ဘန်ကောက်အနီး ဈေးထဲထိုင်းရဲဝင်ဖမ်း၊ မြန်မာအပါအဝင် ၂၀ ဦး ဖမ်းဆီးခံရ
Dawei Watch
June 13, 2025ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နွန်ထူဘရီခရိုင်ရှိ ဈေးထဲကို ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၂၀ ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ နံနက် ၁ နာရီခန့်က နွန်ထဘူရီခရိုင် ဘန်းယိုင်ဒေသရှိ ညဘက်ဈေးဖြစ်သော ဘန်းယိုင်ဈေးထဲသို့ ရဲတပ်ဖွဲ့နှင့် လဝကအဖွဲ့များအပါအဝင် ထိုင်းအာဏာပိုင် ၂၅၀ ခန့်က ဝင်ရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ယင်းဈေးမှာ ညဘက်တွင် အဓိကဖွင့်လှစ်ခြင်းဖြစ်ပြီး အသား၊ ငါး၊ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်နှင့် အခြားပစ္စည်းပေါင်းများစွာကို ရောင်းချနေသော ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ဖွင့်လှစ်ထားသည်။ ဈေးထဲတွင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားအများစု လုပ်ကိုင်နေသဖြင့် တရားမဝင် အလုပ်ခန့်ထားမှု မရှိစေရေးအတွက် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ ဈေးထဲ အလုပ်လုပ်ကိုင်နေသော […]


