ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ဘန်ကောက်က လောင်းကစားဝိုင်းတွင် မြန်မာအပါအဝင် ၂၀ဦး ဖမ်းဆီးခံရ

Dawei Watch

July 16, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အိမ်တစ်ဆောင်တွင် လောင်းကစားဝိုင်းကို ရဲတပ်ဖွဲ့များ ဝင်ရောက်စီးနင်းဖမ်းဆီးစဉ် မြန်မာ ခုနစ်ဦး အပါအဝင် ၂၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇူလိုင်လ ၁၅ရက် ည ၇နာရီက ဘန်ကောက်မြို့၊ ဘန်ခေးနယ်မြေတွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် လောင်းကစားဝိုင်း အကြီးအကျယ် ပြုလုပ်နေသည့်သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား ခုနစ်ဦး၊ တရုတ်နိုင်ငံသားသုံးဦးနှင့် ထိုင်းနိုင်ငံသား ၁၀ဦး ပါဝင်ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသည့် မြန်မာများမှာ ကစားဝိုင်းတွင် ပါဝင်ကစားသူများ သို့မဟုတ် ယင်းနေရာတွင် အလုပ်လုပ်ကိုင်နေသူများ ဟုတ် မဟုတ် စသည်တို့ကို သေသေချာချာ မသိရသေးပေ။ ၎င်းတို့နှင့်အတူ သက်သေပစ္စည်းအမျိုးအစားပေါင်း ၃၂ မျိုးကိုလည်း သိမ်းဆည်းရမိကြောင်း သတင်းများတွင် […]

ထိုင်းသို့ တရားမဝင် လာသော မြန်မာ ၁၀ကျော်နှင့် မြန်မာကားသမား ဖမ်းဆီးခံရ

Dawei Watch

July 14, 2025

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် အဝေးပြေးလမ်းမကြီးပေါ်တွင် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၁ ဦးနှင့် ကူညီပို့ဆောင်ပေးသော မြန်မာကားသမားတို့ ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းက အယုဒ္ဓယခရိုင်၊ ဝမ်းနွိုင်ဒေသရှိ အဝေးပြေးလမ်းမပေါ်တွင် ရဲတပ်ဖွဲ့များက ဂိတ်ချ စစ်ဆေးနေစဉ် ကားတစ်စီးသည် လမ်းကြောင်းပြောင်း၍ အရှိန်မြှင့် မောင်းသွားသဖြင့် ရဲတပ်ဖွဲ့က နောက်ကလိုက်၍ ရပ်တန့်စေခဲ့ကြောင်း ဖော်ပြသည်။ ကားကို အသက် ၃၇ နှစ်အရွယ် ကိုဇင်လင်းအောင်က မောင်းနှင်လာခဲ့ပြီး ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ရှစ်ဦး၊ အမျိုးသမီး သုံးဦး လိုက်ပါလာသည်ကို တွေ့ရှိရကြောင်း ဆိုသည်။ မြန်မာနိုင်ငံသား ၁၁ ဦးတွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် နေထိုင်ခွင့် အထောက်အထား […]

နေရပ်ပြန်သော မြန်မာများလိုက်ပါသည့်ကား သစ်ပင်ဝင်တိုက်ပြီး ကိုးဦးဒဏ်ရာရ

Dawei Watch

July 14, 2025

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်မည့် မြန်မာနိုင်ငံသားများ လိုက်ပါလာသည့်ကားသည် ကန်ဖမ်းဖက်ခရိုင်တွင် သစ်ပင်ဝင်တိုက်မိသဖြင့် ကိုးဦးဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသားများ လိုက်ပါလာသော ဗန်ကားသည် ဇူလိုင်လ ၁၃ရက် နံနက် ၇နာရီက ကန်ဖမ်းဖက်ခရိုင် ခလောင်ခလွန်ဒေသအရောက်တွင် ကားမောင်းသူ အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း ဆိုသည်။ ကားတိုက်မှုဖြစ်ချိန်တွင် အများစုမှာ ကားထဲတွင် ပိတ်မိနေကြသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဖြတ်စက်များသုံး၍ ကယ်ထုတ်ခဲ့ရကြောင်း ဖော်ပြသည်။ ကားတွင် မြန်မာနိုင်ငံပြန်မည့် အလုပ်သမား ၁၀ ကျော် လိုက်ပါလားပြီး ကိုးဦး ဒဏ်ရာရကာ ၎င်းတို့အနက် တစ်ဦးသည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကားပေါ်တွင် နှစ်လအရွယ်ကလေးငယ်နှင့် မိခင်တို့လည်း လိုက်ပါခဲ့ကြပြီး ၎င်းနှစ်ဦးစလုံးမှာ ဘေးကင်းကြောင်း ဆိုသည်။ ထိခိုက်ဒဏ်ရာရရှိသူများကို […]

လုံလောက်သော ဆေးကုသခွင့် မရသဖြင့် မြန်မာတစ်ဦးသေဆုံးမှု မြန်မာတစ်ရာခန့် စက်ရုံတွင်ဆန္ဒပြ

Dawei Watch

July 12, 2025

ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင်ရှိ စက်ရုံတွင် လုံလောက်သော ဆေးကုသခွင့် မရသဖြင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ မြန်မာအလုပ်သမား တစ်ရာခန့်က စက်ရုံတွင် ဆန္ဒပြကြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ WAG နှင့် ထိုင်းသတင်းဌာနများထံမှ သိရသည်။ ကဘင်ဘူရီဒေသတွင် တစ်ခါသုံးခွက်၊ ထမင်းဘူးများ ထုတ်သောစက်ရုံရှိ မြန်မာအလုပ်သမား ကိုနန်းကိုဦးသည် ဇူလိုင်လ ၁၀ ရက်ညက လုပ်ငန်းခွင်ထဲရှိ စက်မတော်တဆမှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ ယင်းနေ့က စက်ရုံထဲရှိ ပုံစံတူခွက်များထုတ်လုပ်သော စက်ချို့ယွင်းနေသဖြင့် ကိုနန်းကိုဦးက သွားရောက် စစ်ဆေးခဲ့ကြောင်း WAG အဖွဲ့ထံမှ သိရသည်။ စက်ပိတ်ထားသည်ဟု မှတ်ယူပြီး စစ်ကို စစ်ဆေးနေချိန် စက်အလိုအလျောက် အလုပ်လုပ်လာသဖြင့် ကိုနန်းကိုဦးကို ဖိမိကာ ဒဏ်ရာအပြင်းအထန် ရရှိကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ လုပ်ငန်းခွင်ထဲ အပြင်းအထန်ဒဏ်ရာရရှိခဲ့သော်လည်း […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ

Dawei Watch

July 10, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၀ ဦးနှင့် မြန်မာကားသမားတစ်ဦး ဖမ်းဆီးခံရကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဌာန (CIB) က ထုတ်ပြန်သည်။ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့က ကန်ချနဘူရီခရိုင် စိုင်ယွတ်-ကန်ချနဘူရီ အမှတ် ၃၂၃ အဝေးပြေးလမ်းမပေါ်တွင် မသင်္ကာစရာ ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့သဖြင့် CIB ရဲတပ်ဖွဲ့က ရပ်ရန်အချက်ပြခဲ့သော်လည်း ကားကမရပ်ပေးဘဲ မောင်းပြေးခဲ့သည်။ ရဲတပ်ဖွဲ့က နောက်ကလိုက်လံဖမ်းဆီးရာ ကန်ချနဘူရီမြို့ထဲရှိ လမ်းအဆုံးတစ်နေရာတွင် ကားနှင့်အတူ မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ကားကို ကိုနိုင်ဦးဆိုသူက မောင်းလာခြင်းဖြစ်ပြီး ကားပေါ်တွင် မြန်မာနိုင်ငံသား ၁၀ ဦး လိုက်ပါလာဟုဆိုသည်။ ကိုနိုင်ဦးနှင့် ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်ချက်တွင် အသေးစိတ် မဖော်ပြထားသဖြင့် မသိရသေးပေ။ မြန်မာနိုင်ငံသားများတွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် […]

ကော့စမွေက ဝါဆိုလပြည့်နေ့ စတုဒီသာအလှူ

Dawei Watch

July 9, 2025

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရီးသွားကျွန်းဖြစ်သော ကော့စမွေကျွန်းမှ ဓမ္မဒီပအန်ကောကျောင်းတွင် ဝါဆိုလပြည့်နေ့ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် မြန်မာနိုင်ငံသားများ၏ စတုဒီသာအလှူပွဲကို ယနေ့ ဇူလိုင် ၉ ရက် ညနေ ၅ နာရီမှစတင်၍ ကျင်းပနေသည်။ ဘုန်းကြီးကျောင်းသို့ လာရောက်သော မြန်မာနိုင်ငံသားများအတွက် ဝါဆိုပန်းနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်နိုင်ရန် စီစဉ်ထားသည်ကို‌ တွေ့ရသည်။ လာရောက်သူများကိုလည်း စတုဒီသာမုန့်ဆိုင်ပေါင်း ၃၀ ကျော်ဖြင့် ကျွေးမွေးဧည့်ခံနေပြီး မုန့်ဈေးတန်းတွင် ကြာဆံချက်၊ ရေခဲမုန့်၊ ဒူးရင်းသီးမုန့်၊ အသီး၊ ကြက်ကြော်၊ ချဉ်ပေါင်း၊ ဖာလူဒါ၊ နွားနို့မလိုင်၊ အအေးများနှင့် မုန့်အချိုများစွာ ပါဝင်သည်။ ကော့စမွေကျွန်းသည် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများစွာ ရှိနေသဖြင့် မြန်မာအလုပ်သမားများစွာ လာရောက်လုပ်ကိုင်လျက်ရှိသော ကျွန်းဖြစ်သည်။

စားသောက်ဆိုင်ရှင် ထိုင်းရဲတပ်ကြပ်ကြီးက မြန်မာအမျိုးသမီးလုပ်သားကို အဓမ္မပြုကျင့်

Dawei Watch

July 8, 2025

ထိုင်းနိုင်ငံ၊ နခွန်နယွတ်ခရိုင်တွင် စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သော ထိုင်းရဲတပ်ကြပ်ကြီးတစ်ဦးက မြန်မာအမျိုးသမီး အလုပ်သမားကို အတင်းအဓမ္မပြုကျင့်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နခွန်နယွတ်ခရိုင်၊ ပါ့ဖလီဒေသရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်ဝင်ပြီး ငါးရက်မြောက်ဖြစ်သည့် ဇူလိုင်လ ၇ရက်တွင် မြန်မာအမျိုးသမီး အလုပ်သမား တစ်ဦးတည်းရှိနေချိန် အလုပ်ရှင်က အိပ်ခန်းထဲသို့ ခေါ်ဆောင်ပြီး အဓမ္မပြုကျင်ခဲ့ကြောင်း ဖော်ပြသည်။ ယင်းနောက် အဓမ္မပြုကျင့်ခံရသူအပါအဝင် ဆိုင်တွင် အလုပ်လုပ်ကိုင်သော မြန်မာအမျိုးသမီးသုံးဦးသည် ဇူလိုင်လ ၇ရက် မွန်းလွဲ ၁နာရီခန့်တွင် အလုပ်ရှင် မရှိချိန် ဆိုင်ထဲမှ ထွက်ပြေးလာပြီး လမ်းပေါ်သွားလာနေသော ကားများကို တားဆီး၍ အကူအညီတောင်းခံခဲ့ကြောင်း ဆိုသည်။ မြန်မာအမျိုးသမီးများက လက်ပြတားဆီးသော်လည်း ကားမရပ်ပေးကြသဖြင့် လမ်းလယ်သို့ ထွက်ပြေး၍ တားဆီးခဲ့စဉ် ကားများ ရုတ်တရက် ဘရိတ်နင်း၍ ရပ်တန့်ခဲ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ ကားသမားများက […]

ဖူးခက်တွင် မြန်မာမိသားစုဝင် ၇ ဦးက ဆိုင်ကယ်တစ်စီးတည်း စီးသည့် ဗီဒီယိုဖိုင် ဝေဖန်မှုမြင့်တက်

Dawei Watch

July 8, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ရှိ လမ်းမပေါ်တွင် ဆိုင်ကယ်တစ်စီးကို မြန်မာမိသားစုဝင် ၇ ဦးက လိုက်ပါစီးနင်းနေသည့် ဗီဒီယိုဖိုင်ကို ထိုင်းနိုင်ငံသားများကြား ဝေဖန်မှု မြင့်တက်နေကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ဇူလိုင်လ ၆ ရက်နေ့က ဖူးခက်မြို့ထဲရှိ လမ်းဆုံတစ်ခု၏ မြေအောက်ဖြတ်လမ်းတွင် မြန်မာမိသားစုဝင် ၇ ဦးက ဆိုင်ကယ်တစ်စီးကို စီးနင်းလိုက်ပါနေသည့် ဗီဒီယိုဖိုင်တစ်ခု ဆိုရှယ်မီဒီယာပေါ်တွင် ပြန့်နှံ့လာခြင်းဖြစ်သည်။ ဗီဒီယိုဖိုင်ထဲတွင် မြန်မာအမျိုးသားက ဆိုင်ကယ်ကို မောင်းနေပြီး အမျိုးသမီးဖြစ်သူက ဆိုင်ကယ်နောက်တွင် လိုက်ပါနေသည်ကို တွေ့ရသည်။ အမျိုးသမီးလက်နှစ်ဖက်တွင် ကလေးနှစ်ဦးကို ချီထားပြီး ၎င်းတို့နှစ်ဦး၏ အလယ်တွင် နောက်ထပ်ကလေးတစ်ဦးက ညှပ်၍ လိုက်ပါနေသည်ကို ဗီဒီယိုဖိုင်ထဲ တွေ့ရသည်။ နောက်ထပ် ကလေးနှစ်ဦးက ဆိုင်ကယ်မောင်းနေသော အမျိုးသား၏ အရှေ့တွင် ထိုင်လျက်လိုက်ပါနေသည်ကို တွေ့ရသည်။ ယင်းပုံစံဖြင့် မြန်မာမိသားစု […]