ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

မဟာချိုင်တွင် မြန်မာလုပ်သားတစ်ဦး မျက်စိလှူဒါန်း

Dawei Watch

March 7, 2025

ထိုင်းနိုင်ငံ မဟာချိုင်ဒေသက စမွန်စခွန်ဆေးရုံကြီးတွင် ဆေးကုသနေသော မြန်မာအလုပ်သမားတစ်ဦး၏ မျက်စိတစ်စုံကို လိုအပ်သည့် လူနာများ ကုသနိုင်ရန် မတ်လ ၆ ရက်နေ့က ဇနီးဖြစ်သူက ပေးလှူခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့နှင့် စမွတ်စခွန်ဆေးရုံကြီး၏ ထုတ်ပြန်ချက်အရ သိရသည်။ အသက် ၄၂ နှစ်အရွယ် ကိုသက်ချိုသည် မဟာချိုင်ဒေသရှိ စက်ရုံတွင် ဇနီးနှင့်အတူ အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့က ရေးသားသည်။ ပြီးခဲ့သော မတ်လ ၃ ရက်နေ့က အပြင်ထွက်စဉ် ၁၈ ဘီးတပ် ကုန်တင်ကားနှင့် တိုက်မိကြောင်း ဖော်ပြသည်။ မတော်တဆဖြစ်ပြီး စမွတ်စခွန်ဆေးရုံကြီးတွင် အရေးပေါ်ကုသမှု ခံယူနေစဉ် လူနာသည် မတ်လ ၆ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း ဆေးရုံကြီးက ထုတ်ပြန်သည်။ လူနာမသေဆုံးမီ ဆေးရုံအတွင်းရှိ အမြင်အာရုံကုသရန် လိုအပ်နေသော […]

အယုဒ္ဓယမှာ ယာဉ်တိုက်မှုကြောင့် ဆေးကုသမှုခံယူနေတဲ့ ထားဝယ်ဒေသခံတစ်ဦးထပ်မံသေဆုံး

Dawei Watch

March 6, 2025

အယုဒ္ဓယမှာ ယာဉ်တိုက်မှုကြောင့် ဆေးကုသမှုခံယူနေတဲ့ ထားဝယ်ဒေသခံတစ်ဦးထပ်မံသေဆုံး

ထိုင်းမှာ ချစ်သူနဲ့စကားများထားတဲ့ မြန်မာအမျိုးသားတစ်ဦး ရထားအတိုက်ခံကာ သေဆုံး

Dawei Watch

March 6, 2025

ထိုင်းမှာ ချစ်သူနဲ့စကားများထားတဲ့ မြန်မာအမျိုးသားတစ်ဦး ရထားအတိုက်ခံကာ သေဆုံး

ထိုင်းတွင် ချစ်သူနှင့်စကားများထားသည့် မြန်မာအမျိုးသားတစ်ဦး ရထားအတိုက်ခံကာ သေဆုံး

Dawei Watch

March 6, 2025

ချစ်သူနှင့်စကားများထားသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးမှာ ရထားအတိုက်ခံကာ မိမိကိုယ်ကို အဆုံးစီရင်မှု ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချွန်ဘူရီခရိုင်တွင် ဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မတ်လ ၄ ရက်နေ့က အသက် ၂၂ နှစ်အရွယ် မြန်မာလူငယ်သည် ချစ်သူနှင့် ဗီဒီယိုဖုန်းခေါ်ဆိုခဲ့ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူသည် ချွန်ဘူရီခရိုင်တွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခု၏ အမှိုက်သိမ်းအလုပ်သမားအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။ အခင်းဖြစ်သောနေ့က မြန်မာလူငယ်သည် အသက် ၂၀ နှစ်အရွယ် ချစ်သူနှင့် ရထားလမ်းပေါ် စကားများ ရန်ဖြစ်ခဲ့ကြောင်း မြန်မာအမျိုးသမီးက ရဲတပ်ဖွဲ့သို့ ဖြေကြားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ၈ လကြာ ချစ်သူအဖြစ် အတူနေသူများဖြစ်ပြီး မြန်မာလူငယ်က အလုပ်ထွက်၍ မြန်မာနိုင်ငံရှိ အိမ်သို့ ပြန်၍ နေထိုင်ချင်နေသူတစ်ဦးဖြစ်ကြောင်း၊ ၎င်းနှင့်အတူ အိမ်ပြန်လိုက်ရန် ခေါ်သောအခါ အမျိုးသမီးက […]

အယုဒ္ဓယတွင် ယာဉ်တိုက်မှုကြောင့် ဆေးကုသမှုခံယူနေသည့် ထားဝယ်ဒေသခံတစ်ဦးထပ်မံသေဆုံး

Dawei Watch

March 5, 2025

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်အတွင်း ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရသည့် ထားဝယ်ဒေသခံတစ်ဦး ယနေ့ မတ်လ ၅ရက် နံနက်တွင် သေဆုံးကြောင်း မိသားစုဝင်များထံမှ သိရသည်။ ဘန်ပန်-ဖက်ဟိုင် (ဖက်ခိုင်) ကားလမ်းမပေါ်ရှိ မီးပွိုင့်တစ်ခုတွင် မတ်လ ၂ရက် နေ့လယ်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပြီး ထားဝယ်ဒေသခံတစ်ဦး သေဆုံးကာ နောက်တစ်ဦးဖြစ်သည့် ကိုဇင်ကိုကိုဟိန်းမှာ ဦးနှောက်တွင် ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။ “ဆေးရုံမှာ သုံးရက်ကြာပြီး အခုမနက် ဆယ်နာရီမှာပဲ ဆုံးသွားပါတယ်။ အခုညနေ အလောင်းထုတ်လာခဲ့ပြီးပါပြီ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ ကိုဇင်ကိုကိုဟိန်း၏ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ကိုဖြိုးမှာမူ မတ်လ ၂ ရက် ယာဥ်တိုက်မှုဖြစ်သည့်နေ့ကတည်းက သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆိုသည်။ အလုပ် ထမင်းစားနားချိန်၌ ဆိုင်ကယ်ဖြင့် အပြင်ထွက်စဥ် ၁၈ ဘီးတွဲကားနှင့် တိုက်မိခဲ့ကြောင်း […]

ထိုင်းတောင်ပိုင်း ကော့စမွေကျွန်းတွင် မြန်မာများ၏အခန်းထဲအထိ အာဏာပိုင်များဝင်စစ်ဖမ်းဆီး

Dawei Watch

March 5, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းတွင် မြန်မာနိုင်ငံသားများနေထိုင်ရာ အခန်းများထဲအထိ ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးနေပြီး ရွှေ့ပြောင်းအလုပ်သမား သုံးဦးဖမ်းဆီးခံရကြောင်း မြန်မာနိုင်ငံသားများနှင့် ကော့စမွေပြန်ကြားရေးဌာနအရ သိရသည်။ ယနေ့ နံနက် ၆ နာရီခန့်က ကော့စမွေကျွန်းရှိ မဲနမ် ၆ လမ်းထဲက မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား အများစုနေထိုင်ရာ အခန်းတွဲများကို ထိုင်းလဝကအဖွဲ့က တံခါးခေါက်၍ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံသားများထံမှ သိရသည်။ အခန်းထဲနေထိုင်သူများကို အပြင်သို့ ခေါ်ထုတ်၍ မြန်မာနိုင်ငံသားများကို တန်းစီထိုင်စေပြီး စစ်ဆေးခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးက ပြောသည်။ “စစ်တာကတော့ တန်းလျားထဲက အခန်းတွေ အကုန်စစ်တယ်။ အခြားတန်းလျားထဲက လူတွေလည်း အစစ်ခံရတယ်။ အဖွဲ့စုံဆင်းပြီး လိုက်စစ်တာမျိုးရှင့်” ဟု ကိုယ်တိုင် စစ်ဆေးခံရသူ အမျိုးသမီးက ပြောဆိုသည်။ စစ်ခံရသော မြန်မာနိုင်ငံသားဦးရေ ၃၀ ခန့်ရှိကြောင်း […]

ချင်းမိုင်တွင် ထိုင်းလူငယ်ကိုသတ်မှုဖြင့် ထိုင်းယိုင်(ရှမ်း) လူငယ်ဂိုဏ်းတစ်ခုကို ရဲဖမ်းဆီး

Dawei Watch

March 5, 2025

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ဆယ်ကျော်သက်လူငယ်များ အချင်းချင်း ရန်ဖြစ်ရာမှ ဓါးထိုးလူသတ်မှုဖြစ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ သေဆုံးသူသည် အသက် ၁၈ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးဖြစ်ပြီး မတ်လ ၄ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က ချင်းမိုင်မြို့ထဲရှိ ဈေးတစ်ခုထဲတွင် ထိုင်းလူငယ်အချင်းချင်း ရန်ဖြစ်ရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။ ချင်းမိုင်မြို့ဒေသခံ ထိုင်းယိုင် (ရှမ်း) လူငယ်ဂိုဏ်းတစ်ခုက ဘိလိယက်ထိုးနေစဉ် တစ်ဖက်လမ်းက သေဆုံးသူ လူငယ်နှင့် အချင်းချင်း အကြည့်ဆုံမိရာမှ ရန်ငြိုးစတင်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူက ရဲတပ်ဖွဲ့သို့ ဖြေကြားသည်။ သေဆုံးသူသည် အန္တရာယ်ဖြစ်မည်ကို ကြိုတင်စိုးရိမ်သဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့များ ရောက်လာသောအချိန် မည်သည့်ရန်ပွဲမှ မဖြစ်ခဲ့ကြောင်း ဆိုသည်။ ထို့နောက် သေဆုံးသူအပါအဝင် သူငယ်ချင်း ၅ ဦး အပြင်ထွက်လာပြီး […]

ရပ်တည်ဖို့ ခက်လာသည့် ပရဟိတလူနာတင်ယာဉ်များ

Dawei Watch

March 4, 2025

ကျန်းမာရေး စောင့်ရှောက်မှု မရှိသလောက်ဖြစ်နေတဲ့ ကျေးလက်နေပြည်သူတွေက မြို့ပေါ်တက်အရေးပေါ်ဆေးကုဖို့အတွက် လူနာတင်ယာဉ်တွေကိုပဲ အားကိုးနေရတာပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် လူနာတင်ယာဉ်ပရဟိတအဖွဲ့တွေ ရပ်နားလာလို့ ကျေးလက်နေသူတွေ အခက်ကြုံနေရပါပြီ။