ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ငလျင်ကြောင့် အပစ်ရပ်ကြတာ ဘာတွေကွဲပြားလဲ

Dawei Watch

April 3, 2025

အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ သေကြေပျက်စီးမှု အလွန်များပြားပြီး လူအများအပြား ဟာလည်း ပြိုကျနေတဲ့ အဆောက်အအုံတွေထဲ ပိတ်မိနေကြဆဲဖြစ်ပါတယ်။ ဧပြီလ ၃ရက် နံနက်အထိ စစ်ကောင်စီ ထုတ်ပြန်တဲ့ စာရင်းအရ သေဆုံးသူ ၃၀၀၀ ကျော်၊ ဒဏ်ရာရသူ ၄၆၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၄၀၀ ကျော် ရှိနေပါတယ်။ ဒီလို ငလျင်ဒဏ်ခံနေရချိန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတာကြောင့် နိုင်ငံတကာ ဝေဖန် ပြစ်တင်မှုတွေ ရှိခဲ့ပြီး အခုလို သေရေးရှင်ရေးကာလမှာ အပစ်ရပ်ကြဖို့လည်း တိုက်တွန်းကြပါတယ်။ အခုရက်ပိုင်း အတွင်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်ကောင်စီအပါအဝင် လက်နက်တပ်ဖွဲ့တွေက အပစ်ရပ်ကြောင်း ကြေညာကြပါတယ်။ အပစ်ရပ်ကာလ၊ အပစ်ရပ်တာမှာ ပါဝင်တဲ့ ထူးခြားတဲ့အချက်တွေကို ကောက်နုတ်တင်ဆက်ထားပါတယ်။

ငလျင်ဒဏ်သင့်သူများ၏ မိသားစုဝင်များကို ထိုင်းဝန်ကြီးချုပ် တွေ့ဆုံအားပေး

Dawei Watch

April 2, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ငလျင်ဒဏ်ကြောင့် အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံးနေသူများကို စောင့်ဆိုင်းနေသည့် မိသားစုဝင်များအား ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်က ယနေ့တွင် ထပ်မံလာရောက်အားပေးခဲ့ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၂ ရက်နေ့ အဆောက်အအုံပြိုကျသော နေရာသို့ ထပ်မံရောက်လာချိန်တွင် မိသားစုဝင်များကို ကိုယ်တိုင်သွားရောက် အားပေးခဲ့ခြင်းဖြစ်သည်။ အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေသော အလုပ်သမား ၈၃ ဦး ရှိနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က နှစ်သိမ့်အားပေးခဲ့သည်။ မိသားစုဝင်များအား နေမကောင်းမဖြစ်စေပဲ အချိန်မှန်စားရန်၊ ကျန်းမာရေးဂရုစိုက်ရန် အားပေးခဲ့ပြီး တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆိုသည်။ အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၁၅ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၉ ဦးရှိကြောင်း နောက်ဆုံးအခြေအနေကို ထုတ်ပြန်ထားသည်။

ဘန်ကောက် အဆောက်အအုံပြိုကျမှု မြန်မာလုပ်သား ၂၄ ဦး ပျောက်ဆုံးနေဆဲ

Dawei Watch

April 2, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ငလျင်ကြောင့် အဆောက်အအုံပြိုကျမှုတွင် မြန်မာအလုပ်သမား ၂၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဧပြီလ ၁ရက်က ထုတ်ပြန်သည်။ ကျာတူးကျက်ဒေသက စာရင်းစစ်ချုပ်ရုံးအဆောက်အအုံ ပြိုကျသောနေရာသို့ ထိုင်းအလုပ်သမားဝန်ကြီး ရောက်ရှိလာပြီးနောက် ပျောက်ဆုံးနေသော အလုပ်သမားစာရင်းကို ထုတ်ပြန်လာခြင်းဖြစ်သည်။ အပျက်အစီးများအောက်တွင် ပိတ်မိနေပြီး ပျောက်ဆုံးနေဆဲ အလုပ်သမား ၈၃ ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း ဖော်ပြသည်။ ၎င်းတို့ထဲတွင် ထိုင်းအလုပ်သမား ၅၅ ဦး၊ မြန်မာအလုပ်သမား ၂၄ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၃ ဦးနှင့် လာအိုအလုပ်သမား ၁ ဦးတို့ ပါဝင်ကြောင်းဖော်ပြသည်။ စာရင်းစစ်ချုပ်ရုံး ပြိုကျမှုကြောင့် ဧပြီလ ၁ ရက်နေ့ ညပိုင်းအထိ သေဆုံးသူ ထိုင်းအလုပ်သမား ၁၁ ဦးနှင့် မြန်မာအလုပ်သမား ၃ ဦး […]

မြန်မာ့ငလျင်ဘေး အရေးကြီးအချက်အလက်များ

Dawei Watch

April 1, 2025

ရစ်(ခ်) တာစကေး ၇ဒသမ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် မြန်မာနိုင်ငံတွင် ထိခိုက်ပျက်စီး သေကြေမှု အလွန်များပြားခဲ့သည်။ သေဆုံးဒဏ်ရာရမှု စာရင်းအချိန်နှင့်အမျှ မြင့်တက်နေပြီး ပြိုကျနေသည့် အဆောက်အအုံများတွင် ပိတ်မိနေသူများစွာရှိနေကာ အခက်အခဲများစွာဖြင့် ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ၊ ငလျင်လှုပ်ခတ်မှု၊ ပြည်ပနိုင်ငံတွေက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိမှု အခြေအနေ ကိန်းဂဏန်းများကို စုစည်းဖော်ပြအပ်ပါသည်။

ဘန်ကောက်တွင် ပြိုကျသောနေရာသို့ ထိုင်းဝန်ကြီးချုပ် ထပ်ရောက်၊ ပိတ်မိနေသော မြန်မာများကို ကယ်ထုတ်ပေးရန် တောင်းဆို

Dawei Watch

March 31, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ငလျင်‌ကြောင့် ပြိုကျသွားသော အထပ်မြင့်အဆောက်အုံနေရာသို့ ဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ် ထပ်ရောက်လာပြီး အပျက်အစီးများအောက် ပိတ်မိနေသော မြန်မာနိုင်ငံသားများကို ကယ်ဆယ်ပေးရန် မြန်မာအလုပ်သမားအဖွဲ့က တောင်းဆိုကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နောက်ဆုံးအချက်အလက်အရ အဆောက်အအုံပြိုကျသောနေရာတွင် မြန်မာအပါအဝင် သေဆုံးသူ ၁၁ ဦးရှိလာပြီး အလုပ်သမား ၇၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြသည်။ အသက်ရှင်ကျန်ရစ်နေသော လက္ခဏာများကိုလည်း စစ်ဆေးတွေ့ရှိနေဆဲဖြစ်သဖြင့် မြန်မာအလုပ်သမားများကို ဆက်လက်ရှာဖွေကယ်ဆယ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ ငလျင်ဒဏ်ကြောင့် ဘန်ကောက်တွင် သေဆုံးသူဦးရေ စုစုပေါင်း ၁၈ ဦး ရှိလာပြီဖြစ်ပြီး ၃၄ ဦးအထိ ဒဏ်ရာရရှိထားကြောင်း ဖော်ပြသည်။ အဆောက်အုံပြိုကျမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ၇၂ နာရီအချိန်ကျော်လာသည်အထိ မရပ်မနား ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။ အဆောက်အအုံပြိုကျသော နေရာသို့ ထိုင်းဝန်ကြီးချုပ် […]

ပိတ်မိနေသူများကို ကယ်ထုတ်ပေးရန် ထိုင်းဝန်ကြီးချုပ်ထံ မြန်မာတစ်ဦး ဒူးထောက် အကူအညီတောင်း

Dawei Watch

March 31, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ငလျင်‌ကြောင့် ပြိုကျသွားသော အထပ်မြင့်အဆောက်အုံနေရာသို့ ဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ် ထပ်ရောက်လာပြီး အပျက်အစီးများအောက် ပိတ်မိနေသော မြန်မာနိုင်ငံသားများကို ကယ်ဆယ်ပေးရန် မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက ဒူးထောက် လက်အုပ်ချီ ကာ အကူအညီတောင်းဆိုခဲ့သည်။ နောက်ဆုံးရရှိသည့် အချက်အလက်အရ အဆောက်အအုံပြိုကျသောနေရာတွင် မြန်မာအပါအဝင် သေဆုံးသူ ၁၁ ဦးရှိလာပြီး အလုပ်သမား ၇၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ အသက်ရှင်ကျန်ရစ်နေသော လက္ခဏာများကိုလည်း စစ်ဆေးတွေ့ရှိနေဆဲဖြစ်သဖြင့် မြန်မာအလုပ်သမားများကို ဆက်လက်ရှာဖွေကယ်ဆယ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ ငလျင်ဒဏ်ကြောင့် ဘန်ကောက်တွင် သေဆုံးသူဦးရေ စုစုပေါင်း ၁၈ ဦး ရှိလာပြီဖြစ်ပြီး ၃၄ ဦးအထိ ဒဏ်ရာရရှိထားသည်။ အဆောက်အုံပြိုကျမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ၇၂ နာရီအချိန်ကျော်လာသည်အထိ မရပ်မနား ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ […]

ပြည်ပကယ်ဆယ်ရေးအဖွဲ့တွေ ဘယ်ဒေသတွေမှာ ကူညီနေကြသလဲ

Dawei Watch

March 31, 2025

မြန်မာ့ငလျင်ဘေးကို ရှာဖွေကယ်ဆယ်ဖို့ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိနေကြပါပြီ။ ဒီအဖွဲ့တွေ ဘယ်နေရာမှာ ရှာဖွေကယ်ဆယ်နေကြသလဲဆိုတာ ရနိုင်သမျှ အချက်အလက်တွေ စုစည်းဖော်ပြလိုက်ပါတယ်။ ယခုရရှိတဲ့ စာရင်းကတော့ ကနဦးစာရင်းဖြစ်တာကြောင့် လိုအပ်ချက်အချို့ရှိနိုင်ပါတယ်။

နောက်ဆက်တွဲ ငလျင်လှုပ်နိုင်ကြောင်း သတိပေးထားသော်လည်း မဟာချိုင်က စက်ရုံအချို့ အဓမ္မအလုပ်ဆင်းခိုင်းနေ

Dawei Watch

March 28, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အပါအဝင် မြို့ကြီးအချို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် နောက်ဆက်တွဲ ငလျင်များပြန်လှုပ်နိုင်သည်ဟု သတိပေးချက်ထုတ်နေသော်လည်း မဟာချိုင်က စက်ရုံအချို့ မြန်မာအလုပ်သမားများကို အလုပ်ပြန်ဆင်းခိုင်းနေကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ ယနေ့ မတ်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ဘန်ကောက်မြို့၌ ငလျင်ဆက်တိုက်လှုပ်ခတ်ခဲ့သဖြင့် အထပ်မြင့် အဆောက်အအုံပြိုကျမှုတွင် မြန်မာအလုပ်သမားများအပါအဝင် အလုပ်သမား ၄၀ ကျော် ပိတ်မိနေဆဲဖြစ်သည်။ ငလျင်ကြောင့် အလုပ်သမားများ ကြောက်ရွံ့နေကြသော်လည်း မဟာချိုင်ရှိ Thai Union ၏ i-Taii စက်ရုံက မြန်မာအလုပ်သမားများကို အလုပ်မနားခိုင်းပဲ အတင်းအကြပ်အလုပ်ပြန်ဆင်းခိုင်းနေကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။ “အသက်ဘေးကနေ လွတ်အောင်ဆိုပြီး ထွက်ပြေးလာရတယ်။ နောက်တစ်ကြိမ် ပြန်ဝင်ခိုင်းနေပြန်ပြီ။ အသေခံပြီး လုပ်ရမလိုဖြစ်နေတယ်” ဟု မဟာချိုင်က အလုပ်သမားတစ်ဦးက ဆိုသည်။ ၎င်းတို့စက်ရုံသည် ငါးသေတ္တာထုတ်လုပ်သော စက်ရုံဖြစ်ပြီး […]