BREAKING
October 20, 2025

ရွှေ့ပြောင်းလုပ်သား

ဘန်ကောက် အဆောက်အအုံပြိုရာတွင် ပျောက်ဆုံးနေသည့် မြန်မာ ၁၈ ဦး၏ မိသားစု ဆက်သွယ်မှုမရှိသေး

Dawei Watch

April 9, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မတ်လ ၂၈ ရက်က မြေငလျင်ကြောင့် ဆောက်လက်စအထပ်မြင့် အဆောက်အအုံ ပြိုကျမှုတွင် ပျောက်ဆုံးသွားသည့် မြန်မာ ၂၀ ခန့်၏ မိသားစုဝင်များ လာရောက်ဆက်သွယ်ခြင်းမရှိ၍ အဆက်အသွယ်မရသေးဟု သိရသည်။ အဆောက်အအုံပြိုကျရာတွင် ပျောက်ဆုံးနေသူများအနက် မိသားစုက စာရင်းပေးသွင်း ဆက်သွယ်အကြောင်းကြားခြင်း မရှိသေးသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၄ ဦး ၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၈ ဦးရှိကြောင်း ထိုင်း-မြန်မာ စကားပြန်/ဘာသာပြန်များအသင်း(TMIA) ထံမှသိရသည် ။ အဆိုပါ မြန်မာနိုင်ငံသား ၁၈ ဦး ၏ အမည်စာရင်းကို TMIA ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားကြောင်း၊ ၎င်းတို့၏မိသားစု၊ သူငယ်ချင်းများနှင့် သက်ဆိုင်သူများ သိရှိကာလာရောက် အကြောင်းကြားပြီး ရသင့်ရထိုက်သော ထောက်ပံ့မှုများ […]

နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ၁၀၈ ကြိမ်အထိရှိလာ

Dawei Watch

April 9, 2025

မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး အင်အား ၇ ဒဿမ ၇ ရှိသည့် အင်အားပြင်းငလျင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်မှုအပြီးတွင် နောက်ဆက်တွဲလှုပ်ခတ်သည့် ငလျင်အရေအတွက်မှာ ၁၀၈ ကြိမ်အထိရှိလာပြီဖြစ်သည်။ ယင်းပမာဏမှာ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ မတ်လ ၂၈ ရက်မှ ဧပြီလ ၉ ရက် မနက်ပိုင်းအထိ ထုတ်ပြန်ထားသော အရေအတွက်ဖြစ်ပြီး နောက်ထပ်လည်း ထပ်တိုးလာနိုင်ချေရှိသေးသည်။ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ငလျင်အကြိမ်ရေ အများဆုံးလှုပ်ခတ်ခဲ့သည်မှာ မန္တလေးတိုင်းဖြစ်ပြီး ဒုတိယအများဆုံမှာ ပဲခူးတိုင်းဖြစ်သည်။ နေပြည်တော်မှာ တတိယအများဆုံးဖြစ်သည်။ နောက်ဆက်တွဲလှုပ်ခတ်သည့် ငလျင်အများစုမှာ အားအသင့်အတင့်မှာ အားအနယ်ငယ်ရှိ ငလျင်များသာဖြစ်ပြီး မြေအောက်အနက် ၁၀ မီတာဝန်းကျင်တွင် အများဆုံးလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဘန်ကောက် အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူများအတွက် နစ်နာကြေး ဘတ် ၂ သန်းအထိပေးမည်

Dawei Watch

April 7, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ငလျင်ဒဏ်ကြောင့် စာရင်းစစ်ချုပ်ရုံးပြိုကျမှုတွင် အသက်ဆုံးရှုံးခဲ့သော မြန်မာအပါအဝင် အလုပ်သမားများအတွက် နစ်နာကြေး ဘတ် ၂ သန်းအထိ ပေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နစ်နာကြေးများကို ထိုင်း၊ မြန်မာ၊ ရွှေ့ပြောင်းအလုပ်သမားဟု မခွဲခြားဘဲ တန်းတူပေးအပ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Boonsong Thapchaiyuth က ကူညီရေးစင်တာသို့ ရောက်ရှိလာသည့်အချိန် ပြောကြားခဲ့ခြင်းဖြစ်သည်။ အသက်ဆုံးရှုံးသွားခဲ့သူများ၏ မိသားစုဝင်များက နစ်နာကြေးကို လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားချိန်မှစ၍ ၁၅ ရက်အတွင်း စိစစ်ပြီး ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောဆိုချက်ကို ဖော်ပြထားသည်။ နစ်နာကြေးသည် ဘတ် ၁ သန်းမှ ၂ သန်းအထိ ရှိမည်ဖြစ်ပြီး ပြိုကျမှုကြောင့် သေဆုံးသွားသော ရွှေ့ပြောင်းအလုပ်သမားများအတွက်လည်း ထိုင်းနိုင်ငံသားနှင့် တန်းတူ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဖော်ပြသည်။ အလုပ်သမားများ၏ နစ်နာကြေးများအား […]

ဘန်ကောက်တွင် ထိုင်းမျိုးချစ်အဖွဲ့ နှောင့်ယှက်မှုကြောင့် မြန်မာအဖွဲ့၏ ဆန္ဒပြပွဲပျက်

Dawei Watch

April 5, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ UN ရုံးရှေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြရန် စီစဉ်ထားသော မြန်မာအလုပ်သမားအဖွဲ့အစည်းနှင့် ထိုင်းမျိုးချစ်အဖွဲများ ထိပ်တိုက်တွေ့ပြီးနောက် ဆန္ဒပြပွဲ ပျက်သွားကြောင်း မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံသားများထံမှ သိရသည်။ BIMSTEC အစည်းအဝေးတက်ရောက်လာသော စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ယနေ့ နေ့လယ် ၁၁ နာရီတွင် ဘန်ကောက်မြို့ UN ရုံးရှေ့တွင် ဆန္ဒပြရန် မြန်မာအလုပ်သမားအဖွဲ့အစည်းဖြစ်သော Bright Future အဖွဲ့က စီစဉ်ထားခြင်းဖြစ်သည်။ သို့သော်လည်း မြန်မာအလုပ်သမားများကို အမုန်းတရား လှုံ့ဆော်နေသည့် နှုတ်ခမ်းမွေးအဖွဲ့ဟု လူသိများသော ထိုင်းမျိုးချစ်အဖွဲ့များက ဆန္ဒပြသောနေရာသို့ ကြိုတင်ရောက်နှင့်နေခဲ့ကြောင်း ထိုင်းနိုင်ငံသားများထံမှ သိရသည်။ ဆန္ဒပြသော နေရာအနီးသို့ Bright Future အဖွဲ့ မြန်မာအလုပ်သမားများ ရောက်ရှိလာစဉ် ထိုင်းမျိုးချစ်အဖွဲ့များ က နှောင်ယှက်ရာက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း […]

မြန်မာ ငလျင်ဒဏ်သင့် ဒေသများတွင် နိုင်ငံ ၁၃နိုင်ငံနှင့် AHA Center တို့ ဆေးကုသ

Dawei Watch

April 4, 2025

မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်သည့်ဒေသများတွင် ပြည်ပနိုင်ငံ ၁၃နိုင်ငံ ဆေးအဖွဲ့များမှင့် အာဆီယံ AHA Center တို့က ဆေးဝါးကုသပေးနေကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ နေပြည်တော်တွင် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူများကို တရုတ်၊ ရုရှား၊ ဂျပန်၊ ထိုင်း၊ ဘူတန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဆေးအဖွဲ့ဝင်များ ဆေးကုသပေးနေကြောင်း ဖော်ပြသည်။ မန္တလေးတွင် အိန္ဒိယ၊ လာအို၊ နီပေါနှင့် စင်္ကာပူနိုင်ငံတို့က ဆေးကုသနေပြီး စစ်ကိုင်းတွင် ရုရှား၊ မလေးရှားနှင့် အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေးစင်တာ AHA Center တို့က ဆေးကုသပေးနေကြောင်း ထုတ်ပြန်ထားသည်။

မြန်မာ့ငလျင်ဘေး ပြည်ပနိုင်ငံတွေ ဘယ်လိုကူညီနေကြသလဲ

Dawei Watch

April 3, 2025

ရစ်(ခ်)တာစကေး ၇ဒသမ၇အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ ထိခိုက်သေကြေပျက်စီးမှုတွေ အလွန်များပြားခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃ရက်မှာ စစ်ကောင်စီထုတ်ပြန်တဲ့စာရင်းအရ သေဆုံးသူ သုံးထောင်ကျော်အထိ ရှိလာပြီဖြစ်ပါတယ်။ ပြိုကျနေတဲ့ အဆောက်အအုံ တွေထဲမှာ ပိတ်မိနေသူများစွာရှိနေပါတယ်။ ပျက်စီးဆုံးရှုံးမှု အလွန်များတဲ့ မြန်မာ့ငလျင်ဘေးကို နိုင်ငံကာတကာ အကူအညီတွေ ဆက်တိုက် ပေးနေကြပါတယ်။ နိုင်ငံတကာရဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ၊ ရှာဖွေကယ်ဆယ်ရေး အကူအညီတွေ၊ ဆေးရုံဖွင့်လှစ်ကုသမှုတွေနဲ့ပတ်သက်လို့ Dawei Watch က လက်လှမ်းမီသလောက် စုစည်းထားတာတွေကို ဖော်ပြအပ်ပါတယ်။

ငလျင်ကြောင့် အပစ်ရပ်ကြတာ ဘာတွေကွဲပြားလဲ

Dawei Watch

April 3, 2025

အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ သေကြေပျက်စီးမှု အလွန်များပြားပြီး လူအများအပြား ဟာလည်း ပြိုကျနေတဲ့ အဆောက်အအုံတွေထဲ ပိတ်မိနေကြဆဲဖြစ်ပါတယ်။ ဧပြီလ ၃ရက် နံနက်အထိ စစ်ကောင်စီ ထုတ်ပြန်တဲ့ စာရင်းအရ သေဆုံးသူ ၃၀၀၀ ကျော်၊ ဒဏ်ရာရသူ ၄၆၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၄၀၀ ကျော် ရှိနေပါတယ်။ ဒီလို ငလျင်ဒဏ်ခံနေရချိန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတာကြောင့် နိုင်ငံတကာ ဝေဖန် ပြစ်တင်မှုတွေ ရှိခဲ့ပြီး အခုလို သေရေးရှင်ရေးကာလမှာ အပစ်ရပ်ကြဖို့လည်း တိုက်တွန်းကြပါတယ်။ အခုရက်ပိုင်း အတွင်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်ကောင်စီအပါအဝင် လက်နက်တပ်ဖွဲ့တွေက အပစ်ရပ်ကြောင်း ကြေညာကြပါတယ်။ အပစ်ရပ်ကာလ၊ အပစ်ရပ်တာမှာ ပါဝင်တဲ့ ထူးခြားတဲ့အချက်တွေကို ကောက်နုတ်တင်ဆက်ထားပါတယ်။

ငလျင်ဒဏ်သင့်သူများ၏ မိသားစုဝင်များကို ထိုင်းဝန်ကြီးချုပ် တွေ့ဆုံအားပေး

Dawei Watch

April 2, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ငလျင်ဒဏ်ကြောင့် အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံးနေသူများကို စောင့်ဆိုင်းနေသည့် မိသားစုဝင်များအား ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်က ယနေ့တွင် ထပ်မံလာရောက်အားပေးခဲ့ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၂ ရက်နေ့ အဆောက်အအုံပြိုကျသော နေရာသို့ ထပ်မံရောက်လာချိန်တွင် မိသားစုဝင်များကို ကိုယ်တိုင်သွားရောက် အားပေးခဲ့ခြင်းဖြစ်သည်။ အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေသော အလုပ်သမား ၈၃ ဦး ရှိနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က နှစ်သိမ့်အားပေးခဲ့သည်။ မိသားစုဝင်များအား နေမကောင်းမဖြစ်စေပဲ အချိန်မှန်စားရန်၊ ကျန်းမာရေးဂရုစိုက်ရန် အားပေးခဲ့ပြီး တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆိုသည်။ အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၁၅ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၉ ဦးရှိကြောင်း နောက်ဆုံးအခြေအနေကို ထုတ်ပြန်ထားသည်။