လောင်းလုံး ခမောင်းတောင်ရွာက နေအိမ်သုံးဆောင်ထက်မနည်းကို စစ်ကောင်စီတပ်မီးရှို့
Dawei Watch
July 12, 2023လောင်းလုံးမြို့နယ် ခမောင်းတောင်ရွာက နေအိမ်သုံးဆောင်ထက်မနည်းကို စစ်ကောင်စီတပ်က ယနေ့ ဇူလိုင်လ ၁၂ ရက် ညနေ ၆ နာရီဝန်းကျင်တွင် မီးရှို့လိုက်ကြောင်း ဒေသခံအချို့ကပြောသည်။ စက်သုံးဆီဆိုင်တစ်ဆိုင်၊ ပျဉ်ထောင်အိမ်တစ်လုံးနှင့် အခြားအိမ်တစ်ဆောင် စုစုပေါင်းသုံးဆောင် မီးရှို့ခံထားရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အခုမီးရှို့ခံရတဲ့အိမ်တွေက ရွာပြင်မှာရှိတဲ့အိမ်တွေပါတယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။ ရွာသားအချို့ကိုလည်း ခေါ်ယူစစ်ဆေးမေးမြန်းပြီး သံသယရှိသူများကို ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ဆိုသည်။ လူဦးရေမည်မျှ ဖမ်းဆီးခံထားရသည်ကိုမူ လတ်တလောတွင် မသိရသေးပေ။ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် ရွာထဲတွင် လူအနည်းငယ်သာကျန်ရှိတော့ကြောင်းလည်း ဆက်လက်ပြောဆိုသည်။ ယနေ့ နံနက်ပိုင်းမှစပြီး စစ်ကောင်စီတပ်က နခံတောကျေးရွာရှိ တောင်ထိပ်တစ်နေရာသို့ရောက်လာပြီး တပ်စွဲနေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနောက် နခံတောရွာနှင့် တဆက်တည်းရှိသည့် ခမောင်းတောင်ရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် […]