ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ချင်းမိုင်တွင် မြန်မာများပါဝင်သော အွန်လိုင်းငွေလိမ်ဂိုဏ်းကိုဖမ်းမိ

Dawei Watch

July 30, 2025

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသားများ ပါဝင်နေသော အွန်လိုင်းလိမ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။ ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် ချင်းမိုင်မြို့ မဲရင်ဒေသက ဇိမ်ခံအိမ်တစ်လုံးကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေရာ မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၁၈ ဦး ကိုဖမ်းဆီးမိခဲ့ကြောင်း ဖော်ပြထားသည်။ ၎င်းတို့ကို အွန်လိုင်းငွေကြေးလိမ်လည်မှုဖြင့် ချင်းမိုင်တရားရုံးက ဝရမ်းထုတ်ထားပြီး ရဲတပ်ဖွဲ့က ဝရမ်းအရ အိမ်ထဲကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားသား ၁၈ ဦးတွင် မြန်မာနိုင်ငံသား ၆ ဦးနှင့် တရုတ်နိုင်ငံသား ၁၂ ဦး ပါဝင်သည်။ ၎င်းတို့သည် အိမ်တစ်လုံးကို အွန်လိုင်းငွေကြေးလိမ်လည်မှု (Call Center) အတွက် အသုံးပြုနေပြီး အိမ်ထဲတွင် ကွန်ပြူတာ ၂၀ လုံး၊ ဖုန်း […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၃၀ကျော် ဖမ်းဆီးခံရ

Dawei Watch

July 30, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃၃ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇူလိုင်လ ၂၉ ရက် ညနေ ၆နာရီခန့်က ကန်ချနဘူရီခရိုင်၊ ထိုးဖားဖမ်းဒေသတွင် နိုင်ငံခြားသားများ တရားမဝင် ဝင်လာကြောင်း သတင်းရရှိသဖြင့် နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဂိတ်ချစစ်ဆေးကြောင်း ဖော်ပြသည်။ ယင်းအချိန်တွင် ကားနှစ်စီးသည် စစ်ဆေးရေးဂိတ်ကို မြင်သဖြင့် လမ်းခွဲ၍ လမ်းကြောင်းနှစ်ကြောင်းပြောင်းကာ မောင်းပြေးသွားခဲ့သဖြင့် အာဏာပိုင်များက နောက်ကလိုက်လံ ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ ထို့နောက် ကားနှစ်စီးအနက် ပစ်ကပ်ကားကို တောထဲရှိ လမ်းဘေးတစ်နေရာနှင့် ဗန်ကားကို စားသောက်ဆိုင် တစ်ဆိုင်အနီးတွင် တွေ့ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။ ကားသမားများ ထွက်ပြေးသွားပြီး ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၂၉ ဦး၊ အမျိုးသမီး […]

အယုဒ္ဓယတွင် တရားမဝင် ဝင်လာသော မြန်မာ ၃၀ဦး ဖမ်းဆီးခံရ

Dawei Watch

July 29, 2025

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းက အယုဒ္ဓယခရိုင် မဟာရာ့ဒေသရှိ အမြန်လမ်းတစ်နေရာတွင် ရဲတပ်ဖွဲ့များ ဂိတ်ချ စစ်ဆေးနေစဉ် ပစ်ကပ်ကားတစ်စီး အရှိန်မြင့်မောင်းနှင်လာသဖြင့် ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါကားသည် လမ်းကြောင်းပြောင်း မောင်းပြေးခဲ့သဖြင့် ရဲတပ်ဖွဲ့က နောက်ကလိုက်လံ ဖြတ်ကျော်တားဆီးရာ ပစ်ကပ်ကားသည် ရဲတပ်ဖွဲ့၏ ကားအနောက်ကို ဝင်တိုက်မိပြီးနောက် ရပ်တန့်သွားကြောင်း ဖော်ပြသည်။ ပစ်ကပ်ကား၏ အနောက်ကို အနက်ရောင် တာလပတ်ဖြင့် ဖုံးထားပြီး နှစ်ဆင့်ပြုပြင်ထားသည်ကို တွေ့ရကြောင်း ဆိုသည်။ တာလပတ်အမိုးများအောက်တွင် မြန်မာနိုင်ငံသား အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၀ ဦး […]

ဘန်ကောက် အော်တော်ကော်ဈေးတွင် ပစ်ခတ်မှုဖြစ်ပြီး လုံခြုံရေး ၄ ဦးသေဆုံး

Dawei Watch

July 28, 2025

ထားဝယ်ဒေသခံအများစု အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အော်တော်ကော်ဈေးတွင် ယနေ့ နေ့လယ်က သေနတ်ပစ်ခတ်မှုဖြစ်ပြီး လုံခြုံရေး ၄ ဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများနှင့် ဈေးတွင် လုပ်ကိုင်နေသော ထားဝယ်ဒေသခံများထံမှ သိရသည်။ ယနေ့ နေ့လယ် ၁၂ နာရီခန့်က သေနတ်ကိုင်ထားသူတစ်ဦးက ဈေးထဲသို့ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သေနတ်ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများရှိနေပြီး ဈေးတွင်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများလည်း ဘေးလွတ်ရာ ထွက်ပြေးခဲ့ရကြောင်း ဈေးရှိထားဝယ်ဒေသခံတစ်ဦးက ပြောသည်။ “တစ်ဈေးလုံး ပတ်လိုက်ပစ်နေလို့တဲ့။ ကျွန်မတို့ ပတ်ပြီးတော့‌ ပြေးနေရတယ်” ဟု အော်တော်ကော်ဈေးတွင် လုပ်ကိုင်နေသော ထားဝယ်ဒေသခံက ဆိုသည်။ သေနတ်ပစ်ခတ်မှုကြောင့် ဈေးရှိလုံခြုံရေး ၄ ဦး ထိခိုက်သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ သေဆုံးသူ ၆ ဦးအထိရှိပြီဟု သတင်းထွက်နေသော်လည်း Dawei Watch […]

ဘန်ကောက်တွင် ကမ္ဘောဒီးယားဟုထင်ပြီး မြန်မာ ၂ ဦးကိုထိုးကြိတ်

Dawei Watch

July 25, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဈေးထဲတွင် အစားအစာဝယ်နေသော မြန်မာနိုင်ငံသားနှစ်ဦးကို ကမ္ဘောဒီးယားနိုင်ငံသားများဟု ထင်မှတ်ပြီး ထိုင်းနိုင်ငံသားအုပ်စုက ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ဇူလိုင်လ ၂၄ ရက်နေ့က ရမ်အင်းသရာနယ်မြေရှိ စိုင်းနိတ်ဈေးထဲတွင် အစားအစာ ဝယ်နေသော မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းနိုင်ငံသား မျိုးချစ်အုပ်စုမှ မေးမြန်းခြင်းမရှိဘဲ ထိုးကြိတ်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။ ထိုင်းမျိုးချစ်အဖွဲ့သည် လိမ္မော်ရောင်အင်္ကျီများ ဝတ်ဆင်ထားသော မြန်မာနိုင်ငံသားများထံ ချဉ်းကပ်လာပြီး ဘယ်နိုင်ငံကလဲဟု မေးမြန်းပြီးနောက် ပြန်လည်ဖြေကြားခွင့်မရှိသေးခင်မှာဘဲ မြန်မာတစ်ဦး၏မျက်နှာကို လက်သီးဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။ အထိုးခံရသော မြန်မာနိုင်ငံသားက နေရာမှာပင် လဲကျသွားခဲ့သည်ကို ဗီဒီယိုဖိုင် မှတ်တမ်းအရ သိရသည်။ မျိုးချစ်အုပ်စုဘက်က မည်သည့်နိုင်ငံသားဖြစ်သည်ကို ဆက်လက် မေးမြန်ရာ မြန်မာနိုင်ငံသားဖြစ်ကြောင်း ဖြေကြားပြီးနောက် “အိုကေ။ ကမ္ဘောဒီးယားမဟုတ်ဘူးနော်။ မှန်တယ်မလား” ဟု ဆက်လက်ပြောဆိုပြီး ထွက်သွားခဲ့သည်။ […]

ဒရုန်းအသုံးပြု အိမ်ဖောက်ထွင်းသည်ဆိုသော မြန်မာလေးဦးအမှု အငြင်းပွားဖွယ်များရှိ

Dawei Watch

July 23, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးခံရသည့် မြန်မာလေးဦးသည် နေအိမ်များကို ဒရုန်းဖြင့် စောင့်ကြည့်ကာ ဖောက်ထွင်းခိုးယူသည်ဟု ရဲတပ်ဖွဲ့က ပြောဆိုထားပြီး မိသားစုဝင်များနှင့် နီးစပ်သူများ၏ ပြောဆိုချက်မှာမူ ယင်းသို့မဟုတ်ဘဲ ကွဲလွဲနေကြောင်း တွေ့ရသည်။ ကော့ဖငန်းကျွန်းတွင် နိုင်ငံခြားသားများနေထိုင်သည့် အိမ်များကို ဒရုန်းဖြင့် စောင့်ကြည့်ပြီး ဖောက်ထွင်းခိုးယူသည်ဆိုသည့် စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသား လေးဦးကို ဇူလိုင်လ ၂၂ ရက်က ကော့ဖငန်းရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန များက ဖော်ပြကြသည်။ သို့သော် မိသားစုဝင်တစ်ဦးက ဖမ်းဆီးခံရသူများမှာ ဒရုန်းကို ပိုင်ဆိုင်ထားခြင်း မရှိသလို ဒရုန်းကိုလည်း မသုံးစွဲတတ်ကြောင်း ပြောသည်။ ၎င်းတို့လေးဦးသည် အခြားမြန်မာတစ်ဦး၏ အိမ်တွင် ရှိနေစဉ် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံရခြင်းသာဖြစ်ပြီး ဖမ်းဆီးခံရစဉ် နေအိမ်တွင် စွန့်ပစ်ထားသော ဒရုန်းများနှင့်အတူ တွေ့ရှိခဲ့သဖြင့် […]

ကန်ချနဘူရီတွင် ကားငါးစီးဆင့်တိုက်မှု မြန်မာသုံးဦးသေဆုံး

Dawei Watch

July 23, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ပစ်ကပ်ကား၊ ကုန်တင်ကား အပါအဝင် ကား ၅ စီးဆင့်တိုက်မှုကြောင့် မြန်မာနိုင်ငံသား သုံးဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇူလိုင်လ ၂၃ရက် နံနက် ၁၀ နာရီခန့်က ကန်ချနဘူရီခရိုင် စန်ခရာဘူရီအဝင် တောင်ဆင်းလမ်း တစ်နေရာ တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ တင်ဆောင်လာသော ဆယ်ဘီးတပ်ကုန်တင်ကား ဘရိတ်ပေါက်ပြီး မြန်မာအလုပ်သမားများ လိုက်ပါလာသော ပစ်ကပ်ကားနှင့် အခြားကားများကို ဝင်တိုက်ခဲ့ကြောင်း ဖော်ပြသည်။ ကားတိုက်မှုကြောင့် မြန်မာနိုင်ငံသားအချို့ ကားပေါ်မှ လွင့်စင်ခဲ့ပြီး အချို့မှာ ကားထဲ ပိတ်မိနေခဲ့ကြောင်း ဖော်ပြသည်။ ကားထဲ ပိတ်မိနေသူများကို ကယ်ဆယ်ရေးအဖွဲ့များက ဖြတ်စက်များ သုံး၍ တစ်နာရီခန့်ကြာအောင် ကယ်ထုတ်ခဲ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ ကားတိုက်မှုကြောင့် ပစ်ကပ်ကားထဲ […]

ဒရုန်းဖြင့် စောင့်ကြည့်ပြီး အိမ်များကို ဖောက်ထွင်းခိုးယူသည်ဟုဆိုကာ မြန်မာလေးဦး ဖမ်းဆီးခံရ

Dawei Watch

July 23, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းတွင် ဒရုန်းဖြင့် ရှာဖွေစောင့်ကြည့်ပြီး အိမ်များကို ဖောက်ထွင်း ခိုးယူနေသည်ဟုဆိုကာ မြန်မာနိုင်ငံသား လေးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ၎င်းတို့သည် အိမ်များကို ဒရုန်းဖြင့် ကနဦးစောင့်ကြည့်ပြီး ဖောက်ထွင်းခိုးယူရန် လွယ်နိုင်သည့် နိုင်ငံခြားသားများ ငှားယူထားသော အိမ်များတွင် ဝင်ရောက်ခိုးယူကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူအများစုသည် အသက် ၂၅ နှစ်မှ ၃၀ နှစ်အရွယ်များဖြစ်ကြပြီး ဇူလိုင်လ ၂၂ ရက်က ၎င်းတို့ ငှားရမ်း နေထိုင်သည့် နေအိမ်တွင် ကော့ဖငန်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ ကော့ဖငန်းကျွန်းသည် လပြည့်ညပါတီဖြစ်သော Fullmoon Party ကြောင့် နိုင်ငံခြားသားခရီးသွား အလာများပြီး နိုင်ငံခြားသား ခရီးသွားများ၏ အိမ်များတွင် သူခိုး ခိုးယူခံရမှု အကြိမ်ရေများလာသဖြင့် တိုင်ကြားမှုရှိလာရာမှ ရဲတပ်ဖွဲ့က […]