ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းတွင် ငါးမျက်နှာဘုရားဖူးလာသောကား တိမ်းမှောက်ပြီး မြန်မာ ၁၀ကျော် ဒဏ်ရာရ

Dawei Watch

January 2, 2026

ငါးမျက်နှာဘုရားဖူးလာသော ကားတစ်စီး ထိုင်းနိုင်ငံ ဖစ်ချဘွန်ခရိုင်ရှိ အဝေးပြေးလမ်းမတွင် တိမ်းမှောက်ရာ ကားပေါ် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၂ ရက် နံနက် ၁ နာရီခွဲခန့်က ဖစ်ချဘွန်ခရိုင် စရီထေ့ဒေရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ဗန်ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်မြောင်းထဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ကားတိမ်းမှောက်မှုကြောင့် ကားသမားအပါအဝင် မြန်မာနိုင်ငံသား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့က စရီထေ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။ ကားသည် အယုဒ္ဓယမြို့မှ ဖစ်ချဘွန်ခရိုင်ရှိ ငါးမျက်နှာဘုရားဖူးရန် သွားနေစဉ် ကားတစ်စီး အရှေ့ကို ရုတ်တရက် ကျော်တက် လာသဖြင့် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း ကားသမား၏ ဖြေကြားချက်ကို ဖော်ပြသည်။ လက်ရှိတွင် ကားမှောက်မှုဖြစ်စဉ်နှင့် […]

ထိုင်း ဟွာဟင်မြို့တွင် တနင်္သာရီဒေသခံ လူငယ်တစ်ဦး ဓားထိုးခံရပြီး သေဆုံး

Dawei Watch

December 31, 2025

ထိုင်းနိုင်ငံ ၊ ဟွာဟင်မြို့တွင် ဒီဇင်ဘာလ ၃၀ ရက်ညက တနင်္သာရီဒေသခံ လူငယ်တစ်ဦး လည်ပင်းတွင် ဓားထိုးခံရ၍သေဆုံးကြောင်း ဟွာဟင်ရောက်မြန်မာအသိုင်းအဝိုင်းထံမှသိရသည် ။ သေဆုံးသူသည် လွန်ခဲ့သည့် တစ်နှစ်ခန့်က ထိုင်းနိုင်ငံရောက်လာပြီး သစ်သီးအရောင်း ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်သည့် အသက် ၁၈ နှစ်အရွယ် ကိုသူရပိုင် ဖြစ်ကြောင်း ကာယကံရှင် ၏ မိသားစုများကပြောသည် ။ ကိုသူရပိုင်သည် တနင်္သာရီမြို့နယ် ၊ ကျွဲထိန်းကွင်းရွာသားဖြစ်သည်။ ဟွာဟင်မြို့ ရှိ တံတားတစ်စင်းပေါ်တွင် ဝိုင်းဖွဲ့သောက်စားကာ သီချင်းဆိုနေသည့် ကိုသူရပိုင် အပါအဝင် မြန်မာလေးဦး နှင့် ၎င်းတို့ဝန်းကျင်တွင် ဝိုင်းဖွဲ့စားသောက်နေသည့် ထိုင်းလူငယ်အဖွဲ့တို့ စကားများရာမှ ဓားဖြင့်ထိုးခံရခြင်းဖြစ်ကြောင်း းကိုသူရပိုင် ၏ မိသားစုဝင်တစ်ဦး က ဆိုသည် ။ ” ထိုင်းတွေနဲ့ တိုက်ရိုက်ရန်ဖြစ်တာတော့ […]

ဘန်ကောက်တွင် BTS ရထားစီးရာ၌သုံးသည့် Rabbit Card ကို မြန်မာများ အသုံးပြုခွင့်ပိတ်

Dawei Watch

December 31, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသားများကို Rabbit Card ဖြင့် BTS ရထားစီးခွင့် စတင်ပိတ်ပင် ကန့်သတ်ခံနေရကြောင်း ဘန်ကောက်နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။ Rabbit Card ဆိုသည်မှာ ကြိုတင်ငွေဖြည့်ကတ်ဖြစ်ပြီး BTS မိုးပျံရထားများ စီးရာတွင် လက်မှတ်ကောင်တာ၌ တန်းစီရန် မလိုအပ်ဘဲ အလိုအလျောက် ဝင်ရောက်စီးနင်းနိုင်သော ကတ်တစ်မျိုးဖြစ်သည်။ ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှစ၍ မြန်မာနိုင်ငံသားအချို့ သုံးစွဲနေသော Rabbit Card များကို စတင်ပိတ်ပင်ခဲ့ပြီး သုံးစွဲခွင့် မပြုတော့ကြောင်း ကတ်ပိတ်ခံရသော မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။ “Myanmar passport နဲ့ဖွင့်ထားတဲ့ ကတ်တွေကို ပိတ်လိုက်တာ။ မြန်မာနိုင်ငံကဖြစ်တာနဲ့ တကယ် ရာဇ၀တ်သားလိုပဲ သက်သက်ကြီး ဆက်ဆံခံလိုက်ရတယ်။ ဘာကြောင့် ပိတ်လဲဆိုတာတော့ မသိရဘူး” ဟု […]

ထိုင်းတွင် နှစ်သစ်ကူးခရီးထွက်သည့် ကားတစ်စီး ရေမြောင်းထဲထိုးကျပြီး မြန်မာခြောက်ဦးသေဆုံး

Dawei Watch

December 31, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် နှစ်သစ်ကူး ဘုရားဖူးလာသူများ စီးလာသော ကားတစ်စီး မြောင်းထဲထိုးကျမှုကြောင့် ကားပေါ်ပါ မြန်မာနိုင်ငံသားခြောက်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၁၀ နာရီခန့်က ထန်ရာဘူရီဒေသ ရန်စစ်-နခွန်နယွတ်လမ်းမကြီးတွင် ကားတစ်စီးသည် လမ်းဘေးအတားအဆီးနှင့် သစ်ပင်ကို တိုက်ပြီးနောက် မြောင်းထဲ ထိုးဆင်းကြောင်း ဆိုသည်။ ကားကို မြန်မာနိုင်ငံသား ကားသမားက မောင်းလာပြီး ကားသမားအပါအဝင် မြန်မာနိုင်ငံသား ၁၃ ဦး လိုက်ပါလာကာ အလှူနှင့် ငါးမျက်နှာဘုရားဖူးရန် ချွန်ဘူရီခရိုင်မှ လာကြခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကားမတော်တဆမှုကြောင့် ကားသမားအပါအဝင် မြန်မာနိုင်ငံသားခြောက်ဦး သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ လက်ရှိတွင် သေဆုံးသူ သုံးဦး၏ ရုပ်အလောင်းကို ဆယ်ယူရရှိထားပြီး နောက်ထပ် သုံးဦးကို […]

ထိုင်းစက်ရုံတွင် မတော်တဆမှုကြောင့် လက်တစ်ဖက်ဆုံးရှုံးသော မြန်မာလုပ်သား တစ်နှစ်ကျော်ကြာအထိ နစ်နာကြေးမရ

Dawei Watch

December 30, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်ရှိ ဂက်အိုးစက်ရုံတွင် အလုပ်လုပ်ကိုင်နေစဉ် မတော်တဆမှုကြောင့် လက်တစ်ဖက် ဆုံးရှုံးခဲ့သော မြန်မာအလုပ်သမားတစ်ဦး တစ်နှစ်ကျော်ကြာသည်အထိ နစ်နာကြေး မရသေးကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ကိုနေသူလင်းသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလက ဂက်အိုးစက်ရုံတွင် သံပြားများကို စက်ကြီးဖြင့် ပုံသွင်းနေစဉ် ခြေထောက် မတော်တဆဖြစ်ပြီး ခလုတ်နှိပ်မိရာမှ ညာဘက်လက်ကို စက်နှင့် ဖိမိခဲ့သည်။ မတော်တဆမှုကြောင့် လက်ဖဝါးတစ်ခုလုံး ကြေမွသွားခဲ့ပြီး လက်ဖြတ်တောက်လိုက်ရကာ ပါနန်းဆေးရုံတွင် တစ်လကျော်ကြာ ဆေးကုသမှု ခံယူခဲ့ရကြောင်း မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ထံမှ သိရသည်။ ကိုနေသူလင်း၏ ဆေးကုသမှု စရိတ်များကို စက်ရုံဘက်က ကျခံပေးခဲ့သလို လုပ်အားခ ၄၅ ရက်စာအတွက်လည်း လစာ တစ်ဝက်နှုန်းဖြင့် စက်ရုံက ထောက်ပံ့ပေးခဲ့ကြောင်း ဆိုသည်။ […]

ထိုင်း Cal-Comp လျှပ်စစ်စက်ရုံက မြန်မာလုပ်သား ၁၆၀၀ ကျော်ကို ရုတ်တရက် အလုပ်ထုတ်

Dawei Watch

December 29, 2025

ထိုင်းနိုင်ငံ၊ ဖက်ချ်ဘူရီခရိုင် Cal-Comp လျှပ်စစ်စက်ရုံရှိ မြန်မာအလုပ်သမား ၁၆၀၀ ကျော်ကို ယနေ့ နံနက်ပိုင်းတွင် နစ်နာကြေးပေးပြီး ရုတ်တရက် အလုပ်ထုတ်လိုက်ကြောင်း Cal-Comp စက်ရုံနှင့် မြန်မာအလုပ်သမားများထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာလ ၂၉ ရက် နံနက် ၈ နာရီတွင် Cal-Comp Electronics (Thailand) Public Company Limited သည် စက်ရုံရှိ အလုပ်သမား ၁၆၀၀ ကျော်ကို နစ်နာကြေးပေး၍ အလုပ်မှ ရပ်နားလိုက်ကြောင်း ကြေညာခဲ့သည်။ ဝန်ထမ်းများကို ဒီဇင်ဘာလ ၂၉ ရက်အထိ လုပ်အားခနှင့် နစ်နာကြေးပေး၍ ဒီဇင်ဘာလ ၃၀ ရက်မှစ၍ အလုပ်မှ ရပ်နားလိုက်ပြီဖြစ်ကြောင်း ရေးသားထားသည်။ စက်ရုံက အလုပ်သမားများကို နစ်နာကြေးပေးပြီး အလုပ်ထုတ်ခဲ့သော်လည်း လာမည့်နှစ်သစ်တွင် […]

တာချီလိတ်-မယ်ဆိုင်ဂိတ်က ဝင်လာသည့် မြန်မာ ၂၅ ဦး ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရ

Dawei Watch

December 27, 2025

ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၂ တံတား တာချီလိတ်-မယ်ဆိုင်ဂိတ်မှ ဝင်လာပြီး ထိုင်းနိုင်ငံထဲ အလုပ်လုပ်ကိုင်ရန် စီစဉ်ထားသည့် မြန်မာနိုင်ငံသား ၂၅ ဦးကို ထိုင်းလဝကအဖွဲ့က ဖမ်းဆီးပြီး နေရပ်ပြန်ပို့လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီခန့်က တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်မှတစ်ဆင့် မယ်ဆိုင်မြို့ထဲ ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၅ ဦးကို ထိုင်းလဝကရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့သည် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) လုပ်ငန်းစဉ်အတွက် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ အမည်စာရင်း နောက်ဆုံးတင်သွင်းရမည့်ရက်လည်း ဖြစ်သည်။ နိုင်ငံခြားသားများ နယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်လာပြီး ဘန်ကောက်နှင့် အခြားခရိုင်များသို့ တရားမဝင် လမ်းကြောင်းဖြင့် သွားရောက်ရန် စီစဉ်နေသည်ဟု ချင်းရိုင်ခရိုင် လဝက က […]

မဟာချိုင်တွင် ကားဆင့်တိုက်မှုကြောင့် မြန်မာ ၁ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

Dawei Watch

December 25, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ကားဆင့်တိုက်မှုကြောင့် မြန်မာနိုင်ငံသား ၁ ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး နောက်ထပ် ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မိသားစုဝင်နှင့် ထိုင်းသတင်းဌာနများထံမှ သိရသည်။ ဒီဇင်ဘာလ ၂၄ ရက် ညနေ ၅ နာရီခွဲခန့်က မဟာချိုင် ကထူးဘင်ဒေသ ဘန်ခွန်ကိုင်ဒီး-ထာ့စောင်လမ်းမပေါ်တွင် အရှိန်ဖြင့် မောင်းလာသော ပစ်ကပ်ကားက အခြားကားတစ်စီးကို ဝင်တိုက်ခဲ့ပြီးနောက် လမ်းကြောင်းပြောင်းကာ ဆန့်ကျင်ဘက်လမ်းက မောင်းလာသော ဆိုင်ကယ်များကို ထပ်မံဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ကားသည် မြန်မာဇနီးမောင်နှံမောင်းလာသော ဆိုင်ကယ်ကို ဝင်တိုက်ခဲ့ပြီးနောက် လမ်းဘေးရှိ ကုန်စုံဆိုင်ထဲကို ထပ်မံဝင်တိုက်ခဲ့သေးကြောင်း သတင်းတွင်ဖော်ပြထားသည်။ ကားကို မြန်မာနိုင်ငံသား ကားသမားက မောင်းလာပြီး ကားတိုက်မှုဖြစ်ပြီး ကားပေါ်မှ ဆင်းလာချိန် အရက်မူးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။ ကားတိုက်မှုကြောင့် ဆိုင်ကယ်စီးလာသော […]