ရှမ်းကလေးငယ် ၆ ဦးကို နှိပ်စက်ခိုင်းစေခဲ့သည့် ထိုင်းစုံတွဲကိုဖမ်းဆီး
Dawei Watch
September 16, 2024ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသား ရှမ်းကလေးငယ် ၆ ဦးကို အတင်းအကျပ် နှိပ်စက်ပြီး ခိုင်းစေနေသာ ထိုင်းစုံတွဲနှစ်ဦးကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်မြို့ လတ်စီနယ်မြေ ပရာချာချူဝမ်ဒေသရှိ အိမ်တစ်ဆောင်ကို စနေနေ့နံနက်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများသည် အသက် ၃၃ နှစ်နှင့် ၃၅ နှစ်အရွယ် ထိုင်းနိုင်ငံသား စုံတွဲများဖြစ်ကြသည်။ မာလာစားသောက်ဆိုင်တွင် အသက်မပြည့်သေးသော ကလေးငယ်များကို အတင်းအကျပ်ခိုင်းစေပြီး အမြတ်ထုတ်နေကြောင်း လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) က တိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ခြင်းဖြစ်သည်။ ဆိုင်သည် ညနေ ၆ နာရီခွဲအချိန်မှ နံနက် ၄ နာရီအထိ ဖွင့်လှစ်ထားသော ဆိုင်ဖြစ်သည်။ […]