ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းတွင် လုပ်ငန်းခွင်ထဲ လက်ချောင်းများဆုံးရှုံးသော မြန်မာလုပ်သား တစ်နှစ်နီးပါးတရားရင်ဆိုင်ပြီးနောက် နစ်နာကြေး ဘတ်ငါးသိန်းရ

Dawei Watch

August 13, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ သစ်သားစက်ရုံတွင် အလုပ်လုပ်နေစဉ် မတော်တဆမှုဖြစ်ပြီး လက်ချောင်းများ ပြတ်သွားသော မြန်မာအလုပ်သမားတစ်ဦးသည် နစ်နာကြေး ဘတ် ငါးသိန်း ရရှိကြောင်း မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ထံမှ သိရသည်။ ကိုမြတ်သူအောင်သည် ပြီးခဲ့သောနှစ် ဇူလိုင်လခန့်က ဘော်ထော်ဒေသရှိ သစ်သားစက်ရုံတွင် သစ်ခွဲနေစဉ် စက်ချို့ယွင်းမှု ကြောင့် သစ်ကိုင်ထားသော ဘယ်ဘက်လက်ကို ထိခိုက်မိပြီး လက်ချောင်း ငါးချောင်းစလုံး ဆုံးရှုံးခဲ့ကြောင်း WAG အဖွဲ့ထံမှ သိရသည်။ လုပ်ငန်းခွင်ထဲ မတော်တဆမှုကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသော်လည်း အလုပ်ရှင်ဖြစ်သူက ကိုမြတ်သူအောင်၏ ဥပဒေအရ ရသင့်သော နစ်နာကြေးများကို တာဝန်ယူပေးခဲ့ခြင်းမရှိကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် နစ်နာကြေးများ ရရှိရန် WAG အဖွဲ့ထံ အကူအညီတောင်းခံလာသဖြင့် ကိုမြတ်သူအောင်နှင့်အတူ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ချွန်ဘူရီခရိုင် […]

ထိုင်းတောင်ပိုင်းတွင် မူးယစ်ဆေးသုံးသည်ဆိုပြီး မြန်မာခြောက်ဦးဖမ်းဆီးခံရ

Dawei Watch

August 13, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့ဖငန်းကျွန်းတွင် မူးယစ်ဆေးဝါးများသုံးစွဲနေသည်ဟုဆိုကာ မြန်မာနိုင်ငံသား ခြောက်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် အုပ်စုဖွဲ့၍ မူးယစ်ဆေးဝါးသုံးစွဲနေသော ဗီဒီယိုဖိုင်များကို ၎င်းတို့ကိုယ်တိုင် အွန်လိုင်းပေါ်တင်ထား သည်ကို ကော့ဖငန်းရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့သဖြင့် ဩဂုတ်လ ၁၁ရက် ညပိုင်းတွင် မြန်မာနိုင်ငံသားများ၏ အခန်းများထဲသို့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ ဗီဒီယိုဖိုင်ထဲတွင် ပါဝင်နေသော မြန်မာနိုင်ငံသားများကို ကော့ဖငန်းရဲတပ်ဖွဲ့က ကနဦး စုံစမ်းဖမ်းဆီးစဉ် မောင်ကိုကိုနှင့်‌ မောင်အာကာအမည်ရှိ မြန်မာနိုင်ငံသားနှစ်ဦးကို မောင်ကိုကို၏ အခန်းထဲတွင် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ၎င်းတို့နှင့်အတူ မူးယစ်ဆေး ငါးလုံးကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။ မူးယစ်ဆေးဝါး သုံးစွဲနေသော ဗီဒီယိုဖိုင်နှင့် ပတ်သက်၍ မောင်ကိုကိုအား ရဲတပ်ဖွဲ့က မေးမြန်းစဉ် ဗီဒီယိုဖိုင်ထဲ သုံးစွဲနေသူမှာ ၎င်းကိုယ်တိုင်ဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို […]

ထိုင်းတွင် စတီးစက်ရုံ သတ္တုအရည်ကျို မီးဖိုပေါက်ကွဲမှုကြောင့် မြန်မာတစ်ဦးသေဆုံး

Dawei Watch

August 12, 2025

ထိုင်းနိုင်ငံ၊ ပရာကျင်ဘူရီခရိုင်ရှိ စတီးစက်ရုံတွင် သတ္တုအရည်ကျိုသည့် မီးဖိုပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဩဂုတ်လ ၁၂ ရက် နံနက် ၃ နာရီခန့်တွင် စီမဟာဖွတ်ဒေသရှိ စတီးစက်ရုံ၏ ဒုတိယအထပ်တွင် မီးဖိုပေါက်ကွဲခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ မီးဖိုဘေး၌ သတ္တုအရည်များ ထိစင်လောင်ကျွမ်းကာ မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး မြန်မာအလုပ်သမား အခြားတစ်ဦးတွင် လက်များလောင်ကျွမ်းပြီး ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း သတင်းများတွင် ဖော်ပြသည်။ ဒဏ်ရာရရှိထားသည့် အလုပ်သမားများကို ကယ်ဆယ်ရေးအဖွဲ့များက ကယ်စမရတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံး သွားသော မြန်မာအလုပ်သမား၏ အလောင်းကို စစ်ဆေးနိုင်ရန်အတွက် စီမဟာဖွတ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။ လက်ရှိတွင် သတ္တုအရည်ကျိုသည့် မီးဖိုပေါက်ကွဲရသည့် အကြောင်းအရင်းကိုမူ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းတွင် […]

ထိုင်းတွင် စက်ရုံထဲ မြန်မာအိမ်ထောင်သည်အမျိုးသမီးတစ်ဦး ခြိမ်းခြောက်အဓမ္မပြုကျင့်ခံရ

Dawei Watch

August 12, 2025

ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်ရှိ စက်ရုံတစ်ခုတွင် မြန်မာအိမ်ထောင်သည်အမျိုးသမီးတစ်ဦးကို ထိုင်းနိုင်ငံသားတစ်ဦးက ဓါးကိုင် ခြိမ်းခြောက်၍ အတင်းအဓမ္မပြုကျင့်ကြောင်း အမှုကို ကူညီဆောင်ရွက်ပေးနေသော MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအမျိုးသမီးသည် လုပ်အားခထုတ်ယူရန် စက်ရုံရှိ အလုပ်သမားတန်းလျားတွင် တစ်ဦးတည်းရှိနေစဉ် ယင်းစက်ရုံတွင် လုပ်ကိုင်နေသော ထိုင်းနိုင်ငံသား ကားမောင်းသူက အခန်းထဲ ဝင်လာပြီး အဓမ္မပြုကျင့်ကြောင်း MHAC ထံမှ သိရသည်။ ဩဂုတ်လ ၂ ရက်က မြန်မာဇနီးမောင်နှံနှစ်ဦးသည် စက်ရုံတွင် လုပ်အားခထုတ်ယူရန်လာစဉ် ရုံးပိတ်ရက်နှင့် တိုက်ဆိုင် နေသဖြင့် ရုံးဖွင့်ရက်အထိ အလုပ်သမားတန်းလျားတွင် ယာယီစောင့်ဆိုင်းပြီး နေထိုင်နေကြကြောင်း ဆိုသည်။ ဩဂုတ်လ ၅ ရက် နံနက် ၄ နာရီခန့်တွင် ထိုင်းနိုင်ငံသား ကားမောင်းသူသည် ပစ္စည်းသယ်ရန်ဟုဆိုကာ အမျိုးသမီး၏ အမျိုးသားကို ကားဖြင့်အပြင်သို့ ခေါ်ထုတ်သွားကြောင်း […]

ထိုင်းတောထဲတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာ ၅၀ကျော်ဖမ်းဆီးခံရ

Dawei Watch

August 12, 2025

ထိုင်းနိုင်ငံ ဥထိုင်းဌာနီခရိုင်ရှိ တောထဲတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၅၅ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ထပ်ထန်းဒေသထဲရှိ တောထဲတွင် မသင်္ကာဖွယ်ရာ ကားသုံးစီး ရပ်တန့်ထားသည်ကို တွေ့ရသဖြင့် နယ်မြေခံအာဏာပိုင်များနှင့်အတူ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ ကားသုံးစီးနှင့်အတူ အနီးတွင် ပုန်းနေသော မြန်မာနိုင်ငံသား အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၅၅ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။ အားလုံးတွင် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ပြီး ထပ်ထန်းရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကာ ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဖမ်းဆီးရမိသောနေရာသည် ကန်ချနဘူရီခရိုင်အနီးတွင်ရှိနေပြီး မြန်မာနိုင်ငံသားများ […]

ထိုင်းရောက်မြန်မာတွေ သိထားရမယ့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း

Dawei Watch

August 11, 2025

ထိုင်းရောက် မြန်မာနိုင်ငံသားတွေ မဖြစ်မနေ သိရှိဖို့လိုတာတစ်ခုက ထိုင်းရဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနဲ့ လမ်းပေါ်က ဓလေ့တွေအကြောင်းပါ။ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာတွေ ပွတ်တိုက်မှုနည်းနည်းနဲ့ အတူယှဉ်တွဲ နေထိုင်ဖို့ဆိုရင် ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနဲ့ ဓလေ့တွေကို သိရှိလိုက်နာဖို့ သိထားသင့်တာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

သွေးလှူရှင်နည်းလာတဲ့ တနင်္သာရီ

Dawei Watch

August 11, 2025

စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော် ကြာလာချိန်မှာတော့ ကျန်းမာရေးကဏ္ဍအတွက် အကြီးမားဆုံး အခက်အခဲတစ်ခု ပေါ်ပေါက်လာပါတယ်။ ဒါကတော့ သွေးလှူရှင်ရှားပါးလာတာပါ။ သွေးလှူရှင်တွေရှားပါးလာရတဲ့ကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ချွန်ဘူရီတွင် မြန်မာကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

August 11, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် မြန်မာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၉ ရက် နံနက် ၉ နာရီခန့်က စီရာချာဒေသ သုံးထပ်ဆောင်ရှိ ငှားထားသော အခန်းထဲတွင် အသက် ၂၄ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး သေဆုံးခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါ အမျိုးသမီး သေဆုံးနေသည်ကို တွေ့ရသဖြင့် ထိတ်လန့်ပြီး အမျိုးသားဖြစ်သူသည် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာအမျိုးသမီး သေဆုံးချိန်တွင် ကိုယ်ဝန် လေးလ ရှိနေကြောင်း ဆိုသည်။ ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးသည် ယခင်က နှစ်ဦးစလုံး အလုပ်လုပ်နေသော်လည်း ကိုယ်ဝန်လွယ်ထားချိန်တွင် ဇနီးဖြစ်သူ အလုပ်မလုပ်နိုင်တော့ကြောင်း အမျိုးသားက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။ နောက်ပိုင်းတွင် ခင်ပွန်းသည် တစ်ဦးတည်း အလုပ်လုပ်ကိုင်နေရသဖြင့် စားဝတ်နေရေး […]