ရေဖြူ မူးဒူးရွာကို စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံများထွက်ပြေး
Dawei Watch
June 19, 2024ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းအနီးရှိ မူးဒူးရွာကို ယနေ့ ဇွန်လ ၁၉ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာသောကြောင့် ဒေသခံများ ထွက်ပြေးနေကြရကြောင်း ဒေသခံများကပြောသည်။ ယနေ့ နံနက်ပိုင်းကစပြီး မူးဒူးရွာအနီးသို့ ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်ကစပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ မူးဒူးရွာသို့ ဝင်ရောက်လာကြောင်း ဒေသခံတို့က ဆိုသည်။ “ရွာထဲမှာ တစ်ယောက်မှ မရှိတော့ဘူး။ အခု (စစ်ကောင်စီတပ်ဖွဲ့) သူတို့ရွာထဲမှာ သွားနေကြတယ်လို့တော့ သိရတယ်” ဟု မူးဒူးရွာသားတစ်ဦးကပြောသည်။ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဇွန်လ ၁၈ ရက်ကစပြီး ရေဖြူမြို့မှ ကုန်းကြောင်းအတိုင်း ပုဂေါဇွန်းရွာနှင့် သစ်တိုထောင့်ရွာတို့ကို စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ယင်းသို့ […]


