ရေဖြူ ဇာဒီရွာက သားအဖနှစ်ဦးဖမ်းဆီးခံရပြီး သတင်းအစအနပျောက်နေ
Dawei Watch
March 28, 2024ရေဖြူမြို့နယ်၊ ဇာဒီရွာတွင် မတ်လ ၂၆ ရက်ညက သားအဖနှစ်ဦးကို လက်နက်ကိုင်တစ်စုက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြောင်း ရွာသားများထံမှ သိရသည်။ ဦးအုန်းလွင်နှင့် ၎င်း၏သားဖြစ်သူ ကိုထက်လင်းတို့ နေအိမ်တွင်ရှိနေချိန် လက်နက်ကိုင်ဆောင်ထားသူ ငါးဦးခန့်က လာရောက် ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း ရွာသားတို့က ဆိုသည်။ “ညဘက် သားအဖနှစ်ယောက်စလုံး အိမ်မှာရှိနေတဲ့အချိန် လာခေါ်သွားတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ ဦးအုန်းလွင်သည် ၎င်း၏ကိုယ်ပိုင်ယာဥ်ဖြင့် ဇာဒီ-ထားဝယ် ပြေးဆွဲနေသည့် ခရီးသည်တင်ကားမောင်းသူဖြစ်ကြောင်း ရွာသားတို့က ပြောဆိုသည်။ အဖမ်းခံရသည့် သားအဖနှစ်ဦးစလုံး မတ်လ၂၈ ရက် ညပိုင်းအထိ အိမ်ပြန်ရောက်လာခြင်းမရှိသေးသလိုမည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကိုလည်း မသိရသေးကြောင်း ရွာသားများက ဆိုသည်။ ဦးအုန်းလွင်၏ မိသားစုဝင်များက ဇာဒီရွာပတ်ဝန်းကျင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုထံ သွားရောက် စုံစမ်းမေးမြန်းရာ တွင်လည်း […]


