မြန်မာလုပ်သားတစ်ရာကျော် ခိုလှုံနေသည့် AAC ရုံးကို ထိုင်းအာဏာပိုင်များပိတ်ခိုင်း
Dawei Watch
February 18, 2025ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအလုပ်သမားများခိုလှုံနေသည့် AAC မဟာမိတ်အဖွဲ့၏ ရုံးကို ပိတ်သိမ်းရန် ထိုင်းအာဏာပိုင်များက ယနေ့ ဖေဖော်ဝါရီလ ၁၈ရက်တွင် လာရောက် ပြောဆိုကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ AAC မဟာမိတ်ရုံးသည် ထိုင်းအစိုးရထံတွင် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသဖြင့် ရုံးကို ပိတ်ပေးရန်နှင့် စာရွက်စာတမ်း ရှိသော အလုပ်သမားများကိုသာ ကူညီစောင့်ရှောက်ပေးရန် ထိုင်းဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံက လာရောက်စစ်ဆေး ညွှန်ကြား ခဲ့ကြောင်း ယင်းအဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။ “ရုံးမှာ အခက်အခဲရှိတဲ့သူတွေကို ကူညီနေတာကိုလည်း တရားဝင်လက်မှတ်တွေရှိမှပဲ ကူညီဖို့ သူတို့က လာပြီးတားမြစ်တာ ပေါ့။ ရုံးကိုလည်း ဖျက်သိမ်းပေးဖို့လာပြီးတော့ ဒုတိယအဆင့်ရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် လာတားတာပေါ့။ တရားဝင်မှတ်ပုံတင်ဖို့က ကျွန်တော်တို့က မြန်မာနိုင်ငံသားတွေဖြစ်နေတော့ လုပ်ရကိုင်ရခက်တာပေါ့” […]


