ထားဝယ်မြို့တွင် အပူချိန် စံချိန်သစ်ထပ်တင်
Dawei Watch
March 30, 2024ထားဝယ်မြို့တွင် မတ်လ ၂၉ ရက်နေ့က နေ့အပူချိန်စံချိန်သစ်ထပ်တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။ အပူချိန် ၃၉ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် (၁၀၃ ဒသမ ၁ ဒီဂရီဖာရင်ဟိုက်) ဖြင့် ၂၀၁၆ ခုနှစ် မတ်လ ၁၉ ရက်က စံချိန်ကိုကျော်လွန်ကာ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၆ ရက်ကလည်း ကော့သောင်းမြို့တွင် အပူချိန် ၄၀ဒသမ၂ ဒီဂရီ ဆဲလ်စီယပ် (၁၀၄ဒသမ၄) ဒီဂရီဖာရင်ဟိုက်ဖြင့် ၂၀၁၅ ခုနှစ်က အပူချိန် ကိုကျော်လွန်ကာ စံချိန်သစ်တင်ခဲ့သည်ဟု မိုးဇလ၏ မှတ်တမ်းတွင်ဖော်ပြထားသည်။ မတ်လ ၃၀ ရက် ညနေအထိ မိုးဇလ၏ မိုးလေဝသထုတ်ပြန်ချက်အရ ထားဝယ်မြို့တွင် အပူချိန် ၃၂ မှ၄၀ ဒီဂရီစင်တီဂရိတ်အကြားတွင်ရှိပြီး တိမ်အသင့်အတင့်ဖြစ်ထွန်းနေ ကြောင်း သိရသည်။ […]


