ကမြောကင်းဂိတ်တွင် လူငယ်ခြောက်ဦးထက်မနည်း စစ်မှုထမ်းဖမ်းဆီးခံရ၊ ထားဝယ်မှာ လူငယ်များကို ဆက်တိုက်လိုက်ဖမ်း
Dawei Watch
January 10, 2026ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် စစ်အာဏာရှင် တပ်က ယနေ့ လူငယ်အမျိုးသား ခြောက်ဦးထက်မနည်းကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးလိုက်ကြောင်း မြို့ခံများနှင့် ခရီးသွားများထံမှ သိရသည်။ ဒီဇင်ဘာလ ၁၀ ရက် ယနေ့ နံနက် ၈ နာရီခန့်မှစ၍ စစ်အာဏာရှင်တပ်သည် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အနီးရှိ မြို့အဝင်အထွက်ပေါက် နှစ်ပေါက်စလုံးကို ပိတ်ဆို့ စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြို့ခံခရီးသွားအမျိုးသမီးတစ်ဦးက ပြောသည်။ “အခုဖမ်းတာက ခါတိုင်းဖမ်းတာနဲ့ မတူဘူး။ (တံတား) အတက်ရော၊ အဆင်းရော အင်အားအများအပြားနဲ့ ပိတ်ဆို့ ဖမ်းတာ။ လုံခြုံရေးအပြည့်နဲ့” ဟု ၎င်းက ပြောဆိုသည်။ ယနေ့ နံနက်ပိုင်းက ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ် ခြောက်ဦးထက် မနည်းရှိကြောင်း Dawei Watch က စုံစမ်းသိရသည်။ […]


