ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

သရက်ချောင်းမြို့နယ် သိမ်ကုန်းနှင့် ကတွဲရွာက အရပ်သားနေအိမ်များ မီးရှို့ခံရ

Dawei Watch

November 13, 2025

သရက်ချောင်းမြို့နယ် အောက်ဘက်ကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်က သိမ်ကုန်းရွာနှင့် ကတွဲရွာတို့မှ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ နိုဝင်ဘာလ ၁၂ နေ့တွင် သိမ်ကုန်းရွာနှင့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကတွဲရွာတို့မှ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ပြီး နေအိမ်ပျက်စီးမှု အသေးစိတ်ကိုမူ မသိရသေးပေ။ “ကတွဲမှတော့ အိမ်တစ်လုံးပဲသိတယ်၊ သိမ်ကုန်းမှာတော့ အတိအကျမသိဘူး၊ သုံးဆောင်လောက်တော့ မှန်းတယ်” ဟု သရက်ချောင်းမြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။ အောက်တိုဘာ ၂၃ ရက်ကလည်း သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်က လဘရွာက အရပ်သားနေအိမ် ၃၉ လုံးကို စစ်အာဏာရှင်တပ်စစ်ကြောင်း မီးရှို့ဖျက်ဆီးခဲ့ပြီး နိုဝင်ဘာ ၉ ရက်နေ့တွင်လည်း ချောက်ချောင်းရွာက အရပ်သားနေအိမ် ၄၀ ကျော်(ခန့်မှန်း) ကို မီးရှို့ဖျက်ဆီးခဲ့သည်။ မီးရှို့ခံရသည့် […]

လောင်းလုံးတွင် တိုက်ပွဲဖြစ်ပြီးနောက် ကမြောကင်းတံတားဂိတ် အစစ်အဆေးပြန်တင်းကျပ်

Dawei Watch

November 13, 2025

လောင်းလုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် ထားဝယ်မြို့ အဝင်အထွက်ဂိတ်ဖြစ်သော ကမြောကင်းတံတား စစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများကို အစစ်အဆေး တင်းကျပ်နေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။ နိုဝင်ဘာလ ၁၂ ရက်တွင် လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာ၌ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် လောင်းလုံးနှင့် ထားဝယ်ကို ဆက်သွယ်ထားသည့် အဆိုပါဂိတ်တွင် အစစ်အဆေး ပြန်လည် တင်းကျပ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့မှလာသည့် ဆိုင်ကယ်၊ စက်ဘီးများ ဂိတ်ရှေ့သို့ မရောက်မီ ဆင်းတွန်းကြရပြီး သုံးဘီးယာဉ်နှင့် ကားပေါ်လိုက်ပါလာသည့် ခရီးသည်များမှလည်း ယာဉ်ပေါ်ကဆင်း၍ လမ်းလျှောက်သွားလာရကာ အစစ်အဆေးခံရကြောင်း ခရီးသွားပြည်သူတစ်ဦးက ဆိုသည်။ “မနေ့ (နိုဝင်ဘာ ၁၂ ) က နေ့လယ်ပိုင်းစပြီး (စစ်ဆေးတာ) ပြန်လုပ်လာတယ်။ အကုန်ဆင်းတွန်းရတယ်။ ကလေးပါလည်း မရဘူး၊ ကျောင်းသား၊ […]

လောင်းလုံးတစ်ဖက်ကမ်း မင်းရပ်ကူးတို့ဆိပ်ကမ်းသို့ စစ်အင်အား အများအပြားပို့ဆောင်နေ

Dawei Watch

November 13, 2025

ထားဝယ်မြို့တွင် စစ်အာဏာရှင်တပ်က အင်အားရာချီစုစည်းပြီး လောင်းလုံးတစ်ဖက်ကမ်းရှိ မင်းရပ်ကူးတို့ဆိပ်ကမ်းသို့ စစ်အင်အား အများအပြားပို့ဆောင်နေကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့(နိုဝင်ဘာ ၁၃) နေ့လယ်မှစကာ စစ်အာဏာရှင်တပ်သားများကို စစ်ကားကြီးများဖြင့် တင်ဆောင်ကာ ထားဝယ်မြစ်ဘေး ကြက်စားပြင်ရပ်ကွက်ရှိ မင်းရပ်ကူးတို့ဆိပ်ကမ်းဘက် ပို့ဆောင်နေခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ ကြက်စားပြင်ရပ်ကွက်မှာ ထားဝယ်မြို့၏ တောင်ဘက်အစွန်းတွင် တည်ရှိပြီး မျက်နှာချင်းဆိုင်တွင် လောင်းလုံးမြို့နယ်တည်ရှိသည်။ ထားဝယ်အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ-၈) ဘက်မှ လာသည့် စစ်ကားများက အာဇာနည်လမ်းအတိုင်းဆင်းလာပြီး မင်းရပ်ကူးတို့ဆိပ်ကမ်းဘက် သွားနေကြောင်း အဆိုပါမြို့ခံကပြောသည်။ စစ်ကားတစ်စီးလျှင် အင်အား ၄၀ ခန့်လိုက်ပါလာပြီး ကား ၇ စီးခန့်ဖြင့် အကြိမ်ကြိမ် သယ်ဆောင်နေကြောင်း အထက်ပါမြို့ခံက ဆိုသည်။ “အတော်များတယ်။ ကားတွေအခေါက်ခေါက်သယ်နေတာ။ ဒီလိုအများကြီး နေ့ခင်းဘက်သယ်တာ မမြင်ဖူးဘူး”ဟု ၎င်းက […]

တန်ဆောင်တိုင်ပြီးနောက် ထားဝယ်တွင် စစ်အာဏာရှင်တပ် ညဘက် စစ်မှုထမ်းဝင်ဆွဲ

Dawei Watch

November 13, 2025

ထားဝယ်မြို့တွင် တန်ဆောင်တိုင်ကာလပြီးနောက် နိုဝင်ဘာလ ဒုတိယအပတ်တွင် စစ်အာဏာရှင်တပ်က နေအိမ်များကို ညဘက်ဝင်ရောက် စစ်မှုထမ်း ဖမ်းဆီးစုဆောင်းမှု ပြန်လုပ်နေကြောင်း မြို့ခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၀ရက် ညက ဘုမ္မော်၊ ဆန်းချီ၊ ညောင်ရမ်းတောင်၊ ပိန္နဲတော စသည့် ရပ်ကွက်များတွင် နေအိမ်အချို့ကို စစ်အာဏာရှင်တပ်က ဝင်ရောက်ကာ စစ်မှုထမ်း စုဆောင်းခဲ့ကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည်။ ဘုမ္မော်ရပ်ကွက်၊ (၂) လမ်းတွင် နေအိမ်နှစ်အိမ်အား ညသန်းခေါင်ယံအချိန်တွင် စစ်အာဏာရှင်တပ်သားများ လာရောက်ကာ အမျိုးသားတစ်ဦး စစ်မှုထမ်းစုဆောင်းသွားကြောင်း ဘုမ္မော်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။ “နှစ်အိမ်ဝင်တာ တစ်အိမ်ပါသွားတယ်။ ယောက်ျားလေး တစ်ယောက်ပါသွားတယ်။ နောက်တစ်အိမ်က ကာယဗလမောင် တစ်ယောက်ရဲ့အိမ်။ သူက အိမ်မှာ မရှိလို့ မပါသွားဘူး။ လာရှာနေတာတော့ နှစ်ခါရှိပြီ” ဟု ၎င်းက […]

လောင်းလုံး၊ ညင်းမော်ရွာရှိ နေအိမ်နှစ်ဆောင်ကို စစ်အာဏာရှင်တပ်မီးရှို့၊ ဒေသခံထောင်ချီထွက်ပြေး

Dawei Watch

November 13, 2025

လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာအုပ်စုကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ရင်းဘုတ်ရွာရှိ နေအိမ်နှစ်ဆောင်ကို မီးရှို့ဖျက်ဆီးလိုက်သည်။ စစ်အာဏာရှင်တပ်က နိုဝင်ဘာလ ၁၀ ရက်နေ့မှစပြီး ညင်းမော်ကျေးရွာဝန်းကျင်ကို စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ရင်းဘုတ်ကျေးရွာတွင် နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက နှစ်ဖက်ထိ‌တွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေပိုင်းတွင် အရပ်သားနေအိမ်နှစ်ဆောင်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ “ညနေပိုင်းမှာ ရွာဖက်ကနေ မီးခိုးတွေထွက်လာလို့ မေးလိုက်တာ တိုက်ပွဲဖြစ်တဲ့နေရာနားက အိမ်နှစ်ဆောင်ကို သူတို့(စစ်အာဏာရှင်တပ်)က ရှို့ပစ်လိုက်တယ်လို့ ကြားရတယ်” ဟု စစ်ဘေးရှောင်နေရသည့် ဒေသခံအမျိုးသမီးတစ်ဦးကပြောဆိုသည်။ နှစ်ထပ်အိမ်တစ်ဆောင်နှင့် ဓနိမိုးအိမ်တစ်ဆောင်ကို မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ ညင်း‌မော်ကျေးရွာအပါအဝင် အနီးဝန်းကျင်ရှိ စစ်ပြဲ၊ လေးသွန်းခံ၊ ဂေါ့အင်း၊ ရေဖြူကျေးရွာအုပ်စုရှိ ကျေးရွာအချို့မှ ‌ထောင်ချီသည့် ဒေသခံများလည်း […]

လောင်းလုံး ညင်းမော်ရွာအနီး တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကျည်စ ထိန်မှန်ပြီး အမျိုးသမီးနှစ်ဦးဒဏ်ရာရ

Dawei Watch

November 12, 2025

လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာအနီးတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ညင်းမော်ရွာသို့ ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်စစ်ကြောင်း ရှေ့ဆက်စစ်ကြောင်းထိုးလာသဖြင့် ယနေ့ နိုဝင်ဘာလ ၁၂ ရက် နံနက် ၈ နာရီဝန်းကျင်ခန့်မှစ၍ တော်လှန်ရေးတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ကြရာမှ တိုက်ပွဲအပြင်းအထန်ဖြစ်နေကြောင်း စစ်ဘေးရှောင် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “အခြေအနေက အရမ်းကြောက်နေပြီ။ ဟိုဘက်ကပစ် ဒီဘက်ကပစ်။ ထားဝယ်မြို့ ပေါ် ကာစတန်ကလည်း ပစ်ချနေတယ်” ဟု ၎င်းက ပြောဆိုသည်။ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်း၌ရှိသော စစ်အာဏာရှင်တပ်နှင့် အနောက်ဘက် ပင်လယ်ပြင်ရှိ ရေတပ်စစ်သင်္ဘောတို့ကလည်း တိုက်ပွဲဖြစ်သည့် ယနေ့ နံနက် ၈ နာရီကျော်မှစ၍ လက်နက်ကြီး၊ အမြောက်များဖြင့် […]

ထားဝယ်တွင် အမျိုးသားသုံးဆယ်ခန့်ကို စစ်အာဏာရှင်တပ် ဖမ်းဆီး၊ လူငယ်များကို စစ်မှုထမ်းစုဆောင်း

Dawei Watch

November 11, 2025

ထားဝယ်မြို့နယ်၊ တလိုင်းတောင်ရွာနှင့် ဇလွန်းရွာတို့ရှိ ဘိလယက်ခုံဖွင့်ထားသည့် ဆိုင်နှင့် စားသောက်ဆိုင် သုံးဆိုင်ထက်မနည်းကို စစ်အာဏာရှင်တပ်သားများက ဝင်ရောက်ကာ အမျိုးသား သုံးဆယ်ခန့်ကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၀ရက် နေ့လယ်ပိုင်း၌ စစ်အာဏာရှင်တပ်သားများ စစ်ကား ခြောက်စီးဖြင့် လာရောက်ကာ ယင်းဆိုင်များတွင် အာဆီယံ (အရွက်ပြုတ်ရည်) ရောင်းချနေသည်ဟုဆိုကာ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။ “(ဖမ်းဆီးခံရတာမှာ) ဆိုင်မှာရှိနေတဲ့ သူတွေအပြင် ဆိုင်ဘေးအိမ်က လူတချို့ပါ ပါတယ်။ သူတို့ပြောတာကတော့ အာဆီယံကြောင့် ဖမ်းတယ်ပဲပြောတယ်” ဟု တလိုင်းတောင်ရွာသားတစ်ဦး ပြောသည်။ အဖမ်းခံရသူများသည် တလိုင်းတောင်ရွာ၊ ကသန်းရွာနှင့် ဇလွန်းရွာ စသော ရွာသုံးရွာက အသက် ၁၆ နှစ်မှ အသက် ၄၀ ဝန်းကျင်အကြား အမျိုးသား ၂၇ ဦး […]

လောင်းလုံး ညင်းမော်ရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

November 11, 2025

လောင်းလုံးမြို့ နယ်၊ ညင်းမော်ကျေးရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်ပစ်ခတ်မှု ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့မှ နိုဝင်ဘာလ ၁၀ရက် နံနက်ပိုင်းကစ၍ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တို့က တိုက်ခိုက်ရာမှ ယင်းနေ့ ညနေပိုင်းတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “တိုက်ပွဲက ညနေ ၄ နာရီကျော်လောက်မှာ စဖြစ်တယ်။ နာရီဝက်လောက် ပစ်ကြပြီး ငြိမ်သွားတယ်။ ညဘက် လက်နက်ကြီး ပစ်သံတွေလည်း ကြားရသေးတယ်” ဟု ၎င်းက ဆိုသည်။ နှစ်ဖက် ပစ်ခတ်မှုအတွင်း ထားဝယ်မြို့ရှိ စစ်အာဏာရှင်တပ်၏ အမြောက်တပ်နှင့် ညင်း‌မော်ကျေးရွာ၏ အနောက်ဘက် ပင်လယ်ပြင်ရှိ စစ်သင်္ဘောတို့က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ည ၁၀ နာရီလောက် ထားဝယ်မြို့ […]