက် နံနက် ၉ နာရီခန့်က သင်္ကန်းတုံးရွာရှိ ဥဩစစ်ကြောင်းမှ PDF တပ်ဖွဲ့ကို စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယင်းနောက် နေအိမ်ငါးဆောင်ကို မီးရှို့သွားခြင်းဖြစ်ကြောင်း သင်္ကန်းတုံးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ပြည်သူ့ကာကွယ်ရေး တိုက်ခိုက်ခံရသည့်ဖြစ်စဉ်တွင် မိနစ်အနည်းငယ်ကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်ဒဏ်ရာသူများရှိကာ လက်နက်ခဲယမ်းအချို့လည်း ပါသွားကြောင်း စစ်ကြောင်း တာဝန်ခံက Dawei Watch သို့ ပြောဆိုထားသည်။ ဥဩစစ်ကြောင်းက PDF တပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်သည့် တပ်ရင်းမှာ ပလောက်အခြေစိုက် ခလရ (၂၈၀) နှင့် လောင်းလုံးအခြေစိုက် မောင်းမကန်သွားသည့် လမ်းပိုင်းရှိ ခလရ […]