ကန်ချနဘူရီတွင် ကားငါးစီးဆင့်တိုက်မှု မြန်မာသုံးဦးသေဆုံး
Dawei Watch
July 23, 2025ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ပစ်ကပ်ကား၊ ကုန်တင်ကား အပါအဝင် ကား ၅ စီးဆင့်တိုက်မှုကြောင့် မြန်မာနိုင်ငံသား သုံးဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇူလိုင်လ ၂၃ရက် နံနက် ၁၀ နာရီခန့်က ကန်ချနဘူရီခရိုင် စန်ခရာဘူရီအဝင် တောင်ဆင်းလမ်း တစ်နေရာ တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ တင်ဆောင်လာသော ဆယ်ဘီးတပ်ကုန်တင်ကား ဘရိတ်ပေါက်ပြီး မြန်မာအလုပ်သမားများ လိုက်ပါလာသော ပစ်ကပ်ကားနှင့် အခြားကားများကို ဝင်တိုက်ခဲ့ကြောင်း ဖော်ပြသည်။ ကားတိုက်မှုကြောင့် မြန်မာနိုင်ငံသားအချို့ ကားပေါ်မှ လွင့်စင်ခဲ့ပြီး အချို့မှာ ကားထဲ ပိတ်မိနေခဲ့ကြောင်း ဖော်ပြသည်။ ကားထဲ ပိတ်မိနေသူများကို ကယ်ဆယ်ရေးအဖွဲ့များက ဖြတ်စက်များ သုံး၍ တစ်နာရီခန့်ကြာအောင် ကယ်ထုတ်ခဲ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ ကားတိုက်မှုကြောင့် ပစ်ကပ်ကားထဲ […]


