ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

အဖမ်းအဆီးများနေသည့်အတွက် မဲဆောက်က မြန်မာဈေးသည်များ အခက်အခဲဖြစ်

Dawei Watch

June 19, 2025

ထိုင်းအာဏာပိုင်များက မဲဆောက်မြို့တွင် အထောက်အထား မပြည့်စုံဘဲ စျေးရောင်းနေသူများကို တင်းကျပ်စွာ ဖမ်းဆီးလာသည့်အတွက် စျေးရောင်းရပ်ထားရကြောင်း မြန်မာဈေးသည်အချို့က ပြောသည်။ မဲဆောက်မြို့အတွင်း ဇွန်လဆန်းပိုင်းမှစပြီး လျှပ်စစ်စက်ဘီးများ၊ လုပ်ငန်းလိုင်စင်မရှိသည့် သုံးဘီးဆိုင်ကယ် မောင်းသူများကို စစ်ဆေးဖမ်းဆီးမှု ပြုလုပ်လျက်ရှိသည်။ ယင်းအပြင် လုပ်ငန်းလိုင်စင်မရှိဘဲ စျေးရောင်းချနေသူများနှင့် ဆိုင်ဖွင့်ထားသူများကိုလည်း ဖမ်းဆီးမှု တင်းကျပ်လာကြောင်း စျေးရောင်းချနေသူအချို့က ပြောသည်။ “ကျွန်မက ထားဝယ်မြို့ပေါ်ကပဲ ဝရမ်းထွက်ပြီး ဒီဘက်ထွက်ပြေးလာတာ။ အခု(မဲဆောက်မြို့)ဘတ်နူရာ စျေးထဲမှာ ထားဝယ်ငပိထောင်းနဲ့ ဟင်းသီးဟင်းရွက်၊ ခရမ်းချဉ်သီးအစုံပေါ့။လမ်းဘေးစျေးသည်အနေနဲ့ ရောင်းနေတာ။ အခု စျေးသည်တွေကို ဖမ်းတော့ စျေးရောင်းမထွက်ရဲဘူး”ဟု မဲဆောက်မြို့ ဘတ်နူရာဈေးထဲတွင် ဟင်းသီး၊ ဟင်းရွက်ရောင်းချနေသည့် ထားဝယ်သူတစ်ဦးကပြောသည်။ ၎င်းအမျိုးသမီးသည် ထားဝယ်မြို့ပေါ်တွင်နေထိုင်သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်လိုက်သဖြင့် ထိုင်းနိုင်ငံထဲ တိမ်းရှောင်လာသူတစ်ဦးဖြစ်သည်။ စျေးရောင်းရန်အတွက် စျေးကောက်အဖြစ် တစ်ရက်က […]

နောက်လမှစ၍ ဘန်ကောက်တွင် တစ်ရက်လုပ်အားခ အနည်းဆုံး ဘတ် ၄၀၀ ရရှိမည်

Dawei Watch

June 18, 2025

လာမည့်ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဘန်ကောက်တွင် လုပ်ကိုင်နေသော အလုပ်သမားအားလုံးကို တစ်ရက် အခြေခံလုပ်အားခ ဘတ် ၄၀၀ တိုးမြင့်သတ်မှတ်ပေးရန် ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ လက်ရှိတွင် ဘန်ကောက်အပါအဝင် နီးစပ်ရာခရိုင်များတွင် တစ်နေ့အခြေခံလုပ်အားခ ၃၇၂ ဘတ်သာ ရရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဘန်ကောက်တွင် တစ်နေ့လုပ်အားခ ဘတ် ၄၀၀ သို့ တိုးလာမည်ဖြစ်ရာ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် မူလလုပ်အားခထက် တစ်ရက် ၂၈ ဘတ် ပိုမိုရရှိမည်ဖြစ်သည်။ သို့သော်လည်း အခြားခရိုင်များတွင် မူလက သတ်မှတ်ထားသော တစ်နေ့အခြေခံလုပ်အားခများဖြစ်သည့် ဘတ် ၃၃၇ မှ ၃၈၀ အတွင်းသာ အလုပ်သမားများက ရရှိနေဦးမည်ဖြစ်သည်။ ယခုတစ်နေ့ အခြေခံလုပ်အားခ ဘတ် […]

ဘန်ကောက်ရောက် စစ်ခေါင်းဆောင်ကို ဆန္ဒပြသည့်မြန်မာနှစ်ဦးအား နှစ်လကျော်ကြာ ဖမ်းထားပြီး အမှုများစွာဖြင့် တရားစွဲ

Dawei Watch

June 18, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြီးခဲ့သော ဧပြီလက ပြုလုပ်ခဲ့သည့် BIMSTEC အစည်းအဝေးလာတက်သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြရန် ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသားနှစ်ဦးအား နှစ်လခွဲကြာအထိ ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုများစွာဖြင့် တရားစွဲခံထားရကြောင်း ဖမ်းဆီးခံထားရသော ကိုနိုင်နိုင်စိုးထံမှ သိရသည်။ ပြီးခဲ့သော ဧပြီလ ၃ ရက်နေ့က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် လာတက်သော BIMSTEC အစည်းအဝေးကျင်းပရာ ရှန်ဂရီလာဟိုတယ်အနီးတွင် ကိုနိုင်နိုင်စိုးနှင့် ကိုဖြိုးပိုင်တို့နှစ်ဦးသည် ဆန္ဒပြရန် ပြင်ဆင်နေစဉ် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ စစ်ဆေးခံရစဉ် မင်းအောင်လှိုင်ဓါတ်ပုံကို တွေ့ရှိခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး အချိန် နှစ်လခွဲကြာ ယနေ့ ဇွန်လ ၁၈ ရက်နေ့အထိ ဘန်ကောက်ရှိ လဝကထိန်းသိမ်းရေးစခန်း (immigration Detention Centre) တွင် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ကိုနိုင်နိုင်စိုးက […]

ထိုင်းတောင်ပိုင်းတွင် မြန်မာတစ်ဦး သေနတ်ကိုင်ဆောင်ထားသဖြင့် ဖမ်းဆီးခံရ

Dawei Watch

June 17, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါးခရိုင်တွင် သေနတ်ကိုင်ဆောင်ပြီး ရွာအတွင်း သွားလာနေသော မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသားတစ်ဦးသည် လက်နက်တစ်ခုကို ကိုင်ဆောင်ထားပြီး ရွာအတွင်း သွားလာနေသည်ဟု ဒေသခံများက ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြား လာခြင်းဖြစ်သည်။ ယင်းကြောင့် ဇွန်လ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲတွင် ရဲတပ်ဖွဲ့က ၎င်းနေထိုင်ရာ အခန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ယင်းအချိန်တွင် အဆိုပါမြန်မာနိုင်ငံသားမှာ ဘေးလွယ်အိတ်ကို လွယ်၍ အခန်းထဲက ထွက်လာသဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ အိတ်ထဲတွင် ထိုင်းလက်လုပ်သေနတ်တစ်လက်နှင့် ကျည်ဆန်များကို တွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံသားနှင့်အတူ လက်လုပ်သေနတ်၊ ကျည်ဆန်နှင့် သေနတ်အိတ်များကို ရဲတပ်ဖွဲ့က သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားသည် ကိုရိန်းအမည်ရှိသူဟုသာ ဖော်ပြထားပြီး […]

မလေးရှားသွားမည့် မြန်မာ ၂၀ ကျော် ကန်ချနဘူရီတွင် ဖမ်းဆီးခံရ

Dawei Watch

June 17, 2025

မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်မည့် မြန်မာနိုင်ငံသား ၂၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် နယ်ခြားစောင့်တပ်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇွန်လ ၁၆ ရက် နံနက် ၈ နာရီခွဲတွင် နယ်စပ်ထဲသို့ နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်လာနေသည်ဟု ဒေသခံများက သတင်းပေးတိုင်ကြားခဲ့သည်။ ထို့ကြောင့် နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ထိုးဖားဖမ်းဒေသရှိ ရာဘာတောထဲသို့ သွားရောက်၍ ရှာဖွေစစ်ဆေးစဉ် တောထဲတွင် ပုန်းနေသော မြန်မာနိုင်ငံသား ၂၄ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားများတွင် အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၂ ဦး ပါဝင်ပြီး အားလုံးက ထိုင်းစကားမပြောတတ်ကြသလို ထိုင်းနိုင်ငံထဲ တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများလည်း မရှိကြကြောင်း စစ်ဆေးမှုရလဒ်ကို ဖော်ပြထားသည်။ မြန်မာနိုင်ငံသားအများစုက […]

ထိုင်းများသာ လုပ်ခွင့်ရှိသည့်အလုပ်ကို ဝင်လုပ်သည့် နိုင်ငံခြားသားများ နေရပ်ပြန်ပို့မည်ဟု ထပ်သတိပေး

Dawei Watch

June 16, 2025

မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားအလုပ်သမားများက ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ် လုပ်ကိုင်ခြင်း၊ အွန်လိုင်း ဈေးရောင်းခြင်းကဲ့သို့ တားမြစ်အလုပ်များကို လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိပါက နေရပ်ပြန်ပို့သွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့တွင် ထပ်မံ သတိပေးထားသည်။ နိုင်ငံခြားသားအလုပ်သမားများသည် ထိုင်းနိုင်ငံထဲသို့ အလည်ဗီဇာဖြင့် ဝင်ရောက်လာပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော အွန်လိုင်းဈေးရောင်းခြင်းအလုပ်ကို လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Phumipat Mueanchan က‌ပြောသည်။ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိပဲ အွန်လိုင်းမှတစ်ဆင့် Live လွှင့် ဈေးရောင်းနေသည်ကို စစ်ဆေးတွေ့ရှိပါက တရားမဝင် အလုပ်လုပ်ကိုင်မှု သို့မဟုတ် နိုင်ငံခြားသားများကို တားမြစ်ထားသော အလုပ်များကို ဝင်ရောက်လုပ်ကိုင်မှုဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။ အကယ်၍ စစ်ဆေးတွေ့ရှိပါက ဘတ် ၅၀၀၀ မှ ဘတ် ၅၀၀၀၀ […]

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ရနောင်းတွင်ကျင်းပ

Dawei Watch

June 15, 2025

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ယနေ့(ဇွန်လ၁၅ ရက်)နံနက်က ကျင်းပခဲ့သည်။ အဝေးရောက်သွေးချင်းများကွန်ရက် အဖွဲ့ခွဲ(ကပိုး)ထောက်ပို့အဖွဲ့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

မဲဆောက်တွင် လျှပ်စစ်စက်ဘီး စီးသူများကိုဖမ်းဆီးနေ၍ မြန်မာများ အခက်တွေ့

Dawei Watch

June 14, 2025

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် လျှပ်စစ်စက်ဘီး (E-Bike) စီးနင်းသူများကို ဇွန်လ ၇ ရက်နေ့မှစတင်ကာ မဲဆောက်ရဲတပ်ဖွဲ့က ဆက်တိုက် ဖမ်းဆီးမှုလုပ်လာ၍ E-Bike အသုံးပြုသည့် မြန်မာများ အခက်အခဲကြုံတွေ့နေကြရကြောင်း မြန်မာအချို့ကပြောသည်။ မဲဆောက်ခရိုင်တွင် လျှပ်စစ်စက်ဘီးနှင့် စကူတာများအသုံးပြုသူများလာကာ လမ်းပေါ်တွင် အဆင်မပြေမှုများနှင့် လုံခြုံမှုမရှိဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့ထံ တိုင်ကြားမှုများ ရှိနေသည်။ ယင်းအတွက်ကြောင့် လျှပ်စစ်စက်ဘီးများကို အများပြည်သူပိုင်လမ်းပေါ် တွင် မောင်းနှင်ခြင်းမပြုရန် လျှပ်စစ်ယာဥ်အသုံးပြုမှု ထိန်းချုပ်ရေး အစီအမံများချမှတ်ဆောင်ရွက်နေကြောင်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်ရဲစခန်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။ ယခုကဲ့သို့ လျှပ်စစ်စက်ဘီး ဖမ်းဆီးလာသဖြင့် အလုပ်သွားရေးလာရေးအပါအဝင် ကလေး ကျောင်းကြို၊ ကျောင်းပို့ကိစ္စများလည်း အခက်တွေ့လာရကြောင်း မဲဆောက်ရောက် မြန်မာအချို့ကဆိုသည်။ “အခုက E bike တွေ ဖမ်းဆီးနေတယ်ဆိုတော့ အလုပ်ကိုလည်း ရပ်ထားရပါတယ်။ နေ့တိုင်း […]