မလေးရှားတွင် တရားမဝင် မြန်မာလုပ်သားများလိုက်ပါသောကား ကားတိုက်မှုဖြစ်၊ တစ်ဦးဒဏ်ရာရ
diz_admin
August 25, 2022မလေးရှားနိုင်ငံ Terengganu ပြည်နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများကို တင်ဆောင် လာသောကားမှာ ကားသုံးစီးဆင့်တိုက်ပြီး မြန်မာအလုပ်သမားတစ်ဦးဒဏ်ရာရကြောင်း မလေးရှားသတင်း ဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းက တလ်လမ်ဂနူပြည်နယ် ဘယ်စုတ် (Besut) ခရိုင် Kampung Tok Dor အနီးရှိ လမ်ပေါ်တွင် ကားသုံးစီးဆင့်တိုက်မှုဖြစ်ပွားကြောင်း ဖော်ပြထားသည်။ မြန်မာအလုပ်သမားများလိုက်ပါလာသော ကားက ယာဉ်မောင်းအိပ်ငိုက်သည်ဟု ယူဆရကာ အရှေ့က ကားကို ဝင်တိုက်မိပြီး အတိုက်ခံရသောကားမှာ မျက်နှာချင်းဆိုင်မှ လာနေသော ကားကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါကားပေါ်တွင် တရားမဝင် မြန်မာအလုပ်သမား ၁၀ ဦး လိုက်ပါလာခဲ့ပြီး ကားတိုက်မှုကြောင့် မြန်မာလုပ်သမား တစ်ဦးနှင့် မလေးရှားနိုင်ငံသား ကားမောင်းသမားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ကျန်မြန်မာအလုပ်သမား ကိုးဦးမှာ […]