ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်နှင့် မြိတ်ထောင်က အကျဉ်းသား ၁၀ဦးလွတ်မြောက်

Dawei Watch

November 27, 2025

ထားဝယ်နှင့် မြိတ်အကျဉ်းထောင်တို့က လွတ်ငြိမ်းခွင့်ဖြင့် ယနေ့ နိုဝင်ဘာလ ၂၇ ရက်တွင် အကျဥ်းသား၊ အကျဥ်းသူ ၁၀ ဦး လွတ်မြောက်လာကြောင်း နိုင်ငံရေးအကျဥ်းသား အသိုင်းအဝိုင်းနှင့် စစ်အုပ်စု၏ ထုတ်ပြန်ချက်အရသိရသည်။ ထားဝယ်အကျဥ်းထောင်တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦး စုစုပေါင်း ငါးဦးလွတ်မြောက်လာကြောင်း ထားဝယ် အကျဥ်းထောင်ရှေ့တွင် သွားရောက်စောင့်ကြိုခဲ့သည့် နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တစ်ဦးက ပြောသည်။ “ပေါက်တိုင်းတံတားဂိတ်မှာ ဖုန်းထဲမှာ စာ (စစ်အာဏာရှင်ဆန့်ကျင်ရေး) တွေ့လို့ လူဝတ်လဲ အဖမ်းခံရတဲ့ ဘုန်းကြီးတစ်ပါးနဲ့ ထားဝယ်အလှသစ် စျေးဝယ်စင်တာမှာ အဖမ်းခံရတဲ့ ရန်တောင်ရွာသူတွေ ပါတယ်။ အားလုံးငါးယောက်လွတ်တယ်။ ရဲစခန်းကို ခေါ်သွားပြီးမှ ခံဝန်ထိုးပြီး လွှတ်တယ်” ဟု ၎င်းက ဆိုသည်။ မြိတ်ထောင်တွင်လည်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်း ငါးဦးလွတ်မြောက်ကြောင်း စစ်အုပ်စု […]

ထားဝယ်မြို့ဝင်ဂိတ်များတွင် တစ်ရက်အတွင်း လူငယ်ရှစ်ဦး အဓမ္မစစ်မှုထမ်းစုဆောင်းခံရ

Dawei Watch

November 27, 2025

ထားဝယ်ခရိုင်အတွင်း နိုဝင်ဘာလ ၂၂ ရက် တစ်ရက်တည်းတွင် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ ရှစ်ဦးရှိကြောင်း မြို့ခံခရီးသွားများ၊ စစ်မှုထမ်းစုဆောင်းခံသူများ၏ မိသားစုဝင်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ နိုဝင်ဘာလ ၂၂ ရက် နံနက် ၆နာရီမှစ၍ ထားဝယ်မြို့ဝင်ထွက်ဂိတ်များဖြစ်သော ကမြောကင်းတံတားနှင့် ပေါက်တိုင်းတံတား စစ်ဆးရေးဂိတ်တို့တွင် လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တို့မှ ထားဝယ်သို့ လာသည့် ဒေသခံခရီးသွားလူငယ် အမျိုးသားတို့ကို အဓမ္မစစ်မှုထမ်း စုဆောင်းဖမ်းဆီးခဲ့ကြောင်း ဒေသခံခရီးသွားအချို့က ပြောသည်။ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် လူငယ်လေးဦးနှင့် ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်တွင် လူငယ်လေးဦး ဖမ်းဆီးပြီး စစ်မှုထမ်းစုဆောင်းခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုနှင့် နီးစပ်သူအချို့က ဆိုသည်။ အဆိုပါ လူငယ်ရှစ်ဦးအနက် အများစုသည် ထားဝယ်မြို့ပေါ် တွင် နေ့စားအလုပ်သွားရောက် လုပ်ကိုင်ကြမည့်သူများဖြစ်ပြီး အချို့မှ ရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ စစ်မှုထမ်းအဖြစ် ဖမ်းဆီးစုဆောင်းခံရသည့်အကြောင်းကိုမူ ယင်းလူငယ်များက […]

ထားဝယ်သပိတ်ကော်မတီဝင်တစ်ဦးနှင့် ဒေါင်းနက်အဖွဲ့ကို စစ်ကော်မရှင်က ရွေး/ကာဖြင့်အမှုဖွင့်

Dawei Watch

November 27, 2025

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ၏ ကော်မတီဝင်တစ်ဦးနှင့် ကျွန်းစုမြို့နယ်မှ ဒေါင်းနက်အဖွဲ့တို့ကို စစ်ကော်မရှင်က ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲထားကြောင်း စစ်အုပ်စုထိန်းချုပ်ထားသည့် သတင်းစာများက နိုဝင်ဘာလ ၂၆ ရက်နေ့တွင်ကြေညာသည်။ နိုဝင်ဘာလ ၇ ရက်က မြိတ်-ထားဝယ်ကားလမ်းပိုင်း သရက်ချောင်းမြို့နယ်တစ်နေရာတွင် စစ်ကော်မရှင် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လမ်းမပေါ် စာရေးကာ ဆန္ဒထုတ်ဖော်ခဲ့သူ သပိတ်ကော်မတီဝင် ကိုကျော်ကျော်အား အကြမ်းဖက်ဟုစွပ်စွဲကာ ရွေး/ကာ ပုဒ်မ ၂၃(က)၊၂၃(ခ) တို့ဖြင့် သရက်ချောင်းမြို့မရဲစခန်း၌ အမှုဖွင့်ထားခြင်းဖြစ်သည်။ DDMSC ၏ ပြန်ကြားရေးတာဝန်ခံကမူ ကိုကျော်ကျော်သည် အကြမ်းမဖက်လှုပ်ရှားမှု နည်းလမ်းများဖြင့် စစ်အာဏာရှင်စနစ်ကို တော်လှန်နေသူတစ်ဦးဖြစ်ကြောင်း ပြောသည် ။ ” သူတို့(စစ်အုပ်စု)ကတော့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေမှမဟုတ်ပါဘူး။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုတာနဲ့ပဲ ဖမ်းဆီးထောင်ချနေတာပါ။ […]

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ၅၀၅ (က) ကြားနာဆဲအမှုများ ပိတ်သိမ်းမည်ဟု ကြေညာ

Dawei Watch

November 26, 2025

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များနှင့် ရာဇာသတ်ကြီး ဥပဒေ ၅၀၅ (က) ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းမည်ဖြစ်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ MRTV မှတစ်ဆင့် ထုတ်ပြန်သည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များနှင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)ဖြင့် ကြားနာစစ်ဆေးဆဲ့အမှုများကို ပိတ်သိမ်းမည့် အခြေအနေကို ယနေ့ ည ၈ နာရီ ပြည်တွင်းသတင်းများတွင် ကြေညာမည်ဟု ဆိုသည်။ စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲနှင့် နီးကပ်လာချိန်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရန် စီစဉ်လာခြင်းဖြစ်သည်။

ထားဝယ်မြို့တွင် အမျိုးသားတစ်ဦး ပျောက်ဆုံးမှု ကိုးရက်ကြာအထိ ရှာမတွေ့သေး

Dawei Watch

November 26, 2025

ထားဝယ်မြို့ပေါ်တွင် ပျောက်ဆုံးနေသည့်အမျိုးသားတစ်ဦးကို ကိုးရက်ကြာသည်အထိ ရှာဖွေတွေ့ရှိရခြင်း မရှိသေးကြောင်း မိသားစုဝင်များထံမှသိရသည်။ ပျောက်ဆုံးနေသည့်အမျိုးသားမှာ ထားဝယ်ပြည်သူ့ဆေးရုံကြီး၏ အနောက်လမ်းတွင်နေထိုင်သည့် အသက် ၅၈ နှစ်အရွယ်ရှိ ဦးသန်းဦးဆိုသူဖြစ်ကြောင်း မိသားစုထံမှသိရသည်။ ဦးသန်းဦးသည် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းမှစ၍ ပန်းကမ္ဘာ စက်ဘီး အစိမ်း ရောင်ဖြင့် နေအိမ်ကနေ စတင်ပြီးထွက်ခွာသွားရာမှ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း မိသားစုဝင်အမျိုးသမီးတစ်ဦးကပြောသည်။ “အခုရက်ပိုင်းကျန်းမာရေးတော့ သိပ်မကောင်းဘူး ၊ အခုရက်ပိုင်း တက်တဲ့ လက္ခဏာတွေ ဖြစ်နေတာသတိထားမိတယ်” ဟု ယင်းအမျိုးသမီးကပြောသည်။ ဦးသန်းဦးပျောက်ဆုံးချိန်မှစ၍ ကိုးရက်မြောက် နေ့ဖြစ်သော ယနေ့ နိုဝင်ဘာလ ၂၆ ရက် နေ့ ည​ေနအထိ မိသားစုက လိုက်လံရှာဖွေနေသော်လည်း ဦးသန်းဦး၏သတင်းအစအန လုံးဝမရ​ေသာကြောင့် စိုးရိမ်နေရကြောင်း မိသားစုဝင်များက ပြောဆိုသည်။ ထို့ကြောင့် ဦးသန်းဦးအား တွေရှိရမည်ဆိုပါက […]

ထားဝယ် ဇဟာရွာတွင် မဲစာရင်းပြုစုနေသူတစ်ဦးကို ဖမ်းဆီးထားကြောင်း ဒူရကစစ်ကြောင်းဆို

Dawei Watch

November 25, 2025

စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ထားဝယ်မြို့နယ်၊ ဇဟာရွာတွင် မဲစာရင်းပြုစုနေသူတစ်ဦးကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းက ဖမ်းဆီးထားကြောင်း အဆိုပါစစ်ကြောင်းထံမှ သိရသည်။ ဇဟာရွာတွင် နေထိုင်သည့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးဟန်ညွန့်ကို ရွာအရှေ့ပိုင်းရှိ ၎င်း၏ဥယျာဥ်ခြံအတွင်းရှိ နေအိမ်၌ နိုဝင်ဘာလ ၂၂ ရက် နေ့လယ်ပိုင်းတွင် သွားရောက်ဖမ်းဆီးခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပံ့ပိုးကူညီတဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတဲ့အကြောင်းကို ထုတ်ပြန် ထားတယ်။ ထုတ်ပြန်ချက်နဲ့ အညီလည်း အခုလုပ်တယ်။ တကယ်လို့ သူ (ဦးဟန်ညွန့်) က အုပ်ချုပ်ရေးမှူးဖြစ်နေလို့ ဖမ်းတာ မဟုတ်ဘူး။ မဲရုံမှူးတစ်ယောက်ဖြစ်တယ်။ လက်ရှိအနေအထားမှာ စစ်ကောင်စီကို ရွေးကောက်ပွဲဖြစ်မြောက်ဖို့ သူအများကြီး ပံ့ပိုးနေတာရှိတယ်” ဟု ၎င်းက […]

ထားဝယ်မြို့လယ်ခေါင်က တိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၏ မဲဆွယ်ဆိုင်းဘုတ်ကို ဆိုင်ကယ်ဝင်တိုက်

Dawei Watch

November 25, 2025

ထားဝယ်မြို့လယ်တွင် စိုက်ထူထားသော စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၏ မဲဆွယ်ဆိုင်းဘုတ် ယမန်နေ့ညနေပိုင်းက မော်တော်ဆိုင်ကယ်ဖြင့် ဝင်တိုက်ခံရကြောင်း မြို့ခံများထံမှသိရသည်။ ဦးမြတ်ကိုမှာ စစ်အာဏာရှင်တပ်၏ ကျောထောက်နောက်ခံပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် စစ်ကော်မရှင်က ကျင်းပမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထားဝယ်မြို့ ဥတ္တံားကြီးလမ်းဆုံအနီးရှိ စိုက်ထူထားသော ဦးမြတ်ကို၏မဲဆွယ်ဆိုင်းဘုတ်ကို နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းတွင် အသက်၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ရေးလမ်းအတိုင်း မော်တော်ဆိုင်ကယ်ဖြင့်လာစဉ် ဝင်ရောက်တိုက်မိခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ “ဆိုင်းဘုတ်က လမ်း ဘေးပလက်ဖောင်းဘေးမှာ ထောင်ထားတယ်။ ပလက်ဖောင်းကိုကျော်ပြီးမှ ဆိုင်းဘုတ်ကို ဝင်တိုက်သွားတယ်။ ဆိုင်ကယ်လည်း လဲသွားတယ်၊ဆိုင်းဘုတ်လည်း မြေကြီးပေါ်လဲကျနီးနီး ဖြစ်သွားတယ်” ဟု ယင်းမြို့ခံကပြောသည်။ မဲဆွယ်ဆိုင်းဘုတ်ကို ဆိုင်ကယ်ဖြင့် ဝင်ရောက်တိုက်မိသူမှာ တိုက်မိမှုဖြစ်ပြီးနောက် ယင်းနေရာမှ ထွက်ခွာသွားသည်ဟုဆိုသည်။ ဆိုင်ကယ်ဖြင့် […]

သရက်ချောင်းမြို့နယ် မင်းဒပ်ရွာက နေအိမ် ၆၀ကျော်ကို စစ်အာဏာရှင်တပ် မီးရှို့ဖျက်ဆီး

Dawei Watch

November 24, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းဘေးက မင်းဒပ်ရွာကို စစ်အာဏာရှင်တပ်စစ်ကြောင်းက နိုဝင်ဘာလ ၂၃ ရက်တွင် မီးရှို့ဖျက်ဆီးရာ အရပ်သားနေအိမ် ၆၁ လုံး ပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်း ပြန်ထွက်သွားပြီးနောက် ယနေ့ နိုဝင်ဘာလ ၂၄ ရက်တွင် ကျေးရွာအတွင်း ဒေသခံများ သွားရောက်ကြည့်ရှု နေအိမ် ၆၁ လုံး မီးရှို့ခံထားရသည်ကို တွေ့ရှိ့ကြောင်း မင်းဒပ်ရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ “(မီးရှို့ခံရတာမှာ) ကျွန်မတို့အိမ်လည်း ပါတယ်။ အိမ်တစ်လုံးရဖို့ မနည်းကြိုးစားထားရတာ။ အခုမီးရှို့ခံရတဲ့ အိမ်တွေ အတော်များများက ထိုင်းနိုင်ငံမှာ သွားလုပ်စားကြပြီး ဆောက်ထားတဲ့ အိမ်တွေချည်းပဲ။ ကျွန်မလည်းငို ကျွန်မအမေတို့လည်း ငိုပဲ” ဟု ၎င်းက ပြောဆိုသည်။ နိုဝင်ဘာလ ၂၂ ရက် နံနက် နံနက်တွင် […]