ပေါက်တိုင်းတံတားဂိတ် ပစ်ခတ်မှုဖြစ်ပြီးနောက် ကျောက်ရပ်ရွာသားအချို့ ပြောင်းရွှေ့
Dawei Watch
November 28, 2023ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာအုပ်စုတွင် ပေါက်တိုင်တံတားဂိတ် ပစ်ခတ်ခံရမှုဖြစ်စဥ်အပြီးတွင် ရွာသားအချို့မှာ မြို့ပေါ်နှင့် အခြားဒေသများသို့ ရွှေ့ပြောင်းသွားကြကြောင်း ဒေသခံများထံမှသိရသည်။ “ အများစုကတော့ မပြောင်းကြပါဘူး။ ပြောင်းတဲ့လူတွေကတွေ့ ဖြစ်ပြီးတဲ့နောက်တစ်နေ့ကစပြီး ပြောင်းနေကြတယ်။ ကျန်နေတဲ့လူတွေကလည်းသတိနဲ့နေရတယ်။ ဘယ်အချိန်ဘာထပ်ဖြစ်မလဲမသိဘူး” ဟု ကျောက်ရပ်ကျေးရွာအုပ်စုက ဒေသခံတစ်ဦးကပြောသည်။ နိုဝင်ဘာလ ၂၆ ရက် ၊ မနက်၅နာရီနှင့် ၇နာရီအကြားက ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်တွင် လက်နက်ကြီးပစ်ခတ်သံနှင့်သေနတ်ပစ်သံများ ကြားရပြီးနောက် ကျောက်ရပ်ကျေးရွာအတွင်း နေအိမ်၂လုံး လက်နက်ကြီးထိမှန်ခဲ့ပြီး အမျိုးသား၂ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံတို့ကပြောပြသည်။ လုံခြုံရေးအရစိုးရိမ်၍ ပြောင်းရွှေ့နေကြခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ “ အနီးအနားပတ်ဝန်းကျင်က သူတွေလည်းပြောင်းနေကြတယ်။ ဘာမှထွေထွေထူးထူးမဖြစ်သေးပေမယ့် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပြောင်းထားတယ်” ဟု ကျောက်ရပ်ရွာမှ ထားဝယ်မြို့ပေါ်သို့ ယာယီရွှေ့ပြောင်းလာသည့် အမျိုးသမီးတစ်ဦးကပြောသည်။ အဆိုပါ ပေါက်တိုင်းတံတားဂိတ်အနီး ပစ်ခတ်မှုဖြစ်စဥ်နှင့် ပတ်သက်၍ မည့်သည့်အဖွဲ့အစည်းကလုပ်ဆောင်ခဲ့ကြောင်းထုတ်ပြန်ခြင်းကို နိုဝင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းအထိ […]


