ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီမြို့က မြန်မာပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ကို ထိုင်းအာဏာပိုင်များက မတ်လ ၃ ရက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod English တွင် ဖော်ပြသည်။ စူရတ်ဌာနီမြို့၊ ခုန်ထလေးဒေသရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် မြန်မာနိုင်ငံမှ တရားမဝင် တင်သွင်းထားသော ကုန်ပစ္စည်းများ ရောင်းချနေသည်ဟု တိုင်ကြားချက်ရရှိသဖြင့် အကောက်ခွန်၊ ပြည်သူ့ကျန်းမာရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံမှ တရားမဝင် တင်သွင်းထားသော အစားအသောက်၊ အလှကုန်၊ ဆေးဝါးများစွာကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။ ဆိုင်ကို မြန်မာနိုင်ငံသားတစ်ဦးနှင့် လက်ထပ်ထားသော ထိုင်းဆိုင်ပိုင်ရှင်က ဖွင့်လှစ်ထားကြောင်း ဖော်ပြသည်။ မြန်မာပစ္စည်းများကို တရားမဝင် ရောင်းချမှုဖြင့် ထိုင်းနိုင်ငံသား ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးထားပြီး ခုန်ထလေးရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းတွင် ဖော်ပြသည်။ ဖေဖော်ဝါရီ ၂၀ ရက်ကလည်း […]