မဟာချိုင်တွင် ထားဝယ်ကလေးနှစ်ဦးပျောက်နေပြီး တွေ့ရှိပါက အကြောင်းကြားပေးရန် မိသားစုက မေတ္တာရပ်ခံ
Dawei Watch
July 31, 2025ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် ထားဝယ်ဒေသခံ ကလေးနှစ်ဦး ပျောက်ဆုံးနေပြီး တွေ့ရှိပါက အကြောင်းကြားပေးကြပါရန် မိခင်ဖြစ်သူက ပြောသည်။ ပျောက်ဆုံးနေသော ကလေးနှစ်ဦးမှာ အသက် ၁၃ နှစ်အရွယ် မပန်းအိနှင့် အသက် ၈ နှစ်အရွယ် မဖြိုးဖြိုးတို့ဖြစ်ပြီး ဇူလိုင်လ ၃၀ ရက် နေ့လယ်ပိုင်းတွင် နေထိုင်ရာအခန်းမှ ပျောက်ဆုံးသွားကြောင်း မိခင်ဖြစ်သူက ဆိုသည်။ မပန်းအိတွင် အနက်ရောင် စပို့ရှပ်အင်္ကျီနှင့် ဘောင်းဘီအဖြူအစင်းကြားကို ဝတ်ဆင်ထားပြီး မဖြိုးဖြိုးတွင် ပန်းရောင်အင်္ကျီနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားကြောင်း ၎င်းက ပြောဆိုသည်။ ၎င်းတို့နှစ်ဦးသည် မိခင်ဖြစ်သူ ဒေါ်ခင်အေးနှင့်အတူ မဟာချိုင်ဒေသ အီချီရာ ဖတ်ထနာစက်ရုံအနီး အခန်းတွင် အတူနေထိုင် နေသည်မှာ ခြောက်လခန့်ရှိပြီဖြစ်ကြောင်း မိသားစုထံမှ သိရသည်။ မိခင်ဖြစ်သူက အလုပ်သွားနေချိန်တွင် ၎င်းတို့နှစ်ဦးသည် အခန်းထဲတွင် […]


