ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

မြစ်ထဲကျသွားသည့် ကားထဲပါလာသော အထောက်အထားမဲ့မြန်မာများ ဖမ်းဆီးခံရ

Dawei Watch

April 26, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသူများ တင်ဆောင်လာသည့်ကား မြစ်ထဲကျသွားရာမှ မြန်မာများဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဧပြီလ ၂၅ ရက်နေ့က ကန်ချနဘူရီမြို့ထဲတွင် မြန်မာနိုင်ငံသားများကို တင်ဆောင်လာသော ပစ်ကပ်ကားတစ်စီးကို လတ်ရစစ်ဆေးရေးဂိတ်ရှိ ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးစဉ် ကားသည် အစစ်အဆေးမခံဘဲ ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့က နောက်ကလိုက်လံဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ပစ်ကပ်ကားကလည်း ထွက်ပြေးတိမ်းရှောင်နေရင်း ခွိုင်းယိုင်မြစ်ကို ဖြတ်ကူးတည်ဆောက်ထားသော နော့ဘိုဝါတံတားပေါ်ရောက်သောအခါ ဒေသခံကားကို ဝင်တိုက်ခဲ့ပြီးနောက် ပစ်ကပ်ကားမှာ မြစ်ထဲ ထိုးဆင်းသွားခဲ့ခြင်းဖြစ်သည်။ ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များလည်း လိုက်ပါလာပြီး အားလုံး ၁၉ ဦးကို တွေ့ရှိခဲ့ကြောင်းဖော်ပြသည်။ ကားသမားက မြစ်ထဲခုန်ချ၍ တစ်ဖက်ကမ်းကို ကူးခတ်ထွက်ပြေးသွားသဖြင့် လွတ်မြောက်သွားကြောင်း သိရသည်။ မြန်မာနိုင်ငံသားများက ရန်ကုန်မြို့မှတစ်ဆင့် လာကြပြီး စန်ခရာဘူရီဒေသထဲသို့ […]

စူရတ်ဌာနီက ထိုင်းမြန်စာသင်ကျောင်း စတင်ကျောင်းအပ်လက်ခံ

Dawei Watch

April 25, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ထိုင်းမြန်မာစာသင်ကျောင်းတွင် မေလ ၆ ရက်နေ့အထိ မြန်မာကလေးငယ်များကို ကျောင်းအပ်လက်ခံနေကြောင်း အဆိုပါ ကျောင်းတာဝန်ရှိသူထံမှသိရသည်။ ပုဂ္ဂလိက စာသင်ကျောင်းဖြစ်သည့် တောင်ဝင့်ဖက်ထနာ(Tuongwit Pattana)ကျောင်းတွင် ဧပြီလ ၁၉ ရက်နေ့မှစကာ ကျောင်းအပ်လက်ခံနေခြင်းဖြစ်ကြောင်း ယင်းကျောင်းမှ ဆရာမကြီးဒေါ်စောယုနွယ်က ဆိုသည်။ အဆိုပါကျောင်းတွင် မူကြိုအတန်းမှ ၉ တန်းအထိ မြန်မာကျောင်းသူကျောင်းသားများကို မြန်မာသင်ရိုးအတိုင်း သင်ကြားပေးနေသည်။ ထို့အပြင် ထိုင်းဘာသာကို ထိုင်းလူမျိုးဆရာမက သင်ကြားပေးနေကြောင်း ဆရာမကြီးဒေါ် စောယုနွယ်ကပြောသည်။ ကျောင်းအပ်မည်ဆိုပါက မိဘအုပ်ထိန်းသူတစ်ဦးဦး၏ အထောက်အထားစာရွက်စာတမ်းနှင့် သူဌေးထောက်ခံစာ ပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အဲဒီဟာတွေက ဘာအတွက်လဲဆိုတော့ ဒီထိုင်းနိုင်ငံထဲမှာရောက်လာပြီး အထောက်အထားမဲ့တဲ့ ကလေးတွေအတွက် G နံပါတ် ၁၃ လုံးကိုလျှောက်ပေးဖို့အတွက် အဲဒါကို တောင်းတာ” ဟု ဒေါ်စောယုနွယ်က ပြောသည်။ […]

စစ်မှုထမ်းစုဆောင်းမှုကြောင့် ကန့်ကွက်နေသော်လည်း ထိုင်းက မြန်မာ ၂၀၈ ဦး ကို နေရပ်ထပ်ပို့

Dawei Watch

April 24, 2025

စစ်ကောင်စီက စစ်သားအဓမ္မစုဆောင်းနေမှုကြောင့်ကန့်ကွက်နေသော်လည်း ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၂၀၈ ဦးကို ယနေ့ (ဧပြီလ ၂၄ ရက်) ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်သည်။ ယနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၂၀၈ ဦးကို ကော့သောင်းမြို့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ နေရပ်ပြန်ပို့စဉ် ရနောင်းခရိုင် လဝကအရာရှိများနှင့်အတူ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးဇော်လည်း တက်ရောက်ခဲ့သည်။ နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း ပြန်ပို့ခံရသူအများစုမှာ အသက် ၁၈ နှစ်မှ ၄၅ နှစ်အရွယ်များ ရှိနေကြပြီး ကလေးငယ်များလည်း အုပ်ထိန်းသူများနှင့်အတူ ပါဝင်ကြောင်း သတင်းများအရသိရသည်။ ပြန်ပို့ခံရသူအများစုက စစ်မှုထမ်းအသက်တွင် အကျုံးဝင်နေကြသဖြင့် စစ်သားအဓမ္မ စုဆောင်းခံရမည့်အရေး စိုးရိမ်နေမှုမှာ မျက်နှာများတွင် […]

နည်းပညာသုံး၍ လူမှောင်ခိုပို့သည့် ထိုင်း ၂ ဦးကို ဖမ်းမိရာတွင် မြန်မာ ၁၇ ဦး လည်းဖမ်းဆီးခံရ

Dawei Watch

April 22, 2025

နည်းပညာမြင့် အွန်လိုင်းအက်ပလီကေးရှင်းများကို အသုံးပြု၍ လူမှောင်ခိုပို့ဆောင်နေသည့် ထိုင်းနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးမိခဲ့ရာတွင် ၎င်းတို့အကူအညီဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၇ ဦးကိုလည်း ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။ ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ထိုင်းနိုင်ငံနှစ်ဦးမှာ ရဲတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်များကို ရှောင်ရှားရန် Checkpoint နှင့် Traffic D Pro ဆိုသည့် အက်ပလီကေးရှင်းများကို အသုံးပြု၍ ရဲတပ်ဖွဲ့၏ စစ်ဆေးမှုများကို ရှောင်ရှားခဲ့ကြခြင်းဖြစ်သည်။ Checkpoint နှင့် Traffic D Pro အက်ပလီကေးရှင်းများသည် လမ်းမများပေါ်ရှိ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်များနှင့် အခြားလမ်းပိုင်းပြုပြင်ရေး အခြေအနေများကို ပြသသော ဖုန်းအက်ပလီကေးရှင်းများ ဖြစ်သည်။ ဧပြီလ ၂၁ ရက်နေ့ ညက ချွန်ဖော်မြို့ ဝမ်းဖိုင်ဒေသရှိ […]

ထိုင်းတွင် လုပ်ခမတိုးသဖြင့် မြန်မာလုပ်သားများနှင့် ကမ္ဘောဒီးယားလုပ်သားခေါင်းဆောင် ခိုက်ရန်ဖြစ်

Dawei Watch

April 22, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်မြို့တွင် လုပ်အားခမတိုးသည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာအလုပ်သမား များနှင့် ကမ္ဘောဒီးယားအလုပ်သမားခေါင်းဆောင်တို့ ခိုက်ရန်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဧပြီလ ၂၀ ရက် ညက ဖက်ကစာမိုင်ဒေသတွင် လုပ်အားခမတိုးပေးသော ကမ္ဘောဒီးယားအလုပ်သမားခေါင်းဆောင်နှင့် မြန်မာအလုပ်သမားလေးဦးတို့က ခိုက်ရန်ဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် အလုပ်သမားခေါင်းဆောင်တွင် မျက်နှာ ဖူးရောင်နှင့် အခြားဒဏ်ရာများရကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများတွင် ဒဏ်ရာရရှိခဲ့ခြင်း ရှိမရှိ ဖော်ပြထားခြင်း မရှိသဖြင့် မသိရပေ။ ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားခေါင်းဆောင်သည် ယင်းနေ့က လုပ်အားနှင့် အရည်အချင်းအပေါ်မူတည်၍ မြန်မာအလုပ်သမားအချို့ကို လုပ်အားခ တိုးပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။ ယင်းအချိန်တွင် လုပ်အားခတိုးသော မြန်မာအလုပ်သမားများက အခြားအလုပ်သမားများကို စနောက်ခဲ့ကြရာမှ လစာ မတိုးသော မြန်မာအလုပ်သမားအချို့က မကျေမနပ်ဟု ဆက်လက်ထွက်ဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။ […]

အွန်လိုင်းက ထိုင်းစာသင်နေသော ပုလောဒေသခံဆရာမတစ်ဦး မဟာချိုင်တွင် ဖမ်းဆီးခံရ

Dawei Watch

April 19, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် အွန်လိုင်းကတစ်ဆင့် ထိုင်းဘာသာစကား သင်ကြားပေးနေသော မြန်မာဆရာမတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာအလုပ်သမာများကြား လူသိများသော ဆရာမဖြိုးဖြိုးကို စမွတ်စခွန်ခရိုင် လဝကအဖွဲ့များက ယနေ့ ဧပြီလ ၁၉ ရက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ စမွတ်စခွန်ခရိုင်ထဲတွင် ထိုင်းဘာသာစကားကို Facebook နှင့် Zoom များကတစ်ဆင့် အွန်လိုင်းဖြင့် မြန်မာနိုင်ငံသားအချင်းချင်း သင်ကြားပေးနေသည်ကို စုံစမ်းသိရှိရသဖြင့် လဝကအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ အရေး၊ အဖတ်၊ အပြော အခြေခံ ထိုင်းဘာသာသင်တန်းများကို အွန်လိုင်းမှတစ်ဆင့် မြန်မာနိုင်ငံသားများကို အုပ်စုဖွဲ့၍ သင်တန်းဖွင့်လှစ်၍ သင်ကြားနေသည်ကို လဝကအဖွဲ့က စုံစမ်းသိရှိခဲ့ကြောင်း ဆိုသည်။ ဆရာမဖြိုးဖြိုးသည် အပတ်စဉ် သောကြာ၊ စနေ နှစ်ရက်တွင် တစ်ရက်ကို ၂ […]

လက်ခံမလား ဖယ်ထုတ်မလား – မြန်မာလုပ်သားနှင့် ထိုင်းလူမှုစီးပွား

Dawei Watch

April 16, 2025

ယနေ့ ဘန်ကောက်မြို့ရှိ စန်ဖန်းထဝန်းနေရာသို့ သွားကြည့်လိုက်သည်။ BTS မိုးပျံရထားစီးပြီး Saphan Taksin မှတ်တိုင်တွင် ဆင်းပြီး ဘန်ရတ်နယ်မြေရှိ Charoen Krung လမ်းအတိုင်း လမ်းလျှောက်လာပါက ခရစ်ယာန် ဘုရားရှိခိုးကျောင်းများကို တွေ့မြင်ရသည်။ အနီးအနားက အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ပြုကျောင်းအသီးသီးလည်း ရှိလျက်ပင်။ အရှေ့ကို အနည်းငယ် ဆက်သွားလိုက်လျှင် တရုတ်လူမျိုးအများစု နေထိုင်နေသော တလတ်နွိုင်ကို တွေ့မြင်ရသည်။ တဖက်တွင် ဖာဟူရတ်ဟုခေါ်သည့် အိန္ဒိယလူမျိုးများ၏ နေရာကိုလည်း တွေ့မြင်နိုင်သည်။ စွန်ဝတ်လမ်းအနီးတွင် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ရာ အသိုင်းအဝန်းကိုလည်း တွေ့မြင်ရသည်။ ယင်းနေရာတွင်ပင် မြန်မာအလုပ်သမားများစွာ နေထိုင်လုပ်ကိုင်နေကြသည်။ မြန်မာအလုပ်သမားများက အခန်းငှားနေထိုင်ကြပြီး အနီးအနားတွင် မိမိတတ်ကျွမ်းသည့် ဝန်ဆောင်မှုလုပ်ငန်း၊ ဈေးဆိုင်လုပ်ငန်းနှင့် အခြားလုပ်ငန်းများစွာ ကိုယ်စီ လုပ်ကိုင်နေကြသည်ကို တွေ့မြင်ရသည်။ အခြားပြည်သူများကဲ့သို့ပင် မြန်မာအလုပ်သမားများက […]

မဟာချိုင်တွင် သင်္ကြန်ရေကစားရင်း မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်၊ ပုလောဒေသခံတစ်ဦး သေဆုံး

Dawei Watch

April 14, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် သင်္ကြန်ကာလ ရေကစားနေရင်း မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်ရာမှ ပုလောဒေသခံ ၁ ဦးသေဆုံးကြောင်း မြန်မာနိုင်ငံသားများထံမှ သိရသည်။ ယနေ့ (ဧပြီ ၁၄) ညနေ ၃ နာရီခန့်တွင် ဝီလ ၁၇ လမ်းထဲ ရေကစားနေရင်း ဓားထိုးမှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသားတစ်ဦးကပြောသည်။ “သင်္ကြန်ဆိုတော့ဗျာ အချင်းချင်း သနပ်ခါးတွေ လိမ်းကြတာ ရှိမှာပေါ့။ အဲဒါကနေစပြီး ရန်ဖြစ်သွားကြတာဗျ” ဟု အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ကိုနေလင်းသူက ဆိုသည်။ သေဆုံးသူသည် အသက် ၂၅ နှစ်အရွယ် ကိုဇေယျာကျော်အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ပုလော၊ ပလောက်ဒေသခံတစ်ဦးဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ ရေကစားနေရင်း အချင်းချင်း စကားများခဲ့စဉ် ကိုဇေယျာကျော်က ထွက်ပြေးခဲ့သော်လည်း တစ်ဖက်မြန်မာနိုင်ငံသားအုပ်စုက လိုက်လာပြီး တစ်ဦးက ဓါးဖြင့် […]