လုပ်အားခကိစ္စ အချင်းများရာမှ မြန်မာတစ်ဦးက ထိုင်းတစ်ဦးကို ဓားဖြင့်ထိုးသတ်ဟုဆို
Dawei Watch
January 3, 2025ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်တွင် လုပ်အားခကိစ္စပြောဆိုရာမှ အချင်းများရန်ဖြစ်ရာ မြန်မာနိုင်ငံသားက ထိုင်းနိုင်ငံသားကို ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇန်နဝါရီလ ၁ ရက်က မြန်မာနိုင်ငံသားတစ်ဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးတို့ အရက်အတူတူသောက်စဉ် လုပ်အားခကိစ္စပြောဆိုကြကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် ထိုင်းအလုပ်သမားများထက် လုပ်အားခ ရရှိမှု ပိုနည်းနေကြောင်း ပြောဆိုရာမှအစပြုကာ အချင်းများရန်ဖြစ်ခြင်းဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။ နှစ်ဦးစလုံးတွင် ဓားကိုင်ဆောင်လာခဲ့ရာ မြန်မာအလုပ်သမားက ထိုင်းနိုင်ငံသား၏ ရင်ဘတ်ကို ဓားဖြင့် ထိုးခဲ့သည်ကို CCTV မှတ်တမ်းများအရ သိရကြောင်း ဆိုသည်။ ထို့နောက် ထိုင်းနိုင်ငံသားက ၎င်း၏ ဒဏ်ရာကို အနီးတွင်နေထိုင်သူတစ်ဦးအား စစ်ဆေးစေခဲ့ပြီး ခဏအကြာတွင် သေဆုံးခဲ့ကြောင်း သတင်းများတွင်ဖော်ပြသည်။ ဓားဖြင့် ထိုးခဲ့သော ကိုဝင်းဆိုသည့် မြန်မာနိုင်ငံသားသည် အခင်းဖြစ်ပြီးနောက် ကျောပိုးအိတ်ကိုယူ၍ ထွက်ပြေးသွားခဲ့ကြောင်း ဆိုသည်။ […]