ထိုင်းတောင်ပိုင်းတွင် ဖုန်းပြင်ရောင်းသည့် မြန်မာတစ်ဦးဖမ်းဆီးခံရ
Dawei Watch
May 9, 2025ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းတွင် မိုဘိုင်းဖုန်းများကို ပြုပြင်ပြီး ပြန်လည်ရောင်းချနေသော မြန်မာနိုင်ငံသားတစ်ဦး မေလ ၈ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကျွန်းပေါ်တွင် နိုင်ငံခြားသား ခရီးသွားအများစုက ရဲတပ်ဖွဲ့ထံ ဖုန်းပျောက်တိုင်ကြားမှု ပိုများလာသဖြင့် လိုက်လံစုံစမ်းရာမှ ဖုန်းများကို ပြင်ဆင်ပြီး ရောင်းချနေသော မြန်မာနိုင်ငံသား ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။ ဖမ်းဆီးခံရသူသည် အသက် ၃၃ နှစ်အရွယ် ကိုကျော်ထက်ဦးဖြစ်ပြီး ကျွန်းပေါ်ရှိ မြန်မာနိုင်ငံသားများထံမှ ဖုန်းများကို ဝယ်ယူပြင်ဆင်၍ ပြန်လည်ရောင်းချနေသူဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ၎င်းနှင့်အတူ မိုဘိုင်းဖုန်း ၄၉ လုံးနှင့် ဖုန်းပြင်ဆင်သော ပစ္စည်းများကိုလည်း သက်သေအဖြစ် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။ Lock ကျနေသော ဖုန်းများကို အဓိက ဝယ်ယူပြီး ပြန်လည်ပြင်ဆင်ကာ မြန်မာနိုင်ငံသားများထံ အရစ်ကျဖြစ်စေ […]


